Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Justin Bieber ရဲ့ ရက်စက်မှုကြောင့် ပိုးစိုးပက်စက်အသည်းကွဲနေရတဲ့ Selena Gomez

Image



Justin တစ်ယောက်ကတော့ ဘယ်အညိုးနဲ့များ ရက်စက်နေသလဲမသိဘူးလို့တောင်ဆိုရမှာပါ။ နှစ်ပေါင်းဆယ်နှစ်လောက်တွဲလာကြတဲ့ Justin နဲ့ Selena တို့နှစ်ဦး အပြန်အလှန်ကြင်နာယုယပြီးချစ်ကြည်နူးတစ်တီတူးနေခဲ့ကြတဲ့မြင်ကွင်းတွေက လွန်ခဲ့တဲ့ခြောက်လလောက်ကမှဖြစ်ပျက်ခဲ့တာဖြစ်ပြီး အိုဟောင်းမသွားသေးပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြားထဲမှာပလူပျံနေဆဲပါ။ ဒါပေမယ့် Justin တစ်ယောက်ကတော့ အခြားမိန်းကလေးတစ်ဦးနဲ့လက်ထပ်ဖို့အစစအရာရာအဆင်သင့်ဖြစ်နေခဲ့ပါပြီ။

ကိုယ်နှစ်ရှည်လများချစ်ခဲ့တဲ့ ယောက်ျားတစ်ယောက်က အခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်တော့မယ့်အဖြစ်ဟာ ပြုံးပြုံးလေးကျော်သွားရလောက်အောင်လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။ ဘယ်လောက်ပဲမခံစားရပါဘူးလို့ပြောပြော အနည်းနဲ့အများတော့နာကျင်ရတာချည်းပါပဲ။ Selena ဟာလည်း မိန်းကလေးတွေထဲကမိန်းကလေးတစ်ဦးပဲမို့ နာကျင်ရမှာအသေအချာပါ။ အထူးသဖြင့်သူချစ်တဲ့ယောက်ျားက ကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှ ရှောင်ပုန်းလို့မလွတ်နိုင်တဲ့ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်နေတဲ့အခါမျိုးမှာပေါ့။ Justin ရဲ့အငွေ့အသက်တွေကလွတ်တဲ့နေရာကိုသွားချင်ရင် Selena အဖို့ အင်္ဂါဂြိုလ်ပေါ်မှာသွားနေမှပဲရပါလိမ့်မယ်။ ပိုဆိုးတာက သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ တစ်ကမ္ဘာလုံးကပရိသတ်တွေရှေ့မှာနှစ်တွေအကြာကြီးဖြစ်ပျက်လာခဲ့ကြပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ကိုပဲ သဘောတူတဲ့အကြောင်း မပြီးနိုင်မစီးနိုင်ပြောနေကြတဲ့အခါ Selena မှာ ပရိသတ်တွေနဲ့ ဖက်ငိုနေရမလားတောင် မသိတော့ပါဘူး။ Selena က Justin ကို ထားခဲ့တယ်ဆိုလည်းပဲ ခဏတာခွဲနေကြမယ်လို့သာပြောခဲ့တာဖြစ်ပြီး Selena ဘက်က သူမအမေကို ဖြောင့်ဖျဖို့အချိန်အနည်းငယ်ယူခဲ့တာပါ။ ဒါကို Selena မရှိရင်အသက်မရှင်နိုင်ပါဘူးဆိုတဲ့ Justin က Selena ထွက်သွားပြီး လေးလလောက်သာကြာတဲ့အချိန်မှာ အခြားတစ်ယောက်နဲ့ ကောက်တွဲလိုက်ပြီး လက်ထပ်မယ်ဆိုတဲ့အထိ ဖြစ်သွားတော့တာပါပဲ။

Justin ဘက်ကတော့ အခြေအနေဘယ်လိုရှိတယ်မသိပေမယ့် Selena က သူမရဲ့ဖုန်းထဲက couple photo တွေကိုမဖျက်ရက်နိုင်ပဲ ကြည့်နေခဲ့တာကို သူငယ်ချင်းအချို့ကမိသွားခဲ့တယ်လို့ Selena နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ပြောစကားအရ The Hollywood Life Megazine က ဖော်ပြခဲ့ပါတယ်။ အခုလည်းတစ်ဖန် Selena နဲ့ ရင်းနှီးသူတစ်ယောက်က Selena ဟာ Justin ရဲ့ ရက်စက်မှုတွေကြောင့် အသည်းကွဲနေရကြောင်းပြောပြလာပြန်ပါတယ်။

Justin က သိပ်မကြာခင်ကပဲ Hailey Baldwin နဲ့အတူနေဖို့ဆိုပြီး သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ Canada, Ontario မှာ ဒေါ်လာငါးသန်းတန်ဧရာမခြံကြီးတစ်ခြံကို ဝယ်ယူလိုက်ပါတယ်။ Hollywood ရဲ့ အရှုပ်အထွေးတွေနဲ့ဝေးရာအရပ်မှာပေါ့။ ဒီသတင်းကိုကြားရတဲ့ Selena က ဟန်မဆောင်နိုင်အောင်ကြေကွဲဝမ်းနည်းသွားခဲ့တယ်လို့သိရပါတယ်။ အေးချမ်းတဲ့မြို့ငယ်လေးမှာ ခြံလေးတစ်ခြံနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်နဲ့ အခြေချနေထိုင်ပြီး ရေကူးကန်ပါတဲ့အိမ်ကြီးထဲမှာ Justin နဲ့ ရတဲ့ ရင်သွေးတွေကိုပြုစုစောင့်ရှောက်ဖို့ဆိုတာ Justin နဲ့နှစ်ယောက်အတူတူ နှစ်တွေအကြာကြီးမက်ခဲ့တဲ့အိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ Selena က ပြောပါတယ်တဲ့။ အခုတော့ Justin က အဲ့ဒါကိုအခြားမိန်းမတစ်ယောက်နဲ့ပြုလုပ်နေပါပြီ။ Justin ရဲ့ အဲဒီအပြုအမူဟာ Justin တစ်ယောက် တကယ်ကိုပဲ Hailey နဲ့ သေချာပေါက်လက်ထပ်တော့မယ်ဆိုတဲ့ လက္ခဏာပဲလို့ Selena က မှတ်ယူသွားခဲ့ပါပြီ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော..Justin က Hailey နဲ့ တကယ်ကြီးလက်ထပ်တော့မယ်လို့ယုံကြည်လား။ ဒါမှမဟုတ် Selena ရဲ့ မျက်ရည်စတွေကိုတွေ့တဲ့အခါ အရာအားလုံးကိုပစ်ချပြီး Selena အနားကိုပြန်ရောက်လာမယ်လို့ထင်လား။

ဖိုးသူတော် (www.phothutaw.com)

Credit: Can’t Wait To Say

#

Latest Comments

Leave a Comment

Related News