Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

John Wick ဖန်တီးရှင် ဦးဆောင်ပါ၀င်သွားမည့် Hitman တီဗီစီးရီး

Image

John Wick ဖန်တီးရှင် ဦးဆောင်ပါ၀င်သွားမည့် Hitman တီဗီစီးရီး

==========================================
Fox 21 နဲ့ Hulu တို့ပူးပေါင်းပြီး ကမ္ဘာ့ရောင်းအကောင်းဆုံး ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Hitman ကို အခြေခံကာ တီဗီစီးရီးတစ်ခု ဖန်တီးသွားတော့မှာဖြစ်ပါတယ်။
2019 မှာ တတိယမြောက်ရုပ်ရှင်ထွက်ရှိလာမယ့် John Wick ရုပ်ရှင်တွေရဲ့ ဖန်တီးရှင်နဲ့ ဇာတ်ညွှန်းသမား Derek Kolstad က Hitman စီးရီးအတွက် ဇတ်ညွှန်းရေးပေးမှာဖြစ်တယ်။ Hitman ကို နာမည်ကျော် ပေါက်စီးရီးဖြစ်လာဖို့ Fox 21 နဲ့ Hulu ဖက်က မျှော်လင့်ထားပါတယ်။

Hitman ဂိမ်း franchise ဟာ ကော်ပီပေါင်း 25 သန်းကျော် ရောင်းချထားတဲ့ ဂိမ်းဖြစ်တယ်။ 2000 ခုနှစ်မှာ ပထမဆုံး Hitman ဂိမ်းဖြစ်တဲ့ Hitman: Codename 47 ထွက်ရှိခဲ့ပါတယ်။ အဆိုပါ ဂိမ်းနောက်မှာတော့ Hitman 2: Silent Assassin (2002), Hitman: Contracts (2004), Hitman: Blood Money (2006), Hitman: Trilogy (2007), Hitman: Absolution (2012), Hitman: Go (2014), Hitman: Sniper (2015) နဲ့ Hitman (2016) တို့ ဆက်တိုက် ထွက်ရှိခဲ့ပါတယ်။

Fox ဘက်ကတော့ ဂိမ်း franchise ကို အခြေခံပြီး 2007 မှာတုန်းက Hitman နဲ့ 2015 မှာ Hitman: Agent 47 ဆိုပြီး ရုပ်ရှင်နှစ်ကား မိတ်ဆက်ထားပြီးပါပြီ။ နောက်ဆုံး ထွက်ရှိထားတဲ့ Hitman (2016) ဂိမ်းဟာဆိုရင်လည်း ကော်ပီပေါင်း 7 သန်းကျော် ရောင်းချထားကာ နောက်ထပ် ဗီဒီယိုဂိမ်း နှစ်ခုလောက် ထပ်မံထွက်ရှိလာဖို့ ရှိနေတယ်။

Ref: Deadline

Latest Comments

Leave a Comment

Related News