"လေးလေးနက်နက် မတွဲချင်သေးဘူးဆိုတဲ့ အချက် (၇) ချက်"

မူလဆိုက်တွင်ဖတ်ရန် >>>



"လေးလေးနက်နက် မတွဲချင်သေးဘူးဆိုတဲ့ အချက် (၇) ချက်"

၁- မတိုးတက်လိုသူ

နှစ်ဦးသား ဆက်ဆံရေးဆိုတာ သစ်ပင် တစ်ပင်လိုပါပဲ။ ရေလောင်း ပေါင်းသင်ရင်းနဲ့ အမြစ်တွယ် ခိုင်မာလာတာပါ။ အချိန်ကုန် စိတ်ပင်ပန်းခံပြီး အလေးထား ဆောင်ရွက်ချင်စိတ် မရှိသေးတာဟာ လေးနက်တဲ့ လက်တွဲဖော် မရှာချင်သေးဘူးဆိုတဲ့ လက္ခဏာပါ။

၂- အယူများ

နှစ်ဦးသား ဆက်ဆံရေးမှာ အပေးထက် အယူများနေရင်လည်း လေးနက်တဲ့ လက်တွဲဖော် မလိုချင်သေးတဲ့ လက္ခဏာပါ။

၃- ရှောင်ထွက်

လက်ရှိထက်ပိုတဲ့ အခြေအနေမျိုးတွေ၊ ခိုင်မာတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်တဲ့ အကြောင်းမျိုးတွေကို မပြောချင်ဘူး၊ ဒီလိုကိစ္စတွေနဲ့ ပက်သက်ရင် ရှောင်ထွက်တတ်တယ်။

၄- အမြဲတမ်းနာကျင်

တည်ငြိမ်လေးနက်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ဘဲ တစ်ဖက်လူကို အမြဲတမ်း နာကျင်အောင် လုပ်မိနေတယ်ဆိုရင် သင်ဟာ လေးလေးနက်နက်တွဲဖို့ မဖြစ်နိုင်သေးပါဘူး။ ရင့်ကျက်မှု လိုအပ်နေပါတယ်။

၅- မတွေ့ချင်

သူ့မိသားစု၊ သူ့ပတ်ဝန်းကျင်နဲ့ ထဲထဲဝင်ဝင် မပက်သက်ချင်သေးဘူးဆိုရင် လေးနက်တဲ့ ဆက်ဆံရေးမျိုး မတည်ဆောက်ချင်သေးတာပါ။

၆- တောင်းဆိုမှု

မလိုအပ်တဲ့ တောင်းဆိုမှုတွေကို အမြဲ လုပ်နေပါတယ်။ တစ်ဖက်လူဟာ အမြဲတမ်း ပြည့်စုံတဲ့လူ မဖြစ်နိုင်ဘူးဆိုတာ သိပေမဲ့ အမြဲတမ်း တောင်းဆိုနေတတ်ပါတယ်။ သေချာစဉ်းစားကြည့်ရင် ဒီတောင်းဆိုမှုတွေကလည်း မလိုအပ်ပါဘူး။

၇- လွပ်လပ်ချင်တယ်

တစ်စုံတစ်ယောက်နဲ့ တွဲတယ်ဆိုတာ မလုပ်မဖြစ် လုပ်ရမယ့်အရာလို့ ခံယူပြီး လုပ်မိတတ်သူတွေပါ။ တစ်ဖက်လူကြောင့် အမြဲတမ်း မလွပ်လပ်ဘူးလို့ ခံစားနေရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Duwun

Latest Comments

Leave a Comment