အဆင့်မြှင့်တင်တော့မယ့် ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား မှတ်တိုင်တွေ

မူလဆိုက်တွင်ဖတ်ရန် >>>



ဆောင်းလာသော ထီးကိုပိတ်ပြီး ဘတ်စ်ကားမှတ်တိုင်အမိုးအောက်သို့ ဝင်လိုက်သည်။ ဘတ်စ်ကားမှတ်တိုင်တွင် ကျွန်တော်တစ်ဦးတည်း ဖြစ်နေသည်။ မွန်းတည့် နေ အပူချိန်က ရိုက်ခတ်နေသဖြင့် ဘတ်စ်ကားမှတ်တိုင်အမိုးကို မော့ကြည့်မိသည်။ ခေါင်မိုးက တိုနံ့န့ံ။ နေရောင်ကို ကောင်းစွာဟန့်တားနိုင်သည့် အနေ အထားမရှိသလို မိုးရွာလျှင်လည်း လုံလောက်သော အကာအကွယ်မရနိုင်။ သက်ပြင်းချရင်း ဘတ်စ်ကားအလာကို စောင့်နေမိသည်။ စိတ်ထဲတွင် ရန်ကုန်မြို့ ဘတ််စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်ပေးရန် လိုအပ်နေပြီဟု အတွေးဝင်နေမိပြန်သည်။

'' ရန်ကုန်မြို့မှာရှိတဲ့ ဘတ်စ်ကားမှတ်တိုင် တွေကို အဆင့်မြှင့်တင်ပေးသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာမီက ထုတ်ဖော်ပြောကြား ချက်ကို ပြန်ကြားယောင်မိသည်။ ရန်ကုန်မြို့ပြ တွင် ယခင် မထသ စနစ်ဖြင့် ဘတ်စ်ကားများ ပြေးဆွဲခဲ့သည့်ကာလကလောက် မှတ်တိုင်များတွင် ခရီးသည်များ စုပြုံနေမှု မရှိတော့သည်က အမှန်ပင်။

လေအေးစက်တပ် YBS ဘတ်စ်ကား များဖြင့် အစားထိုးပြေးဆွဲမှု၊ ယာဉ်နောက်လိုက် မပါဘဲ ကျသင့်ငွေကို ငွေပုံးအတွင်း ထည့်သွင်းမှု စနစ်များက ရန်ကုန်မြို့နေ ဘတ်စ်ကားစီးပြည်သူ များ တဖြည်းဖြည်း အသားကျနေပြီဖြစ်သည်။ ဘတ််စ်ကားကို ရှေ့ပေါက်တက်ပြီး အလယ်ပေါက်မှ ဆင်းသည့်စနစ်ကိုလည်း လိုက်နာနေကြပြီဖြစ်ရာYBS စနစ်ကို ပြည်သူများ လက်ခံနေကြပြီဆိုသည် ကို မငြင်းနိုင်။ သို့သော် ရာနှုန်းပြည့် အောင်မြင်ရန် ကြိုးစားမှု၊ အားထည့်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။

ယာဉ်နောက်လိိုက်မပါဘဲ ငွေပုံးထဲ တိုက်ရိုက် ထည့်သည့်စနစ်ထက် ပိုမိုကောင်းမွန်သော ကတ် စနစ်ကိုလည်း ပြောင်းတော့မည်ဖြစ်ရာ ဘတ်စ်ကားစီးပြည်သူများ မျှော်လင့်နေကြပြီဖြစ် သည်။ ကတ်စနစ်သုံးတော့မည်ဖြစ်ရာ ငွေအေြ<ွက အခက်အခဲအတွက် စိတ်ပူစရာမလိုတော့။ ထိုင်ခုံ အလွတ်ရှိနေလျက်နှင့် သွားမထိုင်နိုင်ဘဲ ငွေပုံးအနီး မတ်တပ်ရပ်ကာ ကားပေါ်တက်လာသူ ခရီးသည် များထဲမှ ငွေကျပ်၂ဝဝ စီ ပြန်တောင်းပြီးမှ ငွေကျပ် ၁ဝဝဝ တန်၊ ၅ဝဝ တန်များ ငွေပုံးထဲထည့်ရသည့် ဒုက္ခလည်း ကင်းဝေးရတော့မည် ဖြစ်သည်။ ဒါတွေက ဘတ််စ်ကားပေါ်ရောက်ပြီး ကြုံတွေ့နေရ သည့် အခက််အခဲ။

ဘတ််စ်ကားများပေါ် မတက်ရောက်မီ မှတ်တိုင်တွင်လည်း အဆင်မပြေမှုများ ရှိနေပြန် သည်။ လက်ရှိဘတ််စ်ကားမှတ်တိုင်များတွင် အချို့ မှတ်တိုင်များ၌ ထိုင်စရာမရှိသေး။ မှတ်တိုင်ပင် သတ်သတ်မှတ်မှတ် မထားနိုင်။ နေ့စဉ် ဘတ််စ် ကားမောင်းသူများက အမှတ်သညာဖြင့်သာ ဘတ်စ်ကားရပ်ကာ ခရီးသည် အဆင်းအတက် ပြုလုပ်နေကြရဆဲဖြစ်သည်။ အချို့မှတ်တိုင်များက အမိုးရော ထိုင်စရာနေရာပါ ပြုလုပ်ပေးထား သော်လည်း မိုးမလုံ၊ နေရောင်မလုံဖြစ်နေသည်။

ယခုတော့ ဘတ််စ်ကားမှတ်တိုင်များကိစ္စ ဖြေရှင်းပေးတော့မည်ဟု သတင်းတွေ ထွက်လာ သည်။ ရန်ကုန်မြို့ အဓိကလမ်းမများပေါ်တွင် ရှိသော ဘတ််စ်ကားမှတ်တိုင် ၃၅ဝ ကို အဆင့်မြှင့် တင်ရန်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ နှင့် စာချုပ်လိုက်ပြီဖြစ်ရာ အကောင်အထည်ဖော် တော့မည်ဖြစ်၍ ဝမ်းသာစရာပင်ဖြစ်သည်။ မြန်မြန် ဆောင်ရွက်သင့်နေပြီဖြစ်သည့်ကိစ္စပင်။ ရန်ကုန်မြို့ တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂ဝဝဝ ခန့်ရှိနေပြီး အဓိကလမ်းမကြီးများနှင့် ဘတ်စ်ကားလမ်း ကြောင်းများပေါ်တွင် ဘတ်စ်ကားမှတ်တိုင် ၂၅ဝ ခန့်် ရှိနေကြောင်း သိရသည်။ ယင်းအဓိက မှတ်တိုင် များကို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကား မှတ်တိုင် များအတိုင်း တည်ဆောက်သွားမည်ဖြစ်ရာ ဘတ်စ် ကားဖြင့် ခရီးသွားသူများကို ဘတ်စ်ကားပေါ် မတက်မီ ဝန်ဆောင်မှုကောင်းကောင်းဖြင့် သက် သောင့် သက်သာဖြစ်နေစေမည် ဖြစ်သည်။

ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင်ရာတွင် ကြော်ငြာဘေဘုတ်ကြီးများ ထားရှိမှုကို လျှော့ချသွားမည်ဖြစ်သလို၊ Please Q ဆိုသည် အမှတ်အသားများကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် သတင်းအချက်အလက်များပေးနိုင်သော မှတ်တိုင်ဖြစ်ရန်လည်း ဖြည့်ဆည်းဝန်ဆောင်မှုပေး သွားမည်ဖြစ်ရာ ဘတ်စ်ကားစောင့်နေသည့် ပြည်သူများအတွက် ပိုမို အဆင်ပြေစေမည်ဖြစ် သည်။

ယနေ့ခေတ်သည် အိုင်တီခေတ်ဖြစ်ရာ အချိန် နှင့်တစ်ပြေးညီ သတင်းအချက်အလက်များ သိရှိ ရန်လိုအပ်နေသည်ဖြစ်ရာ ယနေ့ ပြုလုပ်မည့် မှတ်တိုင် အဆင့်မြှင့်တင်မှုက ခေတ်နှင့်အညီ၊ နိုင်ငံတကာ အဆင့်အတန်းနှင့် ညီမျှသော မှတ်တိုင်များအဖြစ် ထွက်ပေါ်လာတော့မည်ဟု သိရသည်။ သင့်တင့်သော အမိုး၊ အကာနှင့် သင့်တင့်သော ခရီးသည် ထိုင်စရာများ ပါဝင်သော ဘတ်စ်ကားမှတ်တိုင်များကို ရန်ကုန်မြို့ ဘတ်စ်ကားစီးခရီးသည်များ မျှော်လင့်ချက်ကြီးကြီးဖြင့် စောင့်မျှော်နေကြပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် လမ်းမများအပေါ် ခရီးသွားနေသူများအနက် လူဦးရေ သိန်း ၂ဝ ခန့်မှာ ဘတ်စ်ကား များဖြင့် ခရီးသွားနေကြသူများဖြစ်သည်။ ဘတ်စ်ကားမှတ်တိုင် များတွင် ရုံးဖွင့်ရက်၊ စက်ရုံဖွင့်ရက်များတွင် နံနက်ပိုင်းနှင့် ညနေပိုင်း ရုံးတက်၊ ရုံးဆင်း၊ လုပ်ငန်းခွင် အသွားအပြန် အချိန် များ၌ မှတ်တိုင်များတွင် ဘတ်စ်ကားစောင့်နေသူက များနေဆဲ။ ဘတ်စ်ကားပေါ်တွင် ခရီးသည်များ ကျပ်နေဆဲဖြစ်သည်။

ဘတ်စ်ကားစီး ခရီးသွားပြည်သူများအတွက် ကားပေါ်တွင် အဆင်ပြေစေရန် ဆောင်ရွက်နေသလို မှတ်တိုင်တွင် ကားစောင့် နေစဉ်အချိန်မှာလည်း အဆင်ပြေစေရန် အကောင်အထည်ဖော် ပေးတော့မည့် မှတ်တိုင်များ အဆင့်မြှင့်တင်မှုကို ကြိုဆိုရမည် ဖြစ်သည်။ မိုးရွာလျှင် မိုးခိုလိုပြီး နေပူလျှင် နားခိုစရာအရိပ်မျှ မရနိုင်သည့် မှတ်တိုင်များကို ရန်ကုန်မြို့ ပြည်သူများ ကြုံတွေ့ ခဲ့ရဖူးပြီဖြစ်သည်။

မှတ်တိုင်တွင် ကားစောင့်ရင်း အတွေးဝင်နေရာ မိမိစီးမည့် ဘတ်စ်ကားတစ်စီး မောင်းလာသည်ကို တွေ့ရသဖြင့် ကားပေါ် တက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်သည်။ သို့သော် လည်း ဘတ်စ်ကားက မှတ်တိုင်အထိ မရောက်လာ။ မှတ်တိုင် မရောက်မီ မလှမ်းမကမ်းနေရာတွင်သာရပ်ပြီး ခရီးသည် တစ်ဦးစီ၊ နှစ်ဦးစီတင်ကာ မောင်းထွက်သွားသည်။ မှတ်တိုင်တွင် ရပ်စောင့်နေသော မိမိနှင့် အခြားခရီးသည်နှစ်ဦး ကျန်ခဲ့သည်။ အင်း... ဘတ်စ်ကားမှတ််တိုင် အဆင့်မြှင့်တင်ရုံသာမက ဒီလိုစည်းမဲ့ကမ်းမဲ့မှုတွေကိုလည်း ကြပ်မတ်ရဦးမည်မှာ အမှန်ပင်။ ။

ဖိုးသူတော် (www.phothutaw.com)

Credit:Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

Latest Comments

Leave a Comment