Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

lemon ဖျော်ရည်အပူကို မနက်ပိုင်းမှာ သောက်ခြင်းဖြင့် ၀ိတ်ကျပြီး နုပျိုစေ

Image



Lemon ဖျော်ရည်အပူအားသောက်သုံးခြင်းကြောင့် ၀ိတ်ကျပြီး နုပျိုလန်းဆန်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြခဲ့တယ်လို့ Daily Mail ကဆိုပါတယ်၊ လီမွန်သီး (ရှောက်ချိုသီး) မှာပါ၀င်တဲ့ ဗီတာမင်စီ

ကြောင့် ကော်လာဂျင်ထုတ်လွှတ်မှုအားကောင်းစေပြီး အသားအရေကိုနုပျိုစေမှာဖြစ်တယ်လို့ဆိုပါတယ်၊

အဲ့ဒီအပြင် Metabolic ထုတ်လုပ်မှုအားကောင်းစေတာကြောင့် သွေးထဲမှာရှိနေတဲ့ ကိုလက်စ်ထရောကိုလျှော့ချပေးနိုင်တယ်လို့သိရပါတယ်။

လီမွန်မှာပါ၀င်တဲ့ ဗီတာမင်စီဟာ antioxidants ပါ၀င်တာကြောင့် နေရာင်ခြည်မှာပါ၀င်တဲ့ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနဲ့ ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို တိုက်ဖျက်တားမြစ်ပေး

ပြီးအသားအရေကို နုပျိုုစေတာဖြစ်တယ်လို့သိရပါတယ်၊

လီမွန်သီးဖျော်ရည်ဟာ ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီအပိုတွေကိုဖယ်ရှားတားဆီးပေးတဲ့အပြင် သွေးထဲမှာရှိနေတဲ့ကိုလက်စ်ထရောကိုလျှော့ချပေးတာကြောင့် ဇီ၀ရုပ်ဖြစ်ပျက်မှုကိုထိန်းညှိပေးပြီး အဆီတွေကို

လျှော့ချပေးတာဖြစ်တယ်လို့သိရပါတယ်၊

တခြားလီမွန်သီးရဲ့အကျိုးအာနိသင်တွေကတော့ အမောအပန်းခံနိုုင်အောင် စွမး်အင်တွေထုတ်လုပ်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ ဓာတ်တွေကိုတားဆီးပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ကြွယ်၀တာကြောင့် ဦးနှောက်အားကောင်းစေပြီး သွေးဖိအားကိုထိန်းညှိပေးနိုင်ခြင်း၊ လန်းဆန်းစေတာကြောင့် အသက်ရှူ ရှိုက်ရာမှာ အားကောင်းစေခြင်းတို့ပဲဖြစ်ပါတယ်၊

ဒါကြောင့်ဒီလိုကောင်းမွန်တဲ့ လီမွန်သီးဖျော်ရည်ကိုမနက်တိုင်းသောက်ပေးပြီးကျန်းမာစွာနေထိုင်နိုင်ဖို့ရေးသားလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Thithtoolwin

Latest Comments

Leave a Comment

Related News