မန္တလေးမှာ ကိုဗစ်-၁၉ ဓာတ်ခွဲခန်း ပြင်ဆင်းပြီးစီး



ဓာတ်ခွဲခန်းဖြစ်မြောက်ဖို့ အခက်အခဲတွေများစွာရှိခဲ့တယ်လို့ မြို့တော်ဝန်ဦးရဲလွင်က ပြောပါတယ်။

(Zawgyi)⤵⤵⤵

မန္တလေးမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို တပ်ဆင်စမ်းသပ်ပြီးပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒီအဆင့်ရောက်ဖို့ အခက်အခဲပေါင်းများစွာကျော်လွှားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ ဓာတ်ခွဲခန်းအတွက် အဆောက်အဦနေရာရရှိရေး၊ ရရှိတဲ့ အဆောက်အဦကို စံသတ်မှတ်ချက်တွေနဲ့အညီ ပြုပြင်တာ၊ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ အထောက်အကူပြု ပစ္စည်းတွေ ရှာဖွေဝယ်ယူ စုဆောင်းတာ၊ ကျွမ်းကျင်ဝန်ထမ်းတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို စေလွှတ်ပြီး အတွေ့အကြုံတွေ ယူစေတာ စတဲ့ အဆင့်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ယူနန်ဆေးပညာရှင်အဖွဲ့ မန္တလေးကို ဒီနေ့မေ ၂၂ မှာ လာရောက်ဖို့ရှိပြီး သူတို့နဲ့အတူ ကိုဗစ်-၁၉ ဓာတ်ခွဲဖို့ ဓာတ်ကူပစ္စည်းတွေပါလာမှာဖြစ်

ဒါ့အပြင် ဒီကနေ့ မေ ၂၂ ရက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၆ ဦးပါအဖွဲ့ မန္တလေးကို ရောက်လာမှာဖြစ်ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲခန်းစက်ကိရိယာတစ်စုံနဲ့ စစ်ဆေးရေးဓာတ်ကူပစ္စည်းတွေပါ ပါလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲခန်းဝန်ထမ်းတွေကိုလည်း စက်ပစ္စည်းတပ်ဆင်ထိန်းသိမ်းခြင်းနဲ့ ဓာတ်ခွဲစမ်းသပ်မှုသင်တန်းတွေပေးမယ်လို့ ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ရောဂါပိုးကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာနနဲ့ ဆေးသုတေသနဦးစီးဌာန တို့မှာ စစ်ဆေးနေပြီး ဓာတ်ခွဲခန်း နှစ်ခုပေါင်း တစ်ရက်ကို ဓာတ်ခွဲနမူနာပေါင်း ၆၀၀ ကျော် စစ်ဆေးထားတဲ့မှတ်တမ်းတွေ ရှိထားပါတယ်။

မန္တလေးက ဓာတ်ခွဲခန်းကို မေလကုန်မှာ စတင်လည်ပတ်နိုင်မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားထားပါတယ်။

BBC Burmese

----------------------------------

(

Related news