Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Man U ဘောလုံးသမားတွေ သင်ပေးမဲ့ Man U ဘောလုံးသင်တန်းကျေင်း မြန်မာနိုင်ငံမှာဖွင့်ပြီ

Image



မြန်မာနိုင်ငံမှာ ဖွင့်လှစ်သင်ကြားပေမယ့် Manchester United Soccer School အတွက် သတင်းစာရှင်းလင်းပွဲကိုတော့ မေလ 11 ရက်နေ ့က Malia Hotel မှာပြုလုပ်ကျငး်ပခဲ့ပါတယ်။

Manda Company ကစီစဉ်ဖွင့်လှစ်မဲ့ Manchester United Soccer School မှာ 1996 ခုနှစ်မှ 2002 ခုနှစ်ထိ Man U အသင်းမှာကစားခဲ့ကျတဲ့ ဘောလုံးသမားဟောင်းတွေနဲ ့Man U နည်းပြဟောင်းတွေက ရန်ကုန် ကစားသမား 30 ဦးနဲ ့ပုသိမ်မှ ကစားသမား 150 ဦးတို ့ကို စတင်လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အသက် 12 နှစ်အထက်အရွယ်တွေကို ဘောလုံးပညာသင်ကြားပေးရင်း မြန်မာ့လက်ရွေးစင်အသင်းအတွက် တတ်နိုင်တဲ့ဘက်က ကူညီတာဖြစ်တယ်လို ့Manda Company ဥက္ကဌ ဦးမြင့်ဦးက ပြောကြားခဲ့ပါတယ်။

''အသက် 12 နှစ်ကနေပြီးတော့ 16 နှစ်အထက်တွေကိုစတင်လေ့ကျင့်သင်ကြားပေးသွားမှာပါ။ ဒီအရွယ်မှာ စတင်ပြီးတော့သင်ကြားပေးခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ လက်ရွေးစင်မွေးထုတ်နိုင်မယ်လို ့ရည်ရွယ်ထားပါတယ်။ ဒါကလည်း တစ်ပိုင်းတစ်စ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးထားတာပါပဲ''

Man U အသင်းအပါအ၀င် ဥရောပ Club အသင်း 7 ခုမှာ ကစားခဲ့တဲ့ ရွန်နေးဂျွန်စင်ကတော့ မြန်မာနိုင်ငံက ကလေးတွေကို ဘောလုံးအရည်အသွေးပြည့်၀တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်လို ့ပြောကြားခဲ့ပါတယ်။

''Man U အသင်းက နာမည်ကြီး ဘောလုံးအသင်းတစ်ခုဖြစ်နေတာထက် နာမည်ကြီး Brand တစ်ခုဖြစ်နေပါတယ်။ နာမည်ကြီးဘောလုံးအသင်းတွေဆိုတာက ကစားသမားတွေအချင်းချင်း ဟန်ချက်အပြည့်နဲ ့ အချိတ်အဆက်မိမိကစားကျရတာပါ။ အခုသင်ကြားမဲ့ သင်တန်းမှာလည်း ကစားသမားတွေအနေနဲ ့အချိတ်ဆက်မိမိကစားတတ်ဖို ့Skill Full ဖြစ်အောင် ရတဲ့အချိန်လေးမှာ သင်ကြားပေးသွားမှာဖြစ်ပါတယ်''

Manda Company အနေနဲ ့ဒီအစီစဉ်ကိုအကောင်ထည်ဖော်ခဲ့တာ 1 နှစ်တိတိကြာမြင့်ခဲ့တာဖြစ်ပြီးတော့ အသက် 12 နှစ်ကနေ 16 နှစ်အတွင်း ဘောလုံး၀ါသနာရှင်လူငယ်တွေဟာ နိုင်ငံတကာဘောလုံးနည်းစနစ်တွေကို နဖူးတွေ ့ဒူးတွေ ့သင်ကြားရတော့မှာဖြစ်ပါတယ်။

''တိမ်မြုပ်နေတဲ့ အရည်အသွေးတွေကို ကျွန်တော်တို ့က အာရှအလည် ကမ္ဘာ ့အလည်မှာ ပြန်ပြီးတော့ ၀င့်ကြွားလာဖို ့အတွက် တတ်နိုင်တဲ့ဘက်က ကျွန်တော်တို ့ပံပိုးမှသာလျှင် အရှိန်ဟုန်ပြင်းပြင်းနဲ ့ကမ္ဘာကိုထိုး ဖောက်နိုင်မှာဖြစ်တယ်လို ့တော့ယူဆပါတယ်'' လို ့Manda Company ဥက္ကဌ ဦးမြင့်ဦးက ပြောကြားခဲ့ပါသေးတယ်။

Credit : KAMAYUT MEDIA

Latest Comments

Leave a Comment

Related News