သင်မကြားဖူးသေးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှု အရှိဆုံးရိုးရာပြိုင်ပွဲများ

မူလဆိုက်တွင်ဖတ်ရန် >>>



တခါတလေမှာ အရိုးရှင်းဆုံးက အဆန်းပြားဆုံးဖြစ်သလို၊ အဲဒီလို ထူးခြားဆန်းပြားမှုကလည်းအလှတရားတစ်ခု ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာ ကျင်းပကြတဲ့ တချို့လူမျိုးတွေရဲ့ရိုးရာပွဲတွေဟာ တော်တော်လေး ကို့ရို့ကားယားနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသူများနဲ့မတူတဲ့ ရိုးရာအစဉ်အလာတွေကပဲ ကမ္ဘာလှည့်ခရီး သွားတွေအတွက် ဆွဲဆောင်မှုတစ်ခု၊ အဲဒီနိုင်ငံတွေရဲ့ ငေးကြည့်ချင်စရာ အလှတစ်ပါးဖြစ်နေပါတော့တယ်။

ဒါကြောင့် ဘယ်လိုနိုင်ငံတွေမှာ စိတ်ဝင်စားစရာပွဲတော်တွေကျင်းပလေ့ရှိကြပြီးတော့ အဲဒီပွဲတော်တွေမှာ ဘယ်လို ထူးခြားမှုတွေရှိနေလဲဆိုတာ ပရိသတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်။

ဆိတ်ပစ်ပွဲ

စပိန်နိုင်ငံက Manganeses de la Polvorosa ဆိုတဲ့ရွာငယ်လေးတစ်ခုရဲ့ ထူးထူးဆန်းဆန်းပြိုင်ပွဲတစ်ခုပါ။ နှစ်စဉ် ဇန်နဝါရီလ စတုတ္ထအပတ်ရဲ့တနင်္ဂနွေနေ့မှာကျင်းပလေ့ရှိပြီးတော့ ပြိုင်ပွဲအမျိုးအစားကတော့ ဆိတ်ပစ်ပြိုင်ပွဲ ပဲဖြစ် ပါတယ်။ ပြိုင်ပွဲဝင်လူငယ်လေးတွေက ဆိတ်အုပ်ထဲက  ဆိတ်တစ်ကောင်ကို ဖမ်းပြီးတော့ ဘုရားကျောင်းခေါင်းလောင်း စင်မှာချည်ရပါတယ်။ ပြီးရင် အဲဒီဆိတ်ကို ဘုရားကျောင်းခေါင်းလောင်းစင်ပေါ်ကနေ ပစ်ချလိုက်တဲ့အခါ ခေါင်းလောင်းစင်အောက်မှာစောင့်နေတဲ့အဖွဲ့က ဆိတ်ကိုမိအောင်ဖမ်းရတာဖြစ်ပါတယ်။

ကလေးချင်းယှဉ်ပြိုင်ရတဲ့ကိုနကိဆူမိုနပန်း

နာမည်ကြားရုံနဲ့ ဂျပန်ဆူမိုနပန်းပြိုင်ပွဲဆိုတာ အားလုံးသိကြမှာပါ။ နှစ်စဉ် ဧပြီလမှာကျင်းပပြီး ပြိုင်ပွဲရဲ့ထူးခြားချက် ကတော့ တခြားဆူမိုနပန်းပွဲတွေနဲ့မတူဘဲ ဆူမိုနပန်းသမားကြီးတွေဟာ သူတို့ရဲ့ကလေးလေးတွေကိုချီပြီးနပန်း လုံးရတာပဲဖြစ်ပါတယ်။ သူတို့ချီထားတဲ့ ကလေးတွေကို မျက်နှာချင်းဆိုင်ပြီး ငိုအောင်လုပ်ရတာပဲဖြစ်ပါတယ်။ ကလေးကငိုလွန်းပြီးအောက်ကိုထိုးကော့ဆင်းနေပြီဆိုရင် အဲဒီကလေးရဲ့ နပန်းသမားကအရှုံးပဲဖြစ်ပါတယ်။

တူနာငါးပစ်ပွဲ

သြစတြေးလျနိုင်ငံရဲ့ ပွဲတော်တစ်ခုဖြစ်ပြီးတော့ ပြိုင်ပွဲအတွက်သီးသန့်ကစားကွင်းသတ်မှတ်ကျင်းပလေ့ရှိပါတယ်။ တူနာငါးပစ်ပြိုင်ပွဲကတော့ တူနာငါးကို သတ်မှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် အဝေးပစ် ပစ်ရတာပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့ တူနာငါးအဓိကထုတ်လုပ်တဲ့ သြစတြေးလျနိုင်ငံရဲ့ စျေးကွက်ကိုပိုမိုကျယ်ပြန့်ပြီး ကမ္ဘာတစ်ဝှမ်းလူသိများအောင်လုပ်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

တောင်ကုန်းပေါ်ကလှိမ့်ဆင်းတဲ့ပြိုင်ပွဲ

ဒါကတော့ အင်္ဂလန်အနောက်တောင်ပိုင်း Gloucestershireခရိုင်မှာရှိတဲ့ Cooper’s Hillမှာနှစ်စဉ်ကျင်းပတဲ့ပြိုင်ပွဲ ပဲဖြစ်ပါတယ်။ ပြည်တွင်းရော ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေပါ အုတ်အုတ်ကျက်ကျက်ပါဝင်ဆင်နွှဲကြတဲ့ပွဲ လည်းဖြစ်ပါတယ်။ ပြိုင်ပွဲပုံစံကတော့ ပြိုင်ပွဲဝင်တွေဟာ Cooper’s Hillထိပ်ကနေ လှိမ့်ဆင်းရတာဖြစ်ပြီးတော့ တောင်ခြေနဲ့ ကိုက်တစ်ရာအကွာအဝေးအထိဆင်းနိုင်တဲ့သူကအနိုင်ရတာပဲဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီး အန္တရာယ်လည်းများတဲ့အတွက် ဆေးကုသရေးအဖွဲ့တွေပါစောင့်ကြပ်ရတဲ့ Tourist Attractionအရှိ ဆုံးပြိုင်ပွဲ လည်းဖြစ်ပါတယ်။

လက်ဗလာနဲ့ငါးဖမ်းပွဲ

နိုင်ဂျီးရီးယားနိုင်ငံ Argunguဆိုတဲ့မြို့ငယ်လေးမှာကျင်းပတဲ့ပွဲဖြစ်ပါတယ်။ အမျိုးသားတွေက မြစ်ထဲမှာ လက်ဗလာ နဲ့ငါးဖမ်းရတဲ့ပွဲဖြစ်ပါတယ်။ ဖမ်းမိတဲ့ငါးတွေထဲကအကြီးဆုံးငါးဖမ်းမိသူကတော့ ဒီပွဲရဲ့ Winnerဖြစ်ခွင့်ရမှာဖြစ် ပါတယ်။ ဒါ့အပြင် ငါးဖမ်းမိတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေကချီးကျူးသြဘာပေးပြီး သဘောကျလေ့ ရှိတဲ့ အတွက်လည်း အမျိုးသားတွေက အခုလို အားကြိုးမာန်တက်ငါးဖမ်းနေကြခြင်းဖြစ်ပါတယ်။

အမြင့်ခုန်ပွဲ

ဒီပွဲကတော့ ပုံမှာမြင်တွေ့ရတဲ့အတိုင်း မွေးကင်းစကလေးတွေကို မွေ့ယာပေါ်မှာ ချထားပြီး အဲဒီအပေါ်ကနေခုန်ပြီး ယှဉ်ပြိုင်ရတာပဲဖြစ်ပါတယ်။ စပိန်နိုင်ငံမှာကျင်းပတဲ့ပွဲဖြစ်ပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုအများ ဆုံးပွဲလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကတော့ ကလေးတွေကိုကာကွယ်ပေးဖို့နဲ့ ကလေးတွေရဲ့ အနာဂတ် မှာ ကံဆိုးမှုတွေမကြုံရတော့ဘူးဆိုတဲ့ယုံကြည်မှုနဲ့ကျင်းပကြခြင်းဖြစ်ပါတယ်။

တိတ်ဆိတ်ခြင်းနေ့

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တစ်နှစ်ပတ်လုံး ပူပန်သောကတွေနဲ့ ဆူညံမှုတွေချုပ်ငြိမ်းအောင် တိတ်ဆိတ်ခြင်းနေ့ကို ကျင်းပပါတယ်။ အဲဒီတစ်နေ့လုံးတစ်ယောက်ကိုတစ်ယောက်ကျေးဇူးတင်ခြင်း၊နှစ်သစ်ကိုကြိုဆိုခြင်းတို့သာလုပ်ကြပြီး တခြားအပြစ်တင်ဝေဖန်တာမျိုးတွေမလုပ်ဘဲ တိတ်ဆိတ်အေးချမ်းစာဖြတ်သန်းတယ်လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: myanmaplatform

#

Latest Comments

Leave a Comment