Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Live လွှင့်ပြီး အိမ်မွေးခွေးနဲ့အတူ တိုက်ပေါ်မှ ခုန်ချသေကြောင်းကြံခဲ့တဲ့ အမျိုးသမီး

Image



ရုပ်သံလွှင့်အမျိုးသမီးတစ်ဦးဟာ လိုက်ဖ်လွှင့်နေရင်း ကြည့်နေတဲ့ပရိသတ်တွေရှေ့မှာပဲ သူမခွေးကိုခေါ်ကာ ပြူတင်းပေါက်ကနေ ခုန်ချသတ်သေသွားခဲ့ကြောင်း သိရပါတယ်။ သူမကို “BJ Dark” လို့ အသိများကြပြီး သူမရဲ့ချန်နယ်မှာ လိုက်ဖ်လွှင့်နေရင်းနဲ့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားခဲ့တာ ဖြစ်ပါတယ်။ ရုပ်သံလွှင့်အစီအစဉ်တစ်ခုမှာတော့ သူမဘ၀ကိုအဆုံးစီရင်လိုကြောင်း ပြောသွားခဲ့ပါတယ်။

ရုပ်သံလွှင့်နေတုန်း သူမရဲ့ခွေးကိုကောက်ချီပြီး သူမနေထိုင်ရာ ဘူဆန်မြို့ အထပ်အမြင့်(၈)လွှာ ပြူတင်းပေါက်ကနေခုန်ချသွားခဲ့တာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက အားချင်းရောက်လာပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့ပေမယ့် BJ Dark ဟာတစ်နာရီအတွင်းမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

သတင်းမှတ်တမ်းတွေအရ သူမဟာမကြာသေးခင်က ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်ဆဲခဲ့ပြီး စိတ်ကျရောဂါ အပြင်းအထန်ရနေကြောင်း သိရပါတယ်။ သူမရဲ့ သေကြောင်းကြံစည်တဲ့ဗီဒီယို လိုက်ဖ််မလွှင့်ခင် (၂)ရက်အလိုတုန်းကလည်း သူမဘ၀ကို အဆုံးစီရင်တော့မယ့်အကြောင်း ဗီဒီိယိုတစ်ခုမှာ ပြောခဲ့ပြီး သူမရဲ့ခွေးကိုစောင့်ရှောက်ဖို့ လူရှာနေတယ်လို့ ဆိုခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: yawthama

#

Latest Comments

Leave a Comment

Related News