Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Facebook မှာ ကိုယ့်ကို tag မတွဲဘဲ ကိုယ့်ဓါတ်ပုံပေါ်နေရင် အသိပေးသွားတော့မည်

Image



သုံးစွဲသူတိုင်းကို သိနိုင်မယ့် မျက်နှာပြင်ဖတ် နည်းပညာသစ်ကို Facebook မှာ စတင်သုံးလာပြီးနောက် လူမှုကွန်ရက်မှာ ကိုယ့်ကို tag လုပ်မထားဘဲ ကိုယ့်ပုံကို တစ်နေရာမှာ သုံးနေရင် သိနိုင်မယ့် feature သစ် ထွက်လာပြီ ဖြစ်ပါတယ်။

 ဒီ feature ကတော့ ကိုယ့်ပုံကို တစ်ခြားနေရာမှာ ကိုယ့်ကို tag မတွဲဘဲ ပေါ်နေတာနဲ ့အသိပေးသွားမှာ ဖြစ်လို ့ကိုယ့်ပုံကို တစ်ခြားနေရာတွေမှာ profile ပုံအဖြစ် သုံးနေသလား သိနိုင်တော့မှာပါ။ သုံးစွဲသူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအပြင် သုံးစွဲသူ အိုင်ဒီစစ်မှန်ရေးအတွက် အခုလို facial recognition နည်းပညာကို စတင်သုံးလာတာ ဖြစ်ပါတယ်။

အရင်က Facebook မှာ တစ်ယောက်ယောက်ကို tag လုပ်ပြီ ဆိုရင် facial recognition နည်းပညာနဲ ့suggestion လုပ်တာတွေ ရှိပါတယ်။ အဲဒီအချိန်ကတော့ ဒီမျက်နှာပြင်ဖတ်နည်းပညာဟာ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို စိတ်ပူစရာအကြောင်းတစ်ရပ်လို မြင်ခဲ့ကြပါတယ်။ အခု feature သစ်မှာတော့ ကိုယ်မကြိုက်ရင် ဒီ feature ကို on/off လုပ်ပြီး ဖွင့်ပိတ်နိုင်ပြီ ဖြစ်ပါတယ်။ Facebook အနေနဲ ့ဒီ feature ကို ဖြန် ့ချိရခြင်းဟာ ကိုယ်မသိဘဲ ကိုယ့်ပုံကို တစ်နေရာမှာ သုံးနေတာနဲ ့ပိုင်ရှင်က ချက်ချင်းသိနိုင်စေဖို ့ရည်ရွယ်ထားတာ ဖြစ်တယ်လို ့ဆိုပါတယ်။

လူမှုကွန်ရက်စနစ် ကျယ်ပြန် ့လာတာနဲ ့အမှျှ အွန်လိုင်းမှာ ကိုယ်တင်ခဲ့တဲ့ ပုံတစ်ပုံကို ကိုယ်မသိဘဲ တစ်နေရာမှာ ပြန်သုံးနေမလားဆိုတာ မသိနိုင်ပါဘူး။ Facebook ရဲ့ ဒီ feature ဟာ စိတ်မချရတဲ့ လူမှုကွန်ရက်မှာ စိတ်သက်သာစရာတော့ ဖြစ်မှာပါ။ ယခု feature ကို ကနေဒါနဲ ့ဥရောပသမဂ္ဂတို ့ကလွဲပြီး တစ်ခြားစျေးကွက်တွေမှာ မိတ်ဆက်ဖြန် ့ချိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: duwun

#

Latest Comments

Leave a Comment

Related News