အစားအသောက်လွန်လျှင် လည်ပင်းညစ်ပေးမယ့် စမတ်ဆွဲကြိုး..!

The Diet Choker လို့အမည်ပေးထားတဲ့ စမတ်ဆွဲကြိုးကို အမေရိကန်မှ WearSens အမည်ရ company က ထုတ်လုပ်လိုက်ပါတယ်။ ယင်း စမတ်ဆွဲကြိုးဟာ ၀ိတ်ချချင်သူများအတွက် အသုံးပြုရန်ဖြစ်ပါတယ်။ မိမိအစားစားတဲ့အခါ လည်ပင်းကို ဖြတ်၀င်ရပြီး ယင်း ဖြတ်၀င်တဲ့ အစားအစာများကို စုံစမ်းထောက်လှမ်းပေးမယ့်စက် ဖြစ်ပါတယ်။ အကယ်လို့ မိမိ စားတာဟာ ကယ်လိုရီများနေပြီ ပြီးတော့ လွန်နေပြီဆိုရင် တုန်ခါမှုနှုန်းနဲ့ အချက်ပေးမှာ ဖြစ်ပါတယ်။ အစားစားတာ မရပ်မချင်း တုန်ခါမှာ ဖြစ်တာကြောင့် စားလို့မရတော့လောက်အောင် စိတ်အနှောက်အယှက်ပေးတော့မှာ  ဖြစ်ပါတယ်။ သူ့ကို မိုဘိုင်းဖုန်းနဲ့တွဲသုံးရပြီး မိုဘိုင်းဖုန်းထဲက App တစ်ခုကနေ အမြဲတမ်း  ထောက်လှမ်းကြည့်နိုင်ပါတယ်။ ထူးထူးခြားခြား ထုတ်လုပ်ထားတဲ့ ယင်း စမတ်ဆွဲကြိုးဟာ လူတွေ စိတ်၀င်စားမှုတော့ ရရှိခဲ့ပါတယ်။ ref; Dailymail ဖိုးသူတော် (www.phothutaw.com) Credit:အောင်းခမ်း(MMAS) #

Name

Post Date

Comment features will be supported very soon!

Related news