ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့် ပတ်သက်သော ညွှန်ကြားချက်




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားညီညွတ်ရေးအစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

[email protected]

ရက်စွဲ   ၊  ၂၀၂၁ ခုနှစ်  ၊ စက်တင်ဘာလ ၇ ရက် 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အထူးတပ်ဖွဲ့များနှင့်

ပတ်သက်သော ညွှန်ကြားချက်

ညွှန်ကြားချက်အမှတ် ၃ / ၂၀၂၁

ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံးသည် စစ်မြေပြင်တွင် အောက်ပါစည်းမျဉ်း စည်းကမ်းများ ကို တိကျစွာလိုက်နာရမည်။

 ( ၁ ) အထက်အမိန့်ကိုနာခံပါ။

 ( ၂ ) မိမိတပ်ဖွဲ့အပေါ် သစ္စာရှိပါ။

 ( ၃ ) မိမိလက်နက်ကို မိမိအသက်ကဲ့သို့ တန်ဖိုးထားပါ။

 ( ၄ ) အရေးပေါ် လိုအပ်ချက်အရ  အရပ်သားပြည်သူပိုင် ပစ္စည်းများကို  အသုံးပြုရပါက တန်ရာ 

တန်ဖိုး ပေးပါ။

 ( ၅ ) သုံ့ပန်းများကို ညှဉ်းပန်းခြင်း၊ သတ်ဖြတ်ခြင်း မပြုရ၊ သင့်လျော်သောနေရာတွင် ထိန်းသိမ်း 

ထားရမည်။

( ၆ ) မိမိရဲမေများအပေါ်တွင် ဖြစ်စေ၊ အရပ်သူအမျိုးသမီးများအပေါ်တွင် ဖြစ်စေ လိင်ပိုင်းဆိုင်ရာ 

ထိပါးနှောက်ယှက်ခြင်း မပြုရ။

 ( ၇ ) ရန်သူ့ထံမှ  သိမ်းဆည်းရမိသည့်  ငွေ၊ လက်နက်၊ ပစ္စည်းများကို  ဆိုင်ရာတပ်မှူးထံ စာရင်း 

နှင့်တကွ အပ်နှံရမည်။

 ပြည်သူ့တော်လှန်ရေးစစ်သည်အားလုံး ဤစည်းမျဉ်း စည်းကမ်းများကို အစဉ်လိုက်နာစေရေး အတွက် ဆိုင်ရာတပ်မှူးများက နှိုးဆော်ကြပ်မတ်ရမည်။ 

ပြည်သူ့တော်လှန်ရေး အောင်ရမည်။

             ( ပုံ )

           ရည်မွန်

    ပြည်ထောင်စုဝန်ကြီး

  ကာကွယ်ရေးဝန်ကြီးဌာန

         အမျိုးသားညီညွတ်ရေးအစိုးရ



National Unity Government of Myanmar 

https://www.facebook.com/NUGmyanmar


Related news