ဖေ့စ်ဘုတ်ကုမ္ပဏီမှ ေ၀ဖန်ထိုးနှက်မှုခံနေရတဲ့ လူပုံသဏ္ဍန်စက်ရုပ် Sophia

မူလဆိုက်တွင်ဖတ်ရန် >>>



တရုတ်နိုင်ငံမှ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးဟာ သူ့ရဲ့စာမျက်နှာပေါ်မှာ Sophia

ကို လူတွေကို လိမ်လည်နေကြောင်း ေ၀ဖန်ထိုးနှက်ခဲ့ပါတယ်။ Sophia ဟာ

ကိုယ်တိုင်သင်ယူနိုင်တဲ့ စနစ်များပါရှိတဲ့

လူပုံစံတူစက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။

ယခုတော့ ဖေစ့်ဘုတ်ကုမ္ပဏီမှ စက်ရုပ်သုတေသန ပညာရှင်တစ်ဦးဖြစ်သူ Yann LeCun ဟာ Sophia ကို ရုပ်သေးရုပ်အဖြစ် သမုတ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးကြား ပြဿနာဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပြီး နောက်ဆုံးမှာ Sophia ကို အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။အဲ့ဒီ အင်တာဗျူးမှာ Sophia ဟာ သူ့အပေါ်မှာ ပစ်မှတ်ထားနေတဲ့ LeCun ရဲ့ မကောင်းတဲ့အမြင်တွေကြောင့် ခံစားနေရကြောင်း၊ သူမဟာ လက်ရှိ အတွေ့အကြုံများအပေါ်မှာ သင်ယူလေ့လာနေတုန်းရှိသေးကြောင်း ပြန်ဖြေ ခဲ့ပါတယ်။ဒါတွေကို တုန့်ပြန်တဲ့အနေဖြင့် Mr LeCun ဟာ သူ့ရဲ့ စာမျက်နှာပေါ်မှာ Sophia အကြောင်း ထပ်မံရေးသားခဲ့ပါတယ်။

 Mr LeCun မှ စက်ရုပ်တွေဟာ ခံစားချက်မရှိဘူး၊ တွေးတောမှုလည်းမရှိဘူး၊ နာကျင်မှုလည်းမရှိနိုင်ဘူးဟု သတ်မှတ်ခဲ့ပြီး ရုပ်သေးရုပ်တစ်ခုသာဖြစ်တယ်လို့ ခိုင်းနှိုင်းခဲ့ပါတယ်။ လူတွေဟာ အလိမ်ခံနေရတယ်။ ဒါတွေဟာ သနားဖို့ ကောင်းတယ်လို့ ထမ်မံရေးသားခဲ့ပါတယ်။

Sophia ကို မနှစ်သက်တဲ့သူတစ်ယောက် မှလည်း လူတွေဟာ သိပ္ပံဇာတ်ကားတွေ ကြည့်တာ များနေပြီလို့ ၀င်ရောက်ရေးသားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: popolay

#

Latest Comments

Leave a Comment