ဖုန်းပေါ်က အစင်းရာတွေ အလွယ်တကူ ဖျောက်နိုင်မယ်

ဖုန်းပေါ်က အစင်းရာတွေကို အမြန်ဆုံးနဲ့ အလွယ်ဆုံး ဖျောက်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ သွားတိုက်ဆေး သွားတိုက်ဆေးအနည်းငယ်ကို ဂွမ်းစနဲ့ယူပြီး အစင်းရာထင်နေတဲ့ မှန်တစ်ဝိုက်မှာ ပွတ်ပေးရမှာပါ။ ပြီးရင် ရေအနည်းငယ်ဆွတ် ထားတဲ့ အဝတ်စလေးနဲ့ သွားတိုက်ဆေးကို ပြောင်အောင်ပြန်ပွတ်ရမှာပါ။ ဟင်းသီးဟင်းရွက်ဆီ ဟင်းသီးဟင်းရွက်ဆီ တစ်စက်၊ နှစ် စက်လောက်ကို ဖုန်းရဲ့အစင်းကြောင်းရှိတဲ့ နေရာမှာ စက်ဝိုင်းပုံ ပွတ်ပေးရမှာ ဖြစ်ပါ တယ်။ ပြီးရင် အခြောက်ခံပြီး အဝတ် ခြောက်ခြောက် ဒါမှမဟုတ် တစ်ရှူးနဲ့ပဲ ပွတ်ပေးရမှာ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ၊ ကလေးပေါင်ဒါမုန့်ဖုတ်ဆိုဒါ ဒါမှမဟုတ် ကလေး ပေါင်ဒါ တစ်ခုခုကို ခွက်သေးတစ်ခုထဲမှာ ရေတစ်ဆ၊ ပါဝင်ပစ္စည်းနှစ်ဆ ထည့်ပြီး ပျစ်တဲ့အထိ မွှေပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် အ ဝတ်သန့်သန့်တစ်ခုနဲ့ နည်းနည်းစီတို့ပြီး အစင်းရာရှိတဲ့ ဖုန်းပေါ်မှာ ပွတ်ပေးရ မှာ ဖြစ်ပါ တယ်။ ပြီးရင်တော့ ရေအနည်းငယ်ဆွတ် ထားတဲ့အစနဲ့ဖုန်းကိုပြန်ပွတ်ပေးရပါတယ်။ သည်လို ပြုလုပ်ရာမှာ ဖုန်းကို ပါဝါ ပိတ်၊ ဘက်ထရီတွေထုတ်ထားရမှာ ဖြစ်ပါတယ်။

Name

Post Date

Comment features will be supported very soon!

Related news