Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Myanmar Idol ပြိုင်ပွဲတွင် အိမ်ထောင်ရှိသူ Winner ဖြစ်ခွင့်ရှိ မရှိကို တာဝန်ရှိသူက ပြောကြား..!

Image



 

Myanmar Idol မှာ ပရိသတ်တွေထင်မြင်ယူဆနေသလိုမျိုး အိမ်ထောင်သည် Winner

ဖြစ်ခွင့်မရှိဆိုသောသတ်မှတ်ချက် မရှိကြောင်း Myanmar Idol ပွဲရဲ့

ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်နန်းမောက်လောဝ်ဆိုင် ကို ဒီနေ့ည ကျင်းပတဲ့

အကယ်ဒမီဆုရှင်များ ဂုဏ်ပြုပွဲမှာ တွေ့ဆုံခိုက် ပြောကြားခဲ့ပါတယ် ။

သူမက

” ကျွန်မတို့မှာ အဲလိုသတ်မှတ်ချက်မျိုးမရှိပါဘူး။အဲဒါကြောင့်

စပြီးရွေးချယ်ကတည်းက

အသက်အရွယ်ကန့်သတ်ချက်နဲ့ပဲရွေးတာပါ။အိမ်ထောင်သည်ဖြစ်ပေမဲ့ လည်း

သူ့အရည်အချင်းပြည့်မီခဲ့ပြီး ပရိသတ်ရဲ့Voting အရလည်း အားသာခဲ့မယ်ဆိုရင်

Winner ဖြစ်ခွင့်ရှိမှာပါ။နောက်တစ်ခုက Voting System ကို

အငြင်းပွားမယ့်အစား မိမိအားပေးတဲ့ပြိုင်ပွဲဝင်ကို အချိန်ရှိတုန်း Vote

ပေးကြဖို့ပြောပါရစေ” လို့ ဒေါ်နန်းမောက် လောက်ဝ်ဆိုင် က ပြောကြားခဲ့ပါတယ် ။

#news-Theil Myawe

ဖိုးသူတော် (www.phothutaw.com)

Credit:Apannpyay

#

Latest Comments

Leave a Comment

Related News