Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

‘Harry Potter’ တရားဝင်မိုဘိုင်းဂိမ်း ထွက်မည်

Image

Pokemon Go ကို ဖန်တီးခဲ့တဲ့ Niantic Inc ဟာ Harry Potter universe ကို အခြေတည်ပြီး ဂိမ်းတခု ဖန်တီးပြုနေတယ်လို့ သိရပါတယ်။
Harry Potter Wizards Unite လို့ခေါ်တဲ့ ဂိမ်းကို Niantic Inc နဲ့အတူ ပါတနာအဖြစ် Warner Bros က ပူးပေါင်းဖန်တီးမှာပါ။

နာမည်ကျော် Pokemon AR မိုဘိုင်းဂိမ်းလိုပဲ မိုဘိုင်း AR experience အရသာကို ကောင်းကောင်းခံစားရမှာဖြစ်ပြီး J.K. Rowling ရဲ့ မှော်ကမ္ဘာကြီးထဲ လက်တွေ့ဝင်ရောက်ခွင့်ရဖို့ အိပ်မက်ရှိသူတွေအတွက် သတင်းကောင်းလည်းဖြစ်ပါတယ်။

Niantic ရဲ့ CEO John Hanke ကတော့ Harry Potter: Wizards Unite ကစားသမားတွေဟာ စူးစမ်းရှာဖွေမှုခရီးတွေကနေ spells သင်ယူမှုတွေနဲ့ legendary beasts တွေ တိုက်ခိုက်ဖို့ရာ တကယ်ကမ္ဘာက ပတ်ဝန်းကျင်တွေမှာ ရှာဖွေကြရမှာဖြစ်ပြီး အားကောင်းတဲ့ ရန်သူတွေကို တိုက်ခိုက်ဖို့ရာ ကစားသမားချင်း အဖွဲ့ဖွဲ့ခွင့်တွေ ရရှိမယ်လို့ဆိုပါတယ်။

မူလ ဟယ်ရီစီးရီးက ကာရိုက်တာတွေ ပါ၀င်လာမလား နဲ့ cameos ပါ၀င်လာမလားကတော့ မရှင်းလင်းပေမယ့် Gryffindor, Slytherin, Ravenclaw, Hufflepuff အစရှိတဲ့ အဆောင်တွေထဲ ဖွဲ့စည်းဝင်ရောက်နိုင်မယ် မျှော်လင့်ရပါတယ်။

AR နည်းပညာကိုအသုံးပြုလာဦးမယ်လို့ ယူဆရတဲ့ ဟယ်ရီပေါ်တာဂိမ်းကိုတော့ ၂၀၁၈ အတွင်းမှာ ဖြန့်ချိနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။


Ref: ign.com
#motaku #ဟန်သာ

Latest Comments

Leave a Comment

Related News