ကွဲကွဲပြားပြား မသိသူများအတွက် တောကြက်ဥ၊ အိမ်ကြက်ဥ နဲ့ စီပီ ကြက်ဥတို့ အကြောင်း

မူလဆိုက်တွင်ဖတ်ရန် >>>



တောကြက်​ဥ မမြင်​ဖူးသူ​တွေအတွက်​ တောကြက်​ဥ အိမ်​ကြက်​ဥ CP ကြက်​ဥယှဉ်​ပြထားတာပါ….ရောင်​းရန်​မဟုတ်​ပါ…..​နောက်​အလျှင်​းသင်​့လျှင်​ ​ရေကြက်​ဥ၊​ ရေဘဲဥ၊ ဒင်​ကျီးဥနှင်​့ ဟင်္သာဥများ ရှာ​ဖွေတင်​ပြ​ပေးပါမည်​။

တောကြက်​ဥ…….​တောစပ်​ ​တွင်​​တွေ့ရ​လေ့ရှိသည်​။ အပင်​ခပ်​လတ်​လတ်​ကိုင်​းခြုံ ဆူးခြုံများရှိ အသိုက်​များ​တွင်​​ တွေ့ရသည်​။ တစ်​လုံးမှစ၍ အများဆုံး ၅လုံးခန်​့အထိသာ​ တွေ့ရတတ်​သည်​။ ရှားပါး၍​ဆေးဖက်​ဝင်​သည်​ဟုဆိုကြ၍ တရုတ်​သမား​တော်​ များအဝယ်​များသည်​။ ယခင်​က​ပေါများ​သော်​လည်​း လက်​ရှိ၌ ရှားပါး​နေပြီဖြစ်​သည်​။

တစ်​လုံးလျှင်​ ၂၅၀၀ ကျပ်​ခန်​့အထိ​ပေါက်​​စျေး ရှိသည်​။ တောကြက်​ဥကို ဆန်​အရက်​ဖြင်​့​ ဖျော်​​သောက်​ပါက အမျိုးသမီးများ မီးယပ်​​သွေးဆုံးကိုင်​ခြင်​း ကိုယ်​ဝန်​ဆိပ်​တက်​ခြင်​းများသက်​သာ​ပျောက်​ကင်​း​စေသည်​။ တရုတ်​ရိုးရာအားတိုး​ဆေးများတွင်​ ထည်​့သွင်​း​ဖော်​စပ်​ကြသည်​။

အိမ်​ကြက်​ဥ………သဘာဝအတိုင်​းလွှတ်​​ကျောင်​း​ မွေးမြူထားသည်​ ့ကြက်​မများမှ ဥ​သောအ​ကောင်​့​ပေါက်​မည်​့ဥ ဖြစ်​သည်​။​မဒမ်းများမှ ဥ​သော​လေဥသည်​ တန်​ဖိုးမရှိ​ ဆေးဖက်​မဝင်​ပါ။ အိမ်​ကြက်​ဥသည်​​ ထွေ​ထွေထူးထူး​ ပြောစရာမရှိ​အောင် ​မြန်​မာ တို့နှင်​့ရင်​းနှီးပြီးသားပင် ​ဖြစ်​သည်​။ အိမ်​ကြက်​ဥတွင်​ စစ်​တ​ကောင်​းကြက်​ဥ၊​ ညောင်​ကန်​ကြက်​၊ တိုက်​ကြက်​ဥ နှင်​့ တိန်​ညင်​ကြက်​ဥ ဟူ၍ အမျိုးအစားကွဲပြားသည်​။ တစ်​လုံးလျှင်​ ၅၀၀ ကျပ်​ခန်​့အထိ​ပေါက်​​စျေးရှိသည်​။ အရက်​နာကျသူ​တွေအတွက်​ အိမ်​ကြက်​ဥ နှင်​့သံပုရာသီး​ဖျော်​​သောက်​ခြင်​း၊ အမျိုးသားများအတွက်​ အိမ်​ကြက်​ဥ၊ ဖီးကြမ်​းနှင်​့ ပျားရည်​​ခေါက်​စားခြင်​း စသည်​ တို့ဖြင်​့လက်​ရှိ၌အသုံးပြုကြသည်​။

မွေးမြူ​ရေးကြက်​ဥ အ​ကြောင်​းက​တော့ ​မ​ပြော​တော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)

Credit:baganthar

#

Latest Comments

Leave a Comment