သား လက်ထပ်မယ့် မိန်းကလေးကို အပျိုစစ်မစစ် ကိုယ်တိုင်စမ်းလို့ အဖမ်းခံလိုက်ရတဲ့ ဖခင်

အင်ဒိုနီးရှား ဆူလာေ၀စီပြည်နယ်က အသက် ၄၇ နှစ်အရွယ် ဖခင်တစ်ဦးဟာ သူ့သား လက်ထပ်မယ့် အသက်မပြည့်သေးတဲ့ ၁၆ အရွယ် မိန်းကလေးကို အပျိုစစ်မစစ် ကိုယ်တိုင်စမ်းတာကြောင့် အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ပုံကတော့ အမ်အေလို့ သိထားရတဲ့ ဒီအမျိုးသားဟာ ဂျေဒဗလျူလို့ သိရတဲ့ သားရဲ့ ဇနီးလောင်းကို လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျုးလွန်တယ်ဆိုပြီး အမှုဖွင့်ခံရတာပါ။ ယောက်ခထီးလောင်း အမ်အေကတော့ သူဟာ ချွေးမ အပျိုစင် စစ်မစစ်ကို စမ်းတာပါလို့ ဆိုနေပါတယ်။ သူ တော်ရမယ့် ချွေးမဟာ အပျိုပဲ ဖြစ်နေသေးလားဆိုတာ ခဏခဏ စမ်းရတာကြောင့် မကြာခဏ ကိုယ်ထိလက်ရောက် စမ်းရခြင်းပဲလို့ အမ်အေက ၀န်ခံပါတယ်။ မိန်းကလေးဟာ ယောက်ကျားလေးသူငယ်ချင်း များတာကြောင့် ခုလို စမ်းတာ တရားတယ်လို့လည်း ယောက်ခထီးကြီးက ယူဆထားပါတယ်။ “ဒီမိန်းကလေးက ရင်းနှီးတဲ့ သူငယ်ချင်းတွေ တော်တော်များတယ်။ ဒါကြောင့် ခုလို စမ်းချင်ရတာပဲ ဖြစ်တယ်။”လို့ အမ်အေက ပြောကြောင်း ရဲဌာနအရ သိရပါတယ်။ ခံရတဲ့ သတို့သမီးလောင်း မိန်းကလေးကတော့ ဆယ်ကြိမ်တောင် အစမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို အစမ်းမခံဘူးဆိုရင် မင်္ဂလာပွဲ ပျက်သွားမှာကို ကြောက်ခဲ့မိတာလို့လည်း အဲဒီ မိန်းကလေးက ရဲကို ပြောပါတယ်။ ရဲဌာနကတော့ ကလေးသူငယ်ကာကွယ်မှုအက်ဥပဒေ ချိုးဖောက်ခြင်း ပြစ်မှုနဲ့ အမ်အေကို တရားစွဲထားပြီး ဆက်လက်စစ်ဆေးနေပါတယ်။ မင်္ဂလာပွဲကတော့ ခုလို ဖြစ်ကတည်းက ပျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ Rf; Asia Oneေ ဖိုးသူတော် (www.phothutaw.com) Credit:  မောင်သံဆင့် Daily Hot News

Name

Post Date

Comment features will be supported very soon!

Related news