Android Gmail app တွင် ငွေပို့ငွေလွှဲ ပြုလုပ်နိုင် ..!

Android ပေါ်မှာ Gmail app သုံးစွဲသူများအနေနဲ့ Gmail လိပ်စာမရှိသူများ အပါအဝင် မည်သူ့မဆိုထံ ငွေပို့ငွေလွှဲ ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ Google က ကြေညာလိုက်ပါတယ်။ ငွေပို့ငွေလွှဲပြုလုပ်တဲ့ လုပ်ငန်းစဉ်တစ်ခုလုံးဟာ ဖိုင်ကို attach လုပ်သလိုပဲ လွယ်ကူပြီး attachment icon ကို နှိပ်ကာ ပေးပို့လိုတဲ့ငွေပမာဏကို ရွေးချယ်ရုံနဲ့ ပြုလုပ်နိုင်တယ်လို့ ကုမ္ပဏီက ပြောကြားပါတယ်။ သုံးစွဲသူတွေဟာ payment app တစ်ခု ထည့်သွင်းဖို့မလိုဘဲ ငွေလက်ခံခြင်း၊ ငွေတောင်းခံခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ဘဏ်အကောင့်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ Snapchat, Facebook နဲ့ WeChat တို့က သူတို့ရဲ့ app တွေကနေ ငွေလွှဲနိုင်တဲ့ feature ကို ထည့်သွင်းပေးခဲ့ပြီးတဲ့နောက် Google က အခုလို မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဖိုးသူတော် (www.phothutaw.com) Credit: Internet Journal #

Name

Post Date

Comment features will be supported very soon!

Related news