အနည်​းဆုံး မိန်းမနှစ်ယောက် မယူရင် ထောင်ချမယ့်နိုင်ငံ

အဲရစ်ထရီးယားနိုင်ငံအစိုးရဟာ နိုင်ငံတွင်းကအမျိုးသားတွေကို အနည်းဆုံးမိန်းမနှစ်ယောက်ယူဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်နာဘူးဆိုရင် ထောင်ချမှာဖြစ်ပါတယ်။ အမျိုးသားဦးရေပြတ်လပ်မှုကို ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့အခြေအနေအရပ်ရပ်အရ အဲရစ်ထရီးယားအစိုးရဟာ အောက်ပါအချက်တွေကို ထုတ်ပြန်ကြေညာလိုက်တယ်ဆိုပြီး အဆိုပါအမိန့်ကို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာလိုက်တာဖြစ်ပါတယ်။ အမျိုးသားတိုင်းဟာ အနညး်ဆုံးမိန်းမနှစ်ယောက်ယူရမှာဖြစ်ပြီး ပျက်ကွက်တဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက နောက်ထပ်အမျိုးသမီးတစ်ဦးလက်ထပ်ရာမှာ တားဆီးပိတ်ပင်မှုတွေလုပ်နေတဲ့အမျိုးသမီးတွေကိုလည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမယ်လို့ အဆိုပါကြေညာချက်မှာပါဝင်ပါတယ်။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အဲရစ်ထရီးယားနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀ သေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ယောကျ်ားလေးဦးရေဟာ သာမန်ထက်လျော့နည်းသွားခဲ့ပါတယ်။ အဲရစ်ထရီးယားဟာ အရှေ့အာဖရိကမှာတည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းလူဦးရေဟာ ၄ သန်းခန့်သာရှိတာဖြစ်ပါတယ်။ ဖိုးသူတော် (www.phothutaw.com) Credit: Duwun #

Name

Post Date

Comment features will be supported very soon!

Related news