ဗီယက်နမ်ရဲ့အချစ် စံပြဇနီးမောင်နှံ ဘိုးဘိုးနဲ့ဘွားဘွား

ခက်ခဲပင်ပန်းမှုတွေကြောင့် သူတို့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ အချစ်တွေကို အထိခိုက်ခံခွင့် မပေးနိုင်ဘူးလို့ပြောလာသူတွေက အသက် (၉၂) နှစ်အရွယ် ဘိုးဘိုးလီဗန်ဆို နဲ့ အသက်(၈၅) နှစ်အရွယ် ဘွားဘွားငုယင်သီလွိုင်ဆို့ဖြစ်ပါတယ်။ ဘိုးဘိုးနဲ့ဘွားဘွား ဟာ ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကျော်စိုက်ပျိုးရေး ပြည်နယ်တစ်ခုဖြစ်တဲ့ Hoi An ရဲ့ Tra Que ကျေးရွာက အော်ဂဲနစ် စိုက်ပျိုးရေးခြံမှာ နေတာဖြစ်ပါတယ်။ ဘိုးဘိုး လွိုင်ဟာ သူတို့(၁၉၄၉) ခုနှစ်က ဘွားဘွား နဲ့လက်ထပ်ခဲ့တာက လွဲပြီး သူတို့ရဲ့ အိမ်ထောင်သက် ဘယ်လောက်ရှိပြီးလဲ မမှတ်မိရှာတော့ပါဘူး။ ဘိုးဘိုး ဟာ ပြင်သစ် ကိုလိုနီအစိုးရဆန့်ကျင်မှုနဲ့ နှစ်ပေါင်းများစွာ ထောင်ကျနေခဲ့တာဖြစ်ပြီး ပြင်သစ်တွေ စစ်ရှုံးတော့မှ ထောင်ကလွတ်မြောက်လာတာဖြစ်ပါတယ်။ ချစ်ဇနီးနဲ့ ခွဲခွာနေရတဲ့ ကာလအတွက် အခုချိန်မှာ ပိုအတိုးချ ချစ်သွားမယ်လို့ သူကပြောလာပါတယ်။ ဘိုးဘိုး တို့ဇနီးမောင်နှံမှာ သားသမီးငါးယောက်ရှိပေမယ့် သူတို့နဲ့အတူမနေပါဘူး။ သူတို့နဲ့အတူနေတာက ခွေးလေးတစ်ကောင် ဖြစ်ပါတယ်။ နေ့စဉ်နေ့တိုင်း သူတို့ရဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းမှာ အလုပ်လုပ်နေကြတဲ့ ဘိုးဘိုး နဲ့ဘွားဘွား ဟာ ရွာရဲ့စံပြဇနီးမောင်နှံပါပဲ။ စိုက်ခင်းကိုလာတဲ့ ခရီးသွားတွေကို ရေသယ်ပုံတွေ ပြသလေ့ရှိပြီး သွားတွေမရှိတော့တဲ့အလှဆုံးအပြုံးပိုင်ရှင် ဘိုးဘိုး နဲ့ဘွားဘွားဟာ လာသမျှ ဧည့်သည်တွေကို အမြဲကြိုဆိုနေ တက်ပါတယ်။ နောက်ပြီး ချစ်စရာအပြုံးတွေနဲ့ ‘ဟယ်လို’ ပြောပြီးနူတ်ဆက်လေ့ရှိပါတယ်။ သူတို့ဟာ ၀ါးခြင်းတွေလည်း ကိုယ်တိုင်ရက်လုပ်တက်ပြီး တစ်ယောက်စကားတစ်ယောက် အမြဲနားထောင်ပေးတတ်ပါတယ်။ ‘ ငါတို့က တစ်ယောက်ကိုတစ်ယောက် ပျော်အောင်ထားတယ်။ အလုုပ်ကိုလည်း အမြဲလုပ်တယ် ဒါကြောင့်လည်း အသက်ရှည်ကြတာ’ လို့သူတို့ကပြောပါတယ်။ အခါအခွင့်သင့်လို့ ဗီယက်နမ်သာရောက်ခဲ့ရင် စံပြဘိုးဘိုး ဘွားဘွား ကို သွားတွေ့ဖို့ မမေ့ကြနဲ့နော်။ ဖိုးသူတော် (www.phothutaw.com) Credit: မိုးစက်လေး /MyanmarNote #

Name

Post Date

Comment features will be supported very soon!

Related news