ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင်​့လည်ပတ်မည်​့ ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန်

မူလဆိုက်တွင်ဖတ်ရန် >>>

ဘန်ကောက်သို့ ပထမဆုံး မိမိအစီစဉ်​ဖြင်​့လည်ပတ်မည်​့ခရီးသွားများအတွက်​ ဆောင်ရန် /ရှောင်ရန်

*Show Money
ဘန်ကောက်ပထမဆုံး အလည်ပတ်သွားတာဆိုရင်
ဘယ်နှစ်ရက်ပဲ နေနေ အနည််းဆုံး USD 500 ပြရပါတယ်။ဒေါလာ၅၀၀ နှင့်ညီမျှတဲ့ ဘတ်ငွေ ပြရပါတယ်။ (​ဒေါလာ၅၀၀ မပြ​မ​နေရ​တော့မဟုတ်​ပါဘူး)

​လေ​ကြောင်​းလိုင်​းက တစ်​ခါတစ်​​လေ​မေးတတ်​ပါတယ်​။ပတ်​စပိုစာအုပ်​ထဲမှာ အဝင်​အထွက်​တစ်ခေါက်လောက်သွားထားရင်တော့ရပါတယ်။မ​မေးပါဘူး။စာအုပ်အသစ်လဲထားတာဆိုရင်လဲ အ​ဟောင်​းရှိရင်​တွဲထားလို့ရပါတယ်​။

ရန်ကုန်မှာဆိုရင် မိမိစီးနင်းတဲ့သက်ဆိုင်ရာ​လေကြောင်းလိုင်းကပဲ မေးကျတာများပါတယ်။Cash မပြချင်တဲ့ ခရီးသွားများက ပြည်တွင်း ဘဏ်တွေကထုတ်ပေးထားတဲ့ Visa Master Credit/ Debit ကဒ်များကိုပြနိူင်ပါတယ်။

Cardထဲမှာ​ငွေမရှိလဲစိတ်​မပူပါနှင်​့ ဘယ်​သူက မိမိကိုယ်​ပိုင်​ကဒ်​ကို​ငွေစာရင်​းစစ်​ပိုင်​ခွင်​့မရှိပါဘူး။ ထိုင်းလဝကဖက်တော့ ၁၄ရက်ဗီဇာကင်း လွတ်ခွင့်ပေးပြီးနောက်ပိုင်း ဘယ်လေကြောင်းလိုင်းနဲ့လာလာShow Money ပြခိုင်းတာမရှိသလောက်ပါပဲ။

အရင်တုံးက ဗီဇာနဲ့လည်တုံးကဆို Budget Airline နဲ့ဝင်တဲ့သူတွေဆိုအမေးခံရတတ်ပါတယ်။အခုနောက်ပိုင်းပထမဆုံး အလည်သွားတဲ့ခရီးသည်​တစ်​ချိူ့ကို​လေကြောင်းလိုင်းက သူတုုိ့တာဝန်အရမေးတယ်လိုပဲထင်ပါတယ်။

အသွား အပြန် လေယဉ် လတ်မှတ်လည်းပြတယ် တည်းခိုရမဲ့ ဟိုတယ် လည်းပြနိူင်ရဲ့သားနဲ့ လေကြောင်းလိုင်းကရစ်တာမျိူးဆို သိပ်တော့သဘာဝမကျသလို သွားမဲ့ခရီးသွားအတွက်စိတ်ကသိ ကအောက်နိူင်ရပါတယ်။

*ပတ်စပို့စာအုပ် (Passport)
အာဆီယံနိူင်ငံတွေမှာ မြန်မာပတ်စပို့စာအုပ်နဲ့ အလည်ပတ်ခရီးသွားမယ်ဆိုမလေးရှားနိူင်ငံကလွဲလိုကျန်တဲ့နိူင်ငံတွေအတွက်အလည်အပတ်ဗီဇာ လျှောက်ထားစရာ မလိုတော့ပါဘူး။လေကြောင်းလိိုင်းနဲ့ အချိန်မရွေးလည်ပတ်နိူင်ပါပြီ။ခရီးမသွားခင်​ မိမိပတ်​စပိုစာအုပ်ကို အနည်းဆုံး (၆လ)သက်တမ်းရှိ မရှိ အရင်စစ်ဆေးပါနော်။ပတ်စပို့စာအုပ်လည်းရှိမယ်ဆို အနည်းဆုံး ၁၄ရက်ထိုင်းနိူင်ငံကိုဗီဇာမလိုပဲလေယဉ်ဖြင့် အချိန်မရွေးသွားရောက်လည်ပတ်နိူင်ပါတယ်။ ကုန်​လမ်​းက​တော့ ကားနဲ့သွားလို့မရ​သေးပါဘူး။​နောက်​ပိုင်​းခွင်​့ပြု မယ်​လို့​တော့ထင်​ပါတယ်​။

ဗီဇာပါရင်​​တော့ နယ်​စပ်​ မြို မြဝတီ မဲ​ဆောက်​ က​နေတစ်​ဆင်​့ ကားနဲ့သွားနိူင်​ပါတယ်​။ ကိုယ်​တိုင်​လည်​းကားနဲ့ ရန်​ကုန်​ထိုင်​း သံရုံးမှာ ဗီဇာ​လျောက်​ပြီး ဘန်​​ကောက်​ကို အလည်​သွားဖူးပါတယ်​။​နောက်​တစ်​ခါသွားရင်​​တော့ အ​သေးစိတ်​ပြန်​​ရေး​ပေးပါမယ်​။​လေယဉ်​နဲ့သွားရင်​အရေးကြီးတာကသက်တမ်း ၆လရှိရပါတယ်။ မစစ်မိလို့ လေဆိပ်မှာ check in ဝင်မှသိမယ်ဆိုရင် နေခဲ့ရမှာသေချာပါတယ်။

အဲဒါဆိုရင်ကိုယ်ဝယ်ခဲ့တဲ့ခရီးစဉ်အတွက်လေယဉ်လတ်မှတ် ဟိုတယ်များလည်းဆုံးရူံးရလို့သေချာစစ်သင့်ပါတယ်။သက်တမ်းတိုးမယ်ဆိုအနည်းဆုံး ၁၀ရက်ကြာတတ်ပါတယ်။ပတ်စပို့စာအုပ်မရှိသေးသူများလည်းပြည်ပခရီးသွားဖို့အစီစဉ်ရှိတယ်ဆိုရင် မှတ်ပုံတင်မူရင်း/သန်ခေါင်စာရင်းမူရင်းရှိလျှင် ကိုယ်တိုင်အချိန်မရွေး သွားလျှောက်ထားနိူင်ပါတယ်။အပြီးစီး ကျပ်ငွေ ၄၀၀၀၀သောင်းဝန်းကျင်ကျပါတယ်။၁၀ရက်လောက်ကြာတတ်ပါတယ်။ထိုင်းမှာ ၁၄ရက်ထက်ပိုနေမဲ့ ခရီးသွားများ ရန်ကုန်ထိုင်းသံရုံးမှာ Tourist Visa လျှောက်ထားနိူင်ပါတယ်။ Touris Visa ကိုယ်တိုင်လျှောက်မယ်ဆိုဒေါလာ ၄၀ ဝန်းကျင် ကျပါတယ်။နီးစပ်ရာ agent ကနေတစ်ဆင့် ဝန်ဆောင်ခပေး၍လည်းလျှောက်ထားနိူင်ပါတယ်။

Tourist Visa သက်တမ်းက အနည်းဆုံး ၂လလောက်တော့ရပါတယ်။
*လေယဉ်လတ်မှတ် နှင့် လေဆိပ် ( Ticket & Airport )လေယဉ်လတ်မှတ် ဝယ်ယူပြီးရင် ပတ်စပို့စာအုပ်ကနာမည်နဲ့ လေယဉ်လတ်မှတ်က နာမည် မုန်မမုန် အမြဲစစ်ဆေးပါ။
စားလုံးပေါင်း၁လုံးလွဲရင်လည်း တစ်ချိူ ့လေကြောင်းလိုင်းက လေယဉ်ပေါပေးမတတ်တာမျိူးကြုံနိူင်ပါတယ်။ဘယ်လေကြောင်းလိုင်းနဲ့ပဲသွားသွား ရန်ကုန်လေဆိပ်ရောက်ရင် မိမိဝယ်ယူထားတဲ့လေကြောင်းလိုင်းကောင်တာမှာ check in အရင်ဝင်ရပါမယ်။Air Lineမှာ Check in ဝင်ရောက်ပြီးမှ Seat No, Gate No, Boarding Time ပါတဲ့ Boarding Pass ကိုရရှိပါမယ်။
ရန်ကုန်လေဆိပ်ကနေ ထွက်မဲ့လေရင်ဆို လေယဉ်မထွက်မှီအနည်းဆုံး ၂နာရီလောက်ကြိုရောက်ရင်အဆင်ပြေပါတယ်။ Check in Counter ကလေယဉ်မထွက်မှီ ၄၅မိနစ်အလိုမှာ ပိတ််ပါတယ်။
လေယဉ်က မနက်၁၁နာရီထွက်မယ် ကိုယ်က လေဆိပ်ကို မနက်၁၀း၂၀ လောက်မှ ကောင်တာကိုရောက်ခဲ့ရင် သေချာပါတယ် လေယဉ်မထွက်သေးလဲပေးမဝင်တော့ပါဘူး။
လေဆိပ်ကိုတော့နောက်မကျအောင်သတိထားပါ။ကျန်ခဲ့ရင်ကိုယ်ငွေနဲ့ပဲလတ်မှတ်အသစ်ထပ်ဝယ်ရမှာမိုပါ။

ရန်ကုန်လေဆိပ် ကAirline မှာ Check in Counter မှာ Boarding Pass ရရင် ရန်ကုန်လေဆိပ်က လဝက ကိုပေးဖို့ Departure Card တောင်းဖို့မမေ့နဲ့နော်။မေ့ခဲ့ရင် အပေါကနေ Airline ကောင်တာကိုတစ်ခေါက်ပြန်ဆင်းယူရမှာ​သေချာတယ်။

ရန်ကုန်ကနေ ဘန်ကောက်အသွား လေယဉ်ပေါမှာလည်း ထိုင်းလဝက မှာ ပေးဖို့ Arrival & Departure Card တောင်းဖို့မမေ့နဲ့။တစ်ချိူက လေယဉ်စီးရင် အိပ်ပျော်သွား ကျလို့ Card ယူဖို့မေ့နေခဲ့ရင် ထိိုင်းလဝက ကလည်း အဲဒါမပါရင်လုံးဝအဝင်မခံပါဘူး။Arrival Card မှာ ကိုယ်တည်းမဲ့ ဟိုတယ်နာမည် လိပ်စာ ပြည့်စုံစွာရေးပါ။Flight No ရေးပါ။လတ်မှတ်ထိုးပါ။ထိုင်းအဝင်မှာ Arrival card ကိုပဲယူထားပါတယ်။Departure Card ကို ပတ်စပို့စာအုပ်နဲ့ပြန်ထည့်ပေးလိုက်ပြီး Departure Cardပေါမှာ နောက်ဆုံးပြန်ထွက်ရမဲ့ရက်နဲ့ တုံးထုပေးမှာပါသေချာသိမ်းထားပါနော်ပြန်အထွက်မှာ ပြဖို့လိုပါတယ်။Thai Lion နဲ့သွားရင် ကီလို ၂၀ပါပြီးသားမို ရက်တို ရက်ရှည်လည်ပတ်မည့်ခရီးသွားများအတွက်အဆင်ပြေပါတယ်။ Hand Carry လည်းတစ်လုံး စွဲခွင့်ပေးထားပါတယ်။အသွား အပြန် ပါပြီးသားပါ။

Air Asia နှင့် Nok Air က အခမဲ့ကီလု်ိက ရကီလိုပဲပေးပါတယ်။ကီလု်ိ၂၀ထပ်ယူမယ်ဆို ထပ်မံပေး​ဆောင်ရပါမယ်။ကီလိုမဝယ်မိ့လို လေဆိပ် check in ဝင်မှ ကီလိုပိုနေရင် လေဆိပ်မှာ walk in Rate က စျေးပိုကြီးပါလိမ့်မယ်။Thai Lion,Nok Air, Air Asia လေကြောင်းများအားလုံး လေယဉ်ပေါမှာ အစား အသောက်မကြွေးပါဘူး။

ဗိုက်စာတတ်တယ်ဆိုရင်လေယဉ်ပေါမှာ ဝယ်စားဖို့ ဘတ်ငွေလေးတော့စောင်သွားကျပါနော်။​သောက်​​ရေလည်​းဝယ်သောက်ရပါမယ်။လေယဉ်က ၁နာရီလောက်ပဲစီးရတော့ မနက်စာများများစားထားရင်တော့ ဘန်ကောက်ရောက်မှ နေလည်စာ စားရင်လည်းအဆင်ပြေပါတယ်။

လေယဉ်ပေါမှာ ခေါက်ဆွဲခြောက်တစ်ဗူးကို ဘတ်၆၀လောက်ကျပါမယ်။ကျပ်ငွေနဲ့ဆို ၂၀၀၀ကျော်ပါတယ်။လေဆိပ်မှာရေတစ်ဗူးကို ဘတ်၄၅ ပါ။Budget Air အားလုံးနီးပါးက ရန်ကုန်
​လေဆိပ်သစ် Terminal 1ကထွက်ခွာပြီး ဘန်ကောက် ဒွန်မောင်းလေဆိပ်မှာဆင်းပါတယ်။ကျွန်တော်ကတော့ ဒွန်မောင်းလေဆိပ်ကို သဘောကျပါတယ်။မြိုထဲနဲ့ပိုနီးလို့ Taxi နဲ့သွားရင် သုဝဏဘူမိလေဆိပ်လောက်စျေးအများကြီးမကျတော့ဘူး။လဝကမှာလည်းတန်းစီရတာမြန်တယ်။လဝကဖြတ်ပြီး ရင် အောက်မှာ ကိုယ်အိတ်ယူပြီးTaxi Stand ကို တန်းဒိုးလို့ရတယ်။

ဖူးခက်, ချင်းမိုင်, ကော့စမွေစတဲ့ ပြည်တွင်းမြို့ တွေလည်ပတ်ဖို့ လေယဉ်လတ်မှတ်ဝယ်ထားပြီးသား ခရီးသွားများလည်း အပြင်ထွက်စရာမလိုပဲ စက်လှေကားလေးစီးပြီး Doun Meaung Domestic Departure ကို ၁၀မိနစ်လောက် လမ်းလျှောက်၍သက်ဆိုင်ရာ လေကြောင်းလိုင်းမှာ Check In ဝင်ရုံပါပဲ။

ထိုင်းမှာသုံးဖို့ ဖုန်းဆင်းကဒ်ကို လေဆိပ် Arrival မှာ ဘတ်ငွေ ၂၉၉ဘတ်ဖြင်ဝယ်ယူနိူင်ပါတယ်။ အခမဲ့ အင်တာနက် တပတ်လောက်ပါပြီးသားမို့ Facebook,Viber စိတ်ကြိုက်အဝသုံးလို့
ရပါတယ်။

*ငွေလဲလှယ်နူန်း (Currency Exchage)
ထိုင်းသွားမည့်သူများ ထိုင်း ဘတ်ငွေ အမေရိကန် ဒေါလာ ကိုယ်ကြိုက်နှစ်သက်ရာ ယူဆောင်သွားနိူင်ပါတယ်။ရန်ကုန်မှာ တော့ ထိုင်းဘတ်ငွေ ၁ဘတ်က မြန်မာကျပ်ငွေ ၄၂.၇ကျပ်လောက်ပေါက်နေပါတယ်။ ထိုင်းမှာတော့ အမေရိကန် ၁ဒေါလာကို ထိုင်းဘတ် ၃၂ဘတ်လောက် ပေါက်စျေးရှိပါတယ်။ ထိုင်းက လေဆိပ်က Taxi စီးရင် ကားသမားတွေက ဒေါလာကိုမလက်ခံလို့ ဒေါလာသယ်သွားသူများ လေဆိပ်မှာ ကားခရှင်းဖို့ ဘတ်ငွေ တစ်ခါတည်းသာလဲလှယ်သွားကျပါ။ ထိုင်းက ဟိုတယ် စားသောက်ဆိုင် စျေးဝယ်စင်တာတွေအားလုံးက ထိုင်းဘတ်ငွေ တစ်မျိူးတည်းပဲလက်ခံကျပါတယ်။ ဘန်ကောက်ခနခန ရောက်ဖြစ်နေကျ သွားနေကျ ခရီးသွားများအတွက် လွယ်ကူအဆင်ပြေပေမဲ့ အခုမှပထမဆုံး စသွားမဲ့သူများအတွက်နှင့် Guide မပါပဲ သီးသန့် သွားကျမဲ့ ခရီးသွားများအတွက် အဆင်ပြေအောင်အတတ်နိူင်ဆုံးကြိုးစားရေးပြီးပြန်​လည်မျှ ဝေပေးလိုက်ပါတယ်။

နောက်တစ်ပိုင်းကျရင်ဘန်ကေက်ဟိုတယ် မှာကြုံခဲ့ရတဲ့အမှတ်တရ ထိတ်လန့်စရာလေးနဲ့အဖြစ်အပျက်လေးကိုထပ်ရေးပေးပါမယ်။ပြီးရင် ဟိုတယ်စျေးဝယ်စင်တာအကြောင်းအစားအသောက် ကြောင်းလေးတွေပြန်လည်ဝေမျှပေးပါမယ်။

Million Holiday မှာ ဘန်​​ကောက်​ ချင်​းမိုင်​ ဖူးခက်​ ကမ်​း​ခြေ အလည်​ပတ်​ခရီးစဉ်​အတွက်​ ပတ်​စပို / ဗီဇာ​လျှောက်​ပေးတဲ့ ဝန်​​ဆောင်​မူကလွဲလို့​လေယဉ်​လတ်​မှတ်​ /Hotel Booking ပန်​းခြံ /ကစားကွင်​း လတ်​မှတ်​/ မြန်​မာစကားပြန်​ ကားအငှါးဝန်​​ဆောင်​မူအတွက်​ တစ်​နှစ်​ပတ်​လုံး သွား​ရောက်​လည်​ပတ်​ဖို့ ခရီးသည်​များစိတ်​တိုင်​းကျ စီစဉ်​​ဆောင်​ရွက်​​ပေးပါတယ်​။

တစ်​ခြား အ​သေးစိတ်​ ​မေးချင်​တာ​လေး​တွေရှိရင်​ ရုံးချိန်​အတွင်​း Phone /viber/ messenger/Email တို့ကတစ်​ဆင်​့ ဆက်​သွယ်​ စုံစမ်​း​မေးမြန်​းနိူင်​ပါတယ်​။
သာယာအေးချမ်းတဲ့ ဒီဇင်ဘာလလေးမှာ အားလုံးပျော်ရွင်ချမ်းမြေကျပါစေ။

Million Holiday Travels & Tours
ထိုင်​းအလည်​အပတ်​ခရီးစဉ်​များအတွက်​ ဝယ်​ယူအား​ပေးခဲ့ကျ​သော ခရီးသွား မိဘပြည်​သူအားလုံးကိုအထူး​ကျေးဇူးတင်​ရှိပါတယ်​။

​နောက်​သွား​ရောက်​လည်​ပတ်​မည်​့ ခရီးသွားများအတွက်​လည်​း ခရီးသွားရင်​း အ​ထောက်​အကူဖြစ်​​စေမဲ့ ခရီးသွား အ​တွေ့အကြုံ ဗဟုသုတ​လေးများကိုလည်​းအတတ်​နိူင်​ဆုံးကြိုးစား​ရေး​ပေးပါမယ်​။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Million Holiday Travels & Tours
အမှတ်​(၉၃)၃လွာဘီ /လှည်​းတန်​းလမ်​း /
ယူနိူက်​တက်​အမရာဘဏ်​အနီး /ကမာရွတ်​မြိုနယ်​/ ရန်​ကုန်​။
Phone : 09777 928 111
09777 928 444
Viber : +95943077769
Email :
Millionholiday.mm@gmail.com

Latest Comments

Leave a Comment