မြန်မာလူမှုအဖွဲ့အစည်းတွေကို ဖေ့စ်ဘွတ်တည်ထောင်သူ တောင်းပန်

မူလဆိုက်တွင်ဖတ်ရန် >>>



ဖေ့စ်ဘွတ်တည်ထောင်သူ မာ့ခ်ဖူကာဘတ်နဲ့ Vox သတင်းဌာနတို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဇူကာဘတ်ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး အိပ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ပြီး မြန်မာလူမှု အဖွဲ့အစည်း ၆ ဖွဲ့ကို ဖေ့စ်ဘွတ်က ဒီကနေ့ တောင်းပန်လိုက်ပါတယ်။

အဲဒီမေးမြန်းခန်းမှာ ဇူကာဘတ်က မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၀င်တွေနဲ့ မွတ်စလင်ဘာသာ၀င်တွေ အချင်းချင်း Facebook မက်ဆင်ဂျာကတဆင့် အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တဲ့ စကားတွေပေးပို့ပြီး တဘက်ကိုတဘက် တိုက်ခိုက်ဖို့ Facebook ကို လက်နက်အဖြစ် သုံးနေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါကိုသိတာနဲ့ အဲဒါတွေကို ချက်ချင်းပိတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့လည်း သတိနဲ့စောင့်ကြည့်နေပါတယ်လို့ ပြောခဲ့ပါတယ်။

ဇူကာဘတ် အဲဒီလိုပြောခဲ့တာကိုသိရတော့ အံ့သြမိပါတယ်လို့ အိပ်ဖွင့်ပေးစာပို့သူ အဖွဲ့ ၆ ဖွဲ့က ပြောပါတယ်။ အမုန်းစကားဖြန့်ဝေနေတာတွေကို သိသိချင်းပိတ်ပစ်လိုက်တယ်ဆိုပြီး ဖေ့စ်ဘွတ်ရဲ့ အသုံးဝင်မှုကို ချီးကျူးဂုဏ်ယူသလိုပြောထားပေမယ့် တကယ်က အဲဒီဖြန့်ဝေမှုတွေကို ဖေ့စ်ဘွတ်ကဖတ်မိဖို့ ၄ ရက်ကြာခဲ့ပြီး အဲဒီအတောအတွင်း လူမှုရေးအချင်းများမှု ၃ ခုထက်မနည်း ပေါ်ပေါက်ခဲ့ပါတယ်လို့ စာပေးပို့သူ လူမှုအဖွဲ့အစည်းတွေက အိပ်ဖွင့်ပေးစာထဲမှာ ပြောဆိုထားပါတယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ဖေ့စ်ဘွတ်ရဲ့ပြောခွင့်ရသူက အဲဒီ ဆူပူအုံကြွလာစေဖို့လှုံ့ဆော်တဲ့ ဖြန့်ဝေမှု သတင်းစကားတွေကို ဖေ့စ်ဘွတ်ကတုံ့ပြန်တာ နှောင့်နှေးခဲ့ပါတယ်လို့ ဝန်ခံလိုက်ပါတယ်။

ကျနော်တို့အနေနဲ့ ဒီထက်မြန်မြန်တုံ့ပြန်ဆောင်ရွက်သင့်ပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းနဲ့ အမုန်းကဲပြီး မှားယွင်းတဲ့မှတ်ချက်ကွန်မန့်တွေကို ခြေရာခံတဲ့ ဖေ့စ်ဘွတ်ရဲ့ရဲ့နည်းပညာကို ဒီထက်ပိုပြီး အဆင့်မြင့်မြန်ဆန်လာစေဖို့ ကြိုးစားရမှာဖြစ်ပါတယ်လို့ ဖေ့စ်ဘွတ်ပြောခွင့်ရသူက AFP သတင်း ဌာနကို အီးမေးလ်ကတဆင့် ပြောခဲ့ပါတယ်။

မက်ဆင်ဂျာကိုအသုံးပြုပြီး အမုန်းစကားတွေနဲ့ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တဲ့စကားတွေ ပေးပို့နေကြတယ်ဆိုတဲ့သတင်းကို လူမှုအဖွဲ့အစည်းတွေက ဖေ့စ်ဘွတ်ဆီ အရင်လှမ်းအကြောင်းကြားပြီး တားမြစ်ခိုင်းတယ်ဆိုတာကို မာ့ခ်ဇူကာဘတ်က ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့အတွက် ကျနော်တောင်းပန်ပါတယ်လို့လည်း သူကပြောပါတယ်။

ဖေ့စ်ဘွတ်ဟာ အခုဆိုရင် မက်ဆင်ဂျာမှာ မြန်မာဘာသာနဲ့ ရေးသားတာတွေကို စစ်ဆေးနိုင်မယ့်စနစ်ကို ထည့်သွင်းထားပြီလို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖေ့စ်ဘွတ်ဟာ လူအဖွဲ့အစည်း အချင်းချင်းသွေးကွဲမှုတွေဖြစ်အောင် လှုံ့ဆော်နေတဲ့နေရာတခုအဖြစ် စွပ်စွဲခံနေရတာဖြစ်ပါတယ်။

RFA Burmese

https://www.facebook.com/rfaburmese







Latest Comments

Leave a Comment