သင်မသိလောက်သေးတဲ့ ကမ္ဘာ့ အလျို့၀ှက်ဆုံးနေရာ (သို့) Area51 ...!

မူလဆိုက်တွင်ဖတ်ရန် >>>



Area51 ဆိုတာ လျို့၀ှက်ချက်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။ Area51 ဟာ အမေရိကန်ပြည်  Las Vegas မြို့ရဲ့အနောက်မြောက် ၈၀မိုင် အကွာက Nevada သဲကန္တာရထဲမှာရှိပြီး အစိုးရရဲ့ထိန်းချုပ်မှု အောက်ကနေ လျို့၀ှက်သုတေသနလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့နေရာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အလျို့၀ှက်ဆုံး၊ လုံခြုံမှု့အရှိဆုံးနေရာ ဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှာ ဘာတွေရှိတယ် ဘာတွေလုပ်နေတယ် ဆိုတာကတော့ ထိပ်တန်း အရာရှိ၂၀လောက်ကလွဲရင် ဘယ်သူမှ အသေအချာမသိကြပါဘူး။ ဒါကြောင့်လည်းဒီနေရာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော်တည်းက လူစိတ်၀င်စားမှု အများဆုံးခံရတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။

 ဒီနေရာဟာ ၁၉၅၅ခုနှစ်တုန်းက United States Air Force ရဲ့နေရာ ဖြစ်ခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Lockheed U-2 aircraftတွေကို စမ်းသပ်ဖို့အတွက်ဖြစ်ပါတယ်။

- ဒီနေ့အထိ area51မှာ ဘာတွေလုပ်နေတယ်ဆိုတာကို အမေရိကန် အစိုးရက ချမပြသေးပါဘူး။ တစ်ချို့ကတော့ ဒီနေရာမှာ ထူးဆန်းတဲ့ လက်နက်တွေနဲ့ယာဉ်တွေကို စမ်းသပ်နေတယ်လို့ဆိုပါတယ်။ ဒါဟာ မဖြစ်နိုင်ဘူးလို့ ဆိုလို့မရပါဘူး။ ကမ္ဘာမှာတွေ့ရတဲ့ UFO တွေဟာ Area51 ကလျို့၀ှက်စမ်းသပ်ထားတဲ့ ယာဉ်တွေဖြစ်တယ်လို့ အရင်နှစ်တွေက သတင်းတွေထွက်လာဖူးပါတယ်။

 - Area51 ဟာတောင်တစ်လုံးကိုဖောက်ပြီး စခန်းအဖြစ် တည်ဆောက်ထား တာဖြစ်ပါတယ်။ ဒီအဆောက် အအုံမှာအထပ်၆ထပ်ရှိပြီး ပထမ ထပ်ကိုသာ သာမန်၀န်ထမ်း၀င်ခွင့်ရှိပါတယ်။ ကျန်အထပ်တွေကိုတော့

Alien မှလွဲ၍ လုံး၀မ၀င်ရဆိုတဲ့စာတန်းကို တရား၀င်ကပ်ထားတယ်လို့ ဆိုပါတယ်။ ဒီအချက်ဟာ စဉ်းစားစရာပါ

- ဒီနေရာကို လုံခြုံရေးမြင့်မားစွာချထားတဲ့အတွက် ဂြိုလ်သားတွေ၊ UFO (Unidentified flying object) တွေနဲ့ ဆက်စပ်နေလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

- လူတော်တော်များများကတော့ ဒီနေရာမှာဂြိုလ်သားတွေရှိပြီး ဂြိုလ်သား တွေဆီကနေခေတ်လွန်နည်းပညာတွေကို သင်ယူနေတယ်လို့ဆိုကြပါတယ်။

 - လမ်းမှားပြီးရောက်သွားခဲ့တဲ့ လေယာဉ်မှူးနှစ်ယောက်ကလည်း ဒီနေ ရာမှာပန်းကန်းပြားပျံတွေ ဆင်းသက်နေတာကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

- ၁၉၈၉ခုနှစ်က Area51 ရဲ့ Sector4 မှာအလုပ်လုပ်ခဲ့သူ Bob Lazar ကတော့ သူဟာဂြိုလ်သားယာဉ်ပျံတွေနဲ့ အလုပ်လုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

- နောက် Area51ရဲ့၀န်ထမ်းတစ်ယောက်ဖြစ်ခဲ့သူ Dan Durish ကလည်း သူဟာ J-Rod လို့ခေါ်တဲ့ဂြိုလ်သားနဲ ကပ်လျက်အလုပ်လုပ်ခဲ့ရတယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။

၂၁ရာစု နောက်ပိုင်းမှာ UFO သတင်းတွေဟာ ခဏခဏ ကြားနေရပါပြီ။ area51 ဟာဂြိုလ်သားတွေနဲ့ ပါတ်သတ်မသတ် အတိအကျပြောလို့မရပေမယ့် အဆန်းပြားဆုံးလက်နက်တွေ၊ယာဉ်ပျံတွေနဲ့ နည်းပညာတွေဟာ ဒီနေရာကထွက်ရှိလာတာကတော့ အမှန်ပဲဖြစ်ပါတယ် ။ နောက်တစ်ချိန်မှာ ဒီနေရာကနေဘယ်လို ဆန်းပြားတဲ့ နည်းပညာတွေ ထပ်မံထွက်ရှိလာဦးမလဲ ဆိုတာကို စောင့်ကြည့်နေရဦးမှာပဲဖြစ်ပါတယ်။

 

ဖိုးသူတော် (www.phothutaw.com)

Credit:Thutazone

#

Latest Comments

Leave a Comment