Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Samsung စမတ်ဖုန်းသစ် Galaxy Note 8 ကို စိတ်ဝင်တစား စောင့်ကြည့်သင့်တဲ့ အကြောင်းရင်းခုနစ်ခု

Image



Note စီးရီး စမတ်ဖုန်းတွေ ထုတ်လုပ်နေမှုကို Samsung က အဆုံးသတ်တော့မလို ကောလာဟလ တချို့ ထွက်ပေါ်ခဲ့ပေမယ့် အခုတော့ တောင်ကိုရီးယား နည်း ပညာကုမ္ပဏီကြီးက ဩဂုတ် ၂၃ရက်မှာ Note 8 ဖုန်းအသစ်ကိုတရားဝင် မိတ်ဆက်မှာဖြစ် ကြောင်း အတည်ပြုကြေညာ လိုက်ပါပြီ။ Samsung ရဲ့ ထိပ်တန်း အဆင့်မြင့်စမတ်ဖုန်းမော် ဒယ်တစ်ခု ဆက်လက်ပြီး ရှင်သန်နေမယ့်သတင်းက ကျေနပ်စရာ တော့ ဖြစ်လာပါတယ်။ ဒီဖုန်းတွေ နဲ့ပတ်သက်ပြီး ကြိုတင်ကောလာ ဟလအမျိုးမျိုးတော့ ထွက်ပေါ်နေပါတယ်။ နောက်ပိုင်း အဆင့်မြင့် ဖုန်းမော်ဒယ်တွေမှာ Samsung ရဲ့ နည်းပညာဖြည့်တင်းမှုတွေက ထူးထူးခြားခြားဖြစ်လာတဲ့အတွက်Note 8 မှာလည်း မျှော်လင့်စရာ တွေ တစ်ပုံတစ်ခေါင်းဖြစ်နေတာ မဆန်းပါဘူး။

Samsung ရဲ့ စမတ်ဖုန်းအ သစ် Galaxy Note 8 ကို သေချာပေါက် စိတ်ဝင်တစား စောင့်ကြည့်သင့်တဲ့ အခြေခံအကြောင်းတရား ခုနစ်ခုကို ဖော်ပြလိုက်ပါတယ်။

Note 7 ဂယက်

အကြီးအကျယ် မျှော်လင့် ထားပေမယ့် ဆိုးဆိုးရွားရွား ပြဿနာတွေသာကြုံခဲ့တဲ့ Note7 တွေအကြောင်း အမှတ်ရနေကြ ဦးမှာပါ။ ဘက်ထရီ ဖွဲ့စည်းပုံ အမှားအယွင်းကြောင့် အပူလွန် ကဲပြီး မီးလောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ စမတ်ဖုန်းတွေကြောင့် Samsung အတွက် အကြီးအ ကျယ် ထိခိုက်နစ်နာမှုတွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ GalaxyNote စီးရီးတွေရဲ့ ဂုဏ်သတင်းကိုအကောင်းဆုံးပြန်အဖတ်ဆယ် နိုင်ဖို့ Note 8 ဟာ ဘယ်လောက် တောင် အရေးပါမလဲဆိုတာကို အလွယ်တကူ တွေးကြည့်နိုင်ပါ တယ်။

နည်းပညာသစ် ဘက်ထရီ

ဒီကိစ္စကလည်း ပထမအ ချက်နဲ့ ဆက်စပ်နေပါလိမ့်မယ်။ Samsung ဟာ Note 7 တုန်းကကြုံခဲ့တဲ့ အမှားမျိုးထပ်အဖြစ်ခံ တော့မှာ မဟုတ်ပါဘူး။ ဘက်ထရီရဲ့ လုံခြုံရေးကဏ္ဍကို မြှင့်တင်ထား ပြီး 8-point ဘက်ထရီစနစ်ကိုစအသုံးပြုမယ်လို့ ဆိုပါတယ်။ ဘက်ထရီနဲ့ပတ်သက်တဲ့ ယို ပေါက်တွေ၊ အားနည်းချက်တွေ၊ အမှားအယွင်း ဖြစ်နိုင်ခြေတွေ အားလုံးကို Samsung က စေ့စေ့စပ်စပ်စစ်ဆေးပြီး အကောင်းဆုံးပြင်ဆင်ထားမှာ အသေအချာပါ ပဲ။

ဒီဇိုင်းအပြောင်းအလဲ

Samsung ရဲ့ စမတ်ဖုန်း တွေမှာ S စီးရီးတွေနဲ့ Note စီးရီးတွေက ထိပ်ဆုံးတန်း စံသတ်မှတ် ချက်တွေလို့ ဆိုနိုင်ပါတယ်။ S8 စမတ်ဖုန်းတုန်းက Samsung က လက်ဗွေဖတ် လုံခြုံရေးစနစ်ကို ဖုန်းနောက်ဘက်ကို ပိုပြီးကင် မရာမှန်ဘီလူးနား ပြောင်းလဲနေ ရာချလိုက်တယ်။ အဲဒီဒီဇိုင်းအခြေ ခံဟာ လက်တွေ့အသုံးပြုချိန်မှာ အတော်လေးအာရုံနောက်စရာ ဖြစ်သွားကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ Sam-sung Pay နဲ့ Android Pay လိုငွေပေးချေမှု စနစ်တွေကိုပါ ချိတ်ဆက်ပေးထားတဲ့ လက်ဗွေဖတ် လုံခြုံရေးစနစ်ဟာ Note 8 မှာ တော့ Screen အောက်ခြေကို ပြန်ရောက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တကယ် လို့ Samsung က လက်ဗွေဖတ် စနစ်ကို ဖုန်းနောက်ပိုင်း အလယ်တည့်တည့်ပို့လိုက်ရင်လည်း သိပ်တော့မဆိုးပါဘူး။ Google Pixel၊LG G6၊ Huawei P10 တို့လို ဖုန်းတွေက အဲဒီနေရာမှာ လက်ဗွေ ဖတ်စနစ်ကို ထားရှိတာ အဆင် ပြေနေပါတယ်။

iPhone မျိုးဆက်သစ်ရဲ့ စိန်ခေါ်မှု

Note မျိုးဆက်သစ်တွေနဲ့ iPhone တွေ ယှဉ်ပြိုင်တာ နှစ်တိုင်းလိုလို ပွဲကြီးပွဲကောင်းဖြစ်နေ ကျပါ။ ဒီနှစ်မှာတော့ Apple ဟာiPhone တွေရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် iPhone 8 အသစ်ကို မီးကုန်ယမ်းကုန် ပြင်ဆင်မှု တွေနဲ့ မိတ်ဆက်လာမယ်လို့ ယုံ ကြည်ရပါတယ်။ Note 7 မှာ နာမည်ပျက်ထားတဲ့ Samsung အနေနဲ့ ဒီကိစ္စကို အလေးအနက်ထည့် တွက်ရမှာဖြစ်ပြီး Note 8 ဟာအမှတ်တံဆိပ်ကို အဖတ်ဆယ် ဖို့အပြင် အံ့မခန်းနည်းပညာတွေ ပါလာဖွယ်ရှိနေတဲ့ ပြိုင်ဘက်ကို တုံ့ပြန်ဖို့ပါ အရေးကြီးနေပါတယ်။

Screen အပြောင်းအလဲ ရွေးချယ်ခွင့်

ပထမဆုံး Note တွေကို ၅ ဒသမ ၃ လက်မအရွယ် Screenနဲ့ စရောင်းတုန်းက အရွယ်အစားကြီးမားတဲ့ Phablet ဆန်ဆန် ဖုန်းတွေအဖြစ် ယူဆခံခဲ့ရတယ်။ အခုတော့ ဒီအရွယ်အစားလောက်ဟာ စမတ်ဖုန်းစျေးကွက်မှာ ပုံမှန်စံနှုန်းလောက် ဖြစ်လာပါပြီ။ S8 မှာ ၆ ဒသမ ၂ လက်မအရွယ် Screen၊ ၆ ဒသမ ၈ လက်မအရွယ် Screenတွေနဲ့ မျိုးကွဲတွေ ပါဝင်လာမယ်လို့ သတင်းထွက်နေတယ်။ တရားဝင် အတည်မပြုသေးပေမယ့် ဒီကိစ္စက ဖြစ်နိုင်ခြေများပါတယ်။ အရွယ်အစားကြီးမားတဲ့ မော်ဒယ်တွေ ကို S8 Plus ဆိုတဲ့ နာမည်နဲ့ ရောင်းချတာမျိုးပေါ့။ Samsung အနေနဲ့ ဖောက်သည်တွေကို ဖုန်း အရွယ်အစားနဲ့ ပတ်သက်လို့ ကျယ်ပြန့်တဲ့ ရွေးချယ်မှုမျိုး ခွင့်ပြု မလားဆိုတာ စိတ်ဝင်စားစရာပါ။

နည်းပညာပိုင်း ဆန်းသစ်မှုတွေ

Note 7 ရဲ့ ပုံရိပ်ကို ဖျောက်ဖျက်ဖို့အတွက် Note 8 ရဲ့ ရပ်တည်မှုက ဘယ်လောက်အရေး ကြီးမလဲဆိုတာကို Samsung က သေချာသိပြီးသားပါ။ ဒါကြောင့်အံ့ဩဘနန်း ဖြစ်သွားရလောက် တဲ့ နည်းပညာမျိုးတွေ၊ Feature တွေ ပေါင်းစပ်ပေးလာမယ်လို့ ခိုင် ခိုင်မာမာ ယုံကြည်သင့်ပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်ရည် မြင့်သထက် မြင့်လာတယ်ဆိုတာ လောက်နဲ့တင် လုံလောက်မှာ မဟုတ်ပါဘူး။ လက်ဖဝါးပေါ် ကိုင် ဆောင်နိုင်ရုံလောက် ဖုန်းလေး တစ်လုံးက ဘယ်လောက်ကြီးမား တဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ထုတ်ပေးနိုင်မလဲ ဆိုတာကိုပါ ထည့်တွေးရပါမယ်။ Note 8 ဟာ မျှော်လင့်နေတဲ့ ပရိသတ်ရဲ့ဆန္ဒကို လက်တွေ့ကျကျ ဖြည့်ပေးနိုင်ဖွယ် ရှိပါတယ်။

စိတ်ဝင်စားစရာ ကောလာဟလတွေ

ဖုန်းအသစ်အကြောင်းကို Samsung က ဘာမှမပြောသေး ပါဘူး။ ဒီအတွက် ထင်ကြေးအမျိုး မျိုးနဲ့ ကောလာဟလတွေ ထွက် ပေါ်နေတာ ဓမ္မတာပါပဲ။ Note 8 မှာ နောက်ဘက်ကင်မရာ နှစ်လုံး ပါဝင်လာမှာဖြစ်ပြီး S Pen ဆိုတဲ့ စမတ် ကညစ်တံကလည်း Built-in Speaker ပါ ပါဝင်လာမယ်လို့ သတင်းကြီးနေတယ်။ Screen ရဲ့ဘက်ပေါင်းစုံ အစွန်းတွေက လည်း ကွေးနေမယ်လို့ ပြောဆိုနေတာတွေ ရှိပါတယ်။ နောက်ပြီး Apple ရဲ့ 3D Touch လိုမျိုး ဖုန်း Screen အပေါ် ဖိအားသက်ရောက်မှုကို သရုပ်ခွဲနားလည်နိုင် တဲ့ နည်းပညာပါရှိလာမယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။ ကောလာဟလတွေ မှန်၊ မမှန်ဆို တာကတော့ ဩဂုတ် ၂၃ ရက်ကျ မှ အဖြေထွက်လာမှာ ဖြစ်ပါ တယ်။   

ဖိုးသူတော် (www.phothutaw.com)

Credit: 7daydaily

Latest Comments

Leave a Comment

Related News