အိန္ဒိယကျောင်းသား တစ်ဦး က မျက်မမြင်များ အတွက် အထူး မျက်မှန် တစ်မျိုး တီထွင် ..!

Goggle For  Blind (G4B) ဟာ မျက်စိမမြင်ကြသူများကို အကူမလိုဘဲ ဘေးနားက ပစ္စည်းများကို မျက်စိနဲ ့မြင်သလို သိနိုင်စေမယ့် အထူးမျက်မှန်တစ်မျိုးဖြစ်ပါတယ်။ ဒီမျက်မှန်ဟာ ပဲ့တင်သံစနစ်နဲ ့တည်နေရာရှာတဲ့ နည်းလမ်းကို အသုံးချထားတာ ဖြစ်တာကြောင့် လွယ်ကူသလောက် အင်မတန်ဆန်းသစ်ပြီး အဖိုးတန်တဲ့ တီထွင်ချက်ဖြစ်ပါတယ်။ ဒီကိရိယာကို New Galaxy Academy မှ ပထမနှစ်ကျောင်းသားလေး အနန် တက်ဒါကတီထွင်ခဲ့တာပါ။ G4B ဟာ လင်းနို ့များမှာ သုံးတဲ့ ပဲ့တင်သံသုံး တည်နေရာရှာစနစ် ဥပဒေသကို အခြေခံပြီး အသံလှိုင်းကနေ အနီးအနားမှာ ရှိတဲ့ အရာဝတ္တုတွေကို သိနိုင်စေဖို ့တီထွင်ထားတာပါ။ အမှောင်မှာ နားအစွမ်း ထက်မြက်လွန်းတဲ့ လင်းနို ့များမှာ ပဲ့တင်သံနေရာရှာစနစ် ecolocation သုံးပြီး အမှောင်ထဲမှာ အစာ နဲ ့ပျံသန်းဖိုု ့လမ်းကြောင်းရှာနိုင်ပါတယ်။ ယခု G4B မျက်မှန်များဟာလည်း မျက်မမြင်များအတွက် ဘေးမှလူ နဲ ့ပစ္စည်းကိရိယာ အကူအညီမလိုဘဲ လူကောင်းတစ်ယောက်လို သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒီတီထွင်ချက်ဟာ အံ့သြစရာကောင်းလောက်အောင် အသုံးတည့်ပြီး ဆန်း သစ်တာကြောင့် ဂွာဟာဝါသီ ဒေသတွင်းသိပ္ပံစင်တာမှ ဦးစီးကျင်းပတဲ့ ဒေသအဆင့် သိပ္ပံပွဲတော်မှာ အဆန်းသစ်ဆုံးတီထွင်မှုဆု ရရှိခဲ့ပြီး Dinanath Pandey Smart Idea Innovation Award လည်း ရရှိခဲ့ပါတယ်။ ယခုလအစောပိုင်းက အနန်တက်ဒါဟာ ဒီတီထွင်ချက်ကို နယူးဒေလီမြို ့Rashtrapati Bhawan မှာ ကျင်းပတဲ့ နိုင်ငံအဆင့် သိပ္ပံပြပွဲမှာ ဝင်ရောက်ပြသခဲ့ပါတယ်။ ဒီပွဲကနေ Honey Bee Network ၊ National Ignition Facility (NIF) ၊ Society for Research and Initiatives for Sustainable Technologies and Institutions (SRISTI) ၊ Global Youth Action Network (GYAN) နဲ ့ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ ရန်ပုံငွေ (UNICEF) တို ့ဟာ သူ ့ရဲ့ တီထွင်ချက်ကို တွေ ့မြင်သွားခဲ့ပါတယ်။NIF နဲ ့UNICEF တို ့ဟာ G4B ကို စျေးကွက်ထဲ ဖြန် ့ချိချင်နေတာကြောင့် လက်ရှိမှာ အနန်ဟာ မျက်မမြင်သူများကို နမူနာစမ်းသပ်ဖို ့prototypes ၅ ခုကနေ ဆယ်ခုအထိ ဖန်တီးနေပါတယ်။ နောက်လာမယ့် မော်ဒယ်သစ်များမှာ ချို ့ယွင်းချက်နည်းသထက် နည်းပြီး ပိုကောင်းအောင် ထုတ်လုပ်လာမှာ ဖြစ်လို ့ မျက်မမြင်များကို သာမန်လူကောင်းများလို အခက်အခဲမရှိ သွားလာ သိရှိနိုင်ဖို ့အထိ အကူအညီပေးနိုင်တော့မှာပါ။ အနန်ဟာ ဉာဏ်ရည်ထက်မြက်သလောက် စက်ရုပ်များ နည်းပညာကိရိယာလေးများကို တီထွင်ထုတ်လုပ်ရတာကို ဝါသနာကြီးတဲ့ ပါရမီရှင်လူငယ်လေးဖြစ်ပါတယ်။ နာမည်ကျော် နည်းပညာကောလိပ်များမှ ဦးစီကျင်းပတဲ့ နည်းပညာဟောပြောပွဲများ ပြပွဲများကို တက်ရောက်လေ့လာသလို ကိုယ်တိုင်လည်း အဆက်မပြတ်တီထွင်ကြံဆနေသူ ဖြစ်ပါတယ်။ သူ ့ရဲ့ အနာဂါတ် စီမံကိန်းကတော့ လေးလံတဲ့ပစ္စည်းများကို သယ်ပိုးနိုင်မယ့် Exoskeleton လို ့ခေါ်တဲ့ ဝတ်စုံတစ်မျိုးကို တည်ဆောက်ဖို ့ရည်မှန်းထားပါတယ်။ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားလာတာ ဖြစ်ပေမယ့် ရှိသမျှ ပိုက်ဆံကို တီထွင်မှုမှာ သုံးသလို တစ်ခါတစ်လေ သူငယ်ချင်းများဆီကပါ ပိုက်ဆံချေးပြီး သူ ့ရဲ့ စက်ပစ္စည်းလေးများကို ဖန်တီးခဲ့တဲ့ အနန်ဟာ G4B မျက်မှန်တစ်လက်ကို ထုတ်ဖို ့ခန် ့မှန်းခြေ ရူပီး ၁၅၀၀၀ ( မြန်မာငွေ ၃ သိန်းကျော် ) ကုန်ကျခဲ့တာ ဖြစ်လို ့ငွေကြေးကူညီ စိုက်ထုတ်ပေးမယ့် သူကို မျှော်နေရပြီ ဖြစ်ပါတယ်။ ဖိုးသူတော် (www.phothutaw.com) Credit: Duwun #

Name

Post Date

Comment features will be supported very soon!

Related news