Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Sexy ဆိုတာအတင်းကြီး ပြူးပြနေစရာမလိုဘူးဆိုတဲ့ မာရီကိုးလ်

Image



မော်ဒယ်လ်လောကမှာလည်း ပရိသတ်အားပေးမှု လက်ခံမှုတွေ ရရှိထားသလို ဆွဲမက်စရာကောင်းတဲ့ အလှအပတွေကြောင့် ယောက်ျားလေးပရိသတ် အများစုရဲ့ အားပေးမှုကို ရရှိထားနေတဲ့ နာဂ တိုင်းရင်းသူလေး မာရီကိုးလ်ကတော့ Sexy ဆိုတာရဲ့ အဓိပ္ပါယ်ကို ပြောသွားခဲ့ပြီး Sexy ဆိုတာဟာ အတင်ပြီး ဖော်ချွတ်ပြနေစရာမလိုကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ မင်းသမီးတွေ မော်ဒယ်လ်တွေ တော်တော်များများက ပွဲဖိတ်တဲ့ သူတွေကြောင့် အဖော်ချွတ်ပုံစံတွေ ဝတ်လာတာနဲ့ ပတ်သက်ပြီး မာရီကိုးလ်က ပြောသွားခဲ့တာလည်း ဖြစ်ပါတယ်။

မာရီကိုးလ်က “အခုကတော့လေ တစ်ခါတစ်လေကျရင် ပြောချင်တာ။ ဒါပေမဲ့လည်း သူ့ခံယူချက်ကိုယ့်ခံယူချက်ပေါ့နော်။ မတူဘူးပေါ့ သူကလည်း သူ့ခံယူချက်နဲ့သူတော့ ရှိမှာပေါ့ ဒါပေမဲ့ အဲ့လောက်အထိ မလိုဘူးလို့တော့ ထင်တယ်သိလား။ အကုန်ပြပြီးသွားရင် နောက်ခပ်ပြစရာဘာမှမရှိတော့ဘူး အဲ့တာလေးတစ်ခုတော့ စိုးရိမ်တယ်။ တန်လားပေါ့နော် အဲ့လိုပြရတာ ကိုယ့်အတွက် တန်လားပေါ့နော်။ အဲ့လိုပြလိုက်ပြီး တကယ့်တန်ရာတန်ကြေး အနုပညာကြေးရော ရရဲ့လား တကယ်ရော တန်သလားပေါ့နော်။ ကိုယ်လုပ်လိုက်တဲ့ဟာက တကယ်Imageရော ကောင်းသလားပေါ့။ ချပြလို့တော့ရတယ် နိုင်ငံခြားမှာ မော်ဒယ်လ်တွေ အကုန်လုံးချပြကြတာပဲလေ။ ဒါပေမဲ့လည်း ချပြတဲ့ အပေါ်မှာ သူ့ဟာနဲ့သူရှိတယ်ပေါ့နော်။ ပြီးရင် အနုပညာကြေးဆိုတာ တန်ရာတန်ကြေး ရမှလည်း လုပ်ပြကြတာပေါ့ အကုန်လုံးက။ အဲ့တာမျိုးလေးတွေတော့ ဖြစ်စေချင်တယ်။ ဒါပေမဲ့ ခံယူချက်ချင်းကတော့ တူမှာ မဟုတ်ဘူးလေနော် သူကလည်း သူရဲ့ ခံယူချက်နဲ့သူ ရှိမှာပေါ့နော်။ ညီမတော့ နှမြောတယ် မတန်ဘူးလားလို့လေ။”လို့ ပြောသွားခဲ့ပါတယ်။

ဖော်ချွတ်ပြီး ပွဲတက်တာတွေက စျေးကွက်တစ်ခုလိုဖြစ်နေတာကို မာရီကိုးလ်က သူ့ရဲ့ အမြင်ကို “အဲ့တာကြီးက စျေးကွက်တစ်ခုလိုဖြစ်နေတာလေ အဲ့တာမကောင်းဘူးလို့ မြင်တယ်သိလား။ ဘာလို့ဆိုတော့ အဲ့တာကြီးက စျေးကွက်တစ်ခုလို ဒါကြီးလုပ်ပြမှ ဒီလိုမျိုး လုပ်ပြမှ အောင်မြင်မယ်ဆိုတဲ့ စျေးကွက်မျိုး ပုံစံမျိုးကြီး ဖြစ်နေတာလေ။ အဲ့လိုနည်းနဲ့ မဖောက်ဘဲ အဓိက ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို သေချာသိဖို့ လိုတယ်လို့တော့ထင်တယ်။ ကိုယ်ဒီဟာလုပ်တာ ဘာအတွက်လုပ်တာလဲ ကိုယ့်ရဲ့ Image ကိုယ့်ရဲ့သမိုင်းကြောင်း ရေရှည်မှာ ကောင်းမှာလား လူဆိုတာ ခံယူချက်ရှိရမယ်ကွာ တ်ခုခုလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့အကြောင်းပြချက် ခံယူချက်ဆိုတာမျိုးရှိရမယ် မရှိဘဲနဲ့ လုပ်နေတာမျိုးကြီးကျတော့လည်း အဆင်မပြေဘူးပေါ့နော် အဲ့တာကျတော့လည်း မကောင်းဘူးပေါ့။

လူတွေက နောက်ပိုင်းကြတော့ ဒါကြီးက ရှက်ရမယ် ဒါကြီးက ကြောက်ရမယ်ဆိုတဲ့ ဟာမျိုးတွေက မရှိလာတော့ဘူး အဲ့လိုမျိုးဖြစ်လာတာဆိုတော့ ပြချင်လုပ်ချင်တယ်ဆိုရင်တောင်မှ သေချာလေး ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို အရင်ဆုံးလေ့လာ ငါဘာအတွက် လုပ်တာလဲ ဘယ်လိုလုပ်ရမှာလဲ ဆိုတဲ့ဟာမျိုလေး အကြောင်းအရင်လေးကို သေချာသိပြီးတော့မှ လုံးဝ Sexy လုပ်တယ်ဆိုရင်တောင်မှ Sexy ကိုသူတို့က ဘာကြောင့် Sexy လဲ Sexy ဆိုတာ ဘာလဲ ဆိုတဲ့ဟာကို အရင်လေ့လာသင့်တယ်။ သူတို့လွဲနေတဲ့ အလွဲလေးတွေပေါ့ Sexy ဆိုတာနဲ့ အတင်းတွေ ဖော်မယ် ချွတ်မယ်အဲ့လိုပုံစံတွေမျိုးတွေ အဲ့လိုတွေ ထင်နေတယ်။

ဘာကြောင့် Sexy လဲ Sexy ဆိုတာ သူများနိုင်ငံမှာ ဘယ်လိုသုံးလဲ ဘာကြောင့် လုပ်တာလဲ ဥပမာ အတင်းကြီး ဒီပြူးပြူးပြဲပြဲတွေ လုပ်ပြတာမှ မဟုတ်ဘဲနဲ့ Body ကောက်ကြောင်းလေး လုပ်တာ မျက်လုံးရဲ့ Moodပေါ့ Sexyဖြစ်အောင် ကြည့်တယ်။ ဒါမျိုးလေးတွေနဲ့လည်း လုပ်လို့ရတယ်။ ညီမဆရာဆိုရင် လုံလုံခြုံခြုံလေးနဲ့လည်း Sexy လုပ်လို့ရတယ်တဲ့။ Sexyဆိုတဲ့ အပေါ်မှာ အတင်းကြီးတွေ ပြူးပြပြဲပြလုပ်တာကို Sexyလို့ခေါ်တာမဟုတ်ဘူးဆိုတော့ တစ်ချို့က မသိတဲ့လူတွေ အများကြီးရှိတယ်။” လို့မာရီကိုးလ်က ပြောသွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: နာမည်ကြီး

#

Tags:
  • ,

Latest Comments

Leave a Comment