အုန်သီး စားခြင်းကြောင့် ခံစားရမဲ့ ကောင်းကျိုးဆိုးကျိုးများ

မူလဆိုက်တွင်ဖတ်ရန် >>>



အုန်းသီး ဟာ ကျန်းမာရေးအတွက်သင့်တော်သလို မစားသင့်တဲ့အချိန်ခါလည်း ရှိပါတယ်။ ပန်းနာရင်ကျပ်သမားတွေ အထူးရှောင်ကြည်သင့်ပါတယ်။ ချေင်းဆိုးစေပါတယ်။ အုန်းဆီကိုလည်း မစားသင့်ပါ။ အုန်းဆီများများ စားပါက လေဖြစ်နိုင်ပြီး အသက်ရွယ်ကြီးသူများ အထူးရှောင်ကြည်သင့်ပါတယ်။ အုန်းသီးမှာ ပြည့်ဝဆီပါဝင်နေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။

ကိုလက်စထရောပါဝင်မှုတော့လျောနည်းပါတယ်။ အုန်းသီးသား၊ အုန်သီးဆီ၊ အုန်းသီရည်တို့ဟာ နှလုံးရောဂါ၊သွေးတိုးရောဂါ၊ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။အုန်းသီးဆီဟာလည်း အရေပြားအတွက် အထူးအသုံးဝင်လှပါတယ်။ ဆောင်းတွင်းမှာခြောက်သွေ့တဲ့ အသားအရေကို စိုပြည် စေပါတယ်။ အုန်းသီးအရည်ကတော့ ပိုတက်ဆီယမ်၊ ဆိုဒီယမ်နှင့်် ဂလူးကို့စ်တို့ပါဝင်သဖြင့် အားကစားလုပ်ပြီး သောက်သုံးပေးပါက အားအင်တွေ ပြန်ဖြစ်လာစေပါတယ်။

အုန်းသီးမှာပါဝင်တဲ့ ပြည့်ဝဆီကတော့ စွမ်းအင်အဖြစ် လောင်ကျွမ်းသွားသဖြင့် ဝမ်းဗိုက်နှင့် ခန္ဓာကိုယ် နဲ့ တစ်ခြားနေရာတွေမှာ အဆီအနေဖြင့် ဖြစ်တည်ခြင်းမရှိပါဘူး။ဒါကြောင့် အုန်းသီးကိုစားခြင်းကြောင့် ကျန်းမာရေးအတွက်ကောင်းစေပြီး မွေးဖွားခါနီး ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ကလေးမွေးဖွားရလွယ်ကူအောင် လည်းအုန်းသီးအရည်ကို သောက်သုံးပေးကြပါတယ်။အားလုံးကျန်းမာကြပါစေ။

ဖိုးသူတော် (www.phothutaw.com)

Credit:MMCele Media

#

Latest Comments

Leave a Comment