Android မှာ Google Chrome Browser ကို ပိုမြန်အောင် လုပ်မယ်

မူလဆိုက်တွင်ဖတ်ရန် >>>

Android ဖုန်းတွေကို အသုံးပြုနေတဲ့သူဆိုရင် Google Chrome Browser ကတော့ မသိတဲ့သူမရှိသလောက်နေမှာပါ။ ကွန်ပျူတာမှာလည်း နာမည်ကြီး Web Browser တစ်ခုဖြစ်တဲ့ Google Chrome ဟာ Android မှာလည်း လက်ရှိအမြန်ဆုံးသော Web Browser တစ်ခုလို့တောင်ပြောလို့ရပါတယ်။

အဲ့ဒီလိုမျိုး မြန်နေပြီးသား Chrome Browser ကို ဒီထက်ပိုမြန်အောင်လုပ်လို့ရပါသေးတယ်။ ဘယ်လိုမျိုး လုပ်ရမလဲဆိုတာကို အခုပြောသွားမှာပါ။

Cache ကို အမြဲရှင်းပေးပါ။


Application တစ်ခုကို အမြဲတမ်းမြန်မြန်ဆန်ဆန် အသုံးပြုချင်တယ်ဆိုရင် အရင်ဆုံးပြုလုပ်သင့်တာက အဆိုပါ Application ရဲ့ Cache Memory ကို ရှင်းတာပဲဖြစ်ပါတယ်။ ဘယ်လိုပြုလုပ်ရမလဲ ဆိုရင် ဖုန်းရဲ့ Setting – Application Management ထဲက Google Chrome Browser ထဲဝင်ပြီး Storage ထဲက Clear Cache ကို နှိပ်လိုက်ရုံပါပဲ။ အခုလိုပြုလုပ်တာကို အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။

Image

Data Saver ကို အသုံးပြုပါ။


Google Chrome Browser မှာ ကိုယ့် Mobile Data ကို ချွေတာပေးနိုင်တဲ့ Data Saver ပါဝင်ပါတယ်။ အဆိုပါ Data Saver ကို တတ်နိုင်ရင် အမြဲတမ်းဖွင့်ထားပေးတာအကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုရင် Mobile Data ကို လျော့ချပေးနိုင်ရုံတင်မကပဲ ဓါတ်ပုံလိုမျိုး Data စားသုံးမှုများပြားတဲ့အရာတွေကို Compress ပြုလုပ်ပေးတဲ့အတွက် ပိုပြီး သုံးရတာမြန်ဆန်ပါလိမ့်မယ်။

Image

Prefetch Websites ကို အသုံးပြုပါ။


Google Chrome Browser ရဲ့ Setting – Privacy ထဲမှာ “Use a prediction service to load pages more quickly” ဆိုတာပါဝင်ပါတယ်။ အဲ့ဒီ Setting ကို အမှန်ခြစ် On ထားပေးတာက ကိုယ်တခုခုကို ရှာလိုက်တာနဲ့ တခါထဲ ကိုယ်ရှာချင်တဲ့ Website ကို ကြိုတင်ရှာဖွေပေးထားတဲ့အတွက် သိသိသာသာမြန်ဆန်လာပါလိမ့်မယ်။

အခုနည်းစနစ်တွေကတော့ Android ဖုန်းမှာ Google Chrome Browser ကိုအသုံးပြုတယ်ဆိုရင် ကျိန်းသေပြင်ဆင်ထားသင့်တဲ့ Setting တွေပဲဖြစ်ပါတယ်။ ကျိန်းသေပေါက် ယခင်ထက် ပိုပြီးမြန်ဆန်လာပါလိမ့်မယ်။

Image

Latest Comments

Leave a Comment