ရန်ကုန်-မန္တလေး အမြန်လမ်းတွင် စက်ချွတ်ယွင်း၍ ရပ်တန့်ထားသော ရွှေမန်းသူခရီးသည်တင် ယာဉ်အား ခြောက်ဘီးယာဉ်မှ အရှိန်လွန်ဝင်တိုက်မိ နှစ်ဦးသေဆုံး


တောင်ငူ     ၂၈   သြဂုတ်  

ရန်ကုန်-မန္တလေး အမြန်လမ်းကြီး တောင်ငူမြို့နယ် မိုင်တိုင် ၁၅၃/၅ အနီးတွင် သြဂုတ် ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ စခန်းမှူးရဲအုပ်မင်းနိုင် ဦးစီးအဖွဲ့သည် အမြန်လမ်း မီးသတ်အဖွဲ့နှင့် အတူသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

စစ်ဆေးပေါ်ပေါက်ချက်အရ အမြန်လမ်းမကြီး အစုန်လမ်းအတိုင်း မြောက်မှတောင်သို့ သူရဝတီအောင် ၂၇ နှစ်၊ သရက်ပင်ကျေးရွာ၊ ကျောက်ဆည်မြို့နယ်နေသူ မောင်းနှင်ပြီး တစ်ရွာတည်းနေ နေရှိုင်း ၁၇ နှစ်လိုက်ပါလာသည့် Hyundai Mighty Truck ၆ ဘီးယာဉ်သည် အခင်းဖြစ်နေရာ အရောက် စက်ချွတ်ယွင်း၍ ရပ်တန့်ပြုပြင်နေသော မကွေး-ရန်ကုန်ပြေးဆွဲနေသည့် ရွှေမန်းသူယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့်  ၆ ဘီးယာဉ်မောင်း သူရဝတီအောင်နှင့် ယာဉ်နောက်လိုက် နေရှိုင်း တို့နှစ်ဦးစလုံးရရှိသော ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွား၍ ဇီးပင်သာအမြန်လမ်းရဲစခန်းမှ  အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ 



ကိုလွင်(ဆွာ)

Myanmar Digital News

https://www.facebook.com/MyanmarDigitalNews


Related news