ရုရှားရဲ့ ဟိုင်းဝေးလမ်းမှာ ကားမောင်းခဲ့တဲ့ လေးနှစ်သား ကလေးငယ်

မူလဆိုက်တွင်ဖတ်ရန် >>>



လေးနှစ်သားကလေးတစ်ယောက် ကားမောင်းနေတယ်ဆိုရင် အရုပ်ကားမောင်းတာလားလို့ မေးချင်မေးပါလိမ့်မယ်။တကယ်တော့ ဒါဟာ ဗီဒီယိုဖိုင်နဲက တက်လာလို့သာ ယုံလိုက်ရတာဖြစ်ပါတယ်။ကင်မရာရိုက်ပေးတဲ့ ဖခင်ကိုတော့ အပြစ်တင်ချင်စရာကောင်းအောင် ရင်တထိတ်ထိတ်ဖြစ်အောင် ရိုက်ထားတာဖြစ်ပါတယ်။

ကင်မရာရွှေ့လိုက်တဲ့အခါတိုင်း ကားရဲ့ စတီယာရင်ပဲ ကလေးကမနိုင်တော့လို့ ဆွဲချသွားတားလားလို့ ထင်စရာကောင်းပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ ဟိုင်းဝေးလမ်းမကြီးကို တက်ပြီး 1 နာရီကို မိုင် 60 နှုန်းနဲ့ မောင်းနှင်နေတာဖြစ်ပါတယ်။

ဒီကလေးရဲ့ ဖခင်ဖြစ်သူဟာ အသက် 27 နှစ်အရွယ်သာရှိသေးတာဖြစ်ပြီး သားဖြစ်သူကတော့ 4 နှစ်ဖြစ်ပါတယ်။ဒီကားထဲမှာ မိသားစုအစုံအလင်ပါ ပါတယ်။မိခင်ဖြစ်သူဟာ သားကားမောင်းနေတာကို လုံခြုံမှုရှိတယ်လို့ပြောခဲ့ပြီး သားဟာ မိသားစုကို ကောင်းကောင်းစောင့်ရှောက်မှာဖြစ်လို့ အန္တရာယ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဆိုပါ ကလေးဟာ သုံးနှစ်သားလောက်ထဲက ကားကို စိတ်ဝင်စားခဲ့ပြီး မောင်းတဲ့သူနေရာမှာသာ ထိုင်စီးခဲ့တာဖြစ်တယ်လို့ ဖခင်က ပြောပါတယ်။သားက မျက်စိလဲ လျင်တယ်လေ။သူက ကားမောင်းနေရင် ငှက်ကလေးတစ်ကောင်များ ကားရှေ့မှာ မပျံသေးပဲရှိရင်တောင် အရှိန်လျှော့ခိုင်းတာ။ပြီးတော့ ဘယ်ကနေ ဘယ်လိုဝင်ရင် လွတ်ကင်းတယ်ဆိုတာလည်း သူက ကျွန်တော်ကို ပြန်လမ်းပြတတ်တယ်လို့ ဖခင်ဖြစ်သူက ပြောပါတယ်။

ပေါလ်ဝေါကာသေလို့ ဝင်စားတယ်လို့ တင်စားရလောက်တဲ့အထိ ဒီကလေးဟာ ကားရှုပ်နေတဲ့ကြားထဲတောင် အေးဆေးတည်ငြိမ်စွာမောင်းသွားတာဖြစ်ပါတယ်။တကယ်တော့ ဒါဟာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ မညီပါဘူး။ကားမောင်းဖို့ လုံလောက်တဲ့ အသက်မရှိသေးတဲ့အတွက် ဒါဟာ ဥပဒေကို ညှိစွန်းမှုဖြစ်လို့ ဒီမိသားစုဟာ ဒဏ်တော့ ရိုက်ခံခဲ့ရပါတယ်။

ဖိုးသူတော်(www.phothutaw.com)

Credit:Nanmalgyi

Latest Comments

Leave a Comment