မိုင်းဖြတ်၌ ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး




မိုင်းဖြတ်  စက်တင်ဘာ  ၁

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် သြဂုတ် ၃၁ ရက် ည ၈ နာရီခန့်က စျေးတန်း ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး နောက်ဘက်၌ အသက် ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးအား ကားဖြင့်ဝင်ရောက် တိုက်မိရာမှ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ယာဉ်မောင်း စိုင်းနွံခေါင် (၁၉)နှစ်၊ စျေးတန်းရပ်ကွက် နေသူသည် ဝမ်မိုင်ကားဝပ်ရှော့မှ စျေးတန်းရပ်ကွက်သို့ မောင်းနှင် လာသော ခြောက်ဘီးတပ်၊ ထော်လာဂျီ အမျိုးအစား ယာဉ်အမှတ်၊ MDY/-----ယာဉ်(လိုင်စင်စိစစ်ဆဲ)သည် စျေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နောက်ကြော လမ်းကြားအရောက် ရုတ်တရက် လမ်းဖြတ်ကူးလာသော မောင်စိုင်းလုံတစ် (၂)နှစ်၊ မိုင်းဖြတ်မြို့၊ စျေးတန်းရပ်ကွက် နေသူအား ဝင်ရောက်တိုက်မိပြီး ဦးခေါင်းဝဲဘက်တွင် ပွင့်ထွက်ဒဏ်ရာဖြင့်  အခင်းဖြစ်ပွားရာ၌ သေဆုံးသွားခဲ့သည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင် မောင်းနှင်သဖြင့် လမ်းဖြတ်ကူးသူ ကလေးငယ် အား တိုက်မိပြီး သေဆုံးစေခဲ့သူ ယာဉ်မောင်း စိုင်းနွံ့ခေါင်အား မိုင်းဖြတ်မြို့မရဲစခန်းက  အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



သန်းထွန်းအေး (ပြန်/ဆက်)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS


Related news