Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

EDM ရေစီးကြောင်းထဲက ရန်ကုန်သင်္ကြန် ..!

Image



EDM Festival အတွက် ကြိုတင်ပြင်ဆင်နေစဉ်(ဓာတ်ပုံ−စိုင်းဇော်)

                

ရန်ကုန်သင်္ကြန်သည် သည် နှစ်တော့ ယခင်နှစ် များနှင့် ကွဲပြားစွာ ကျင်းပဖြစ်လိမ့်မည်ဟု သင်္ကြန်ချစ်သူများက ကျိန်းသေတွက်ဆနေကြသည်။ အထူးသဖြင့် လူငယ်များဖြစ်သည်။

‘‘မဏ္ဍပ်တွေနဲ့ ကားတွေနဲ့က နှစ်တိုင်းလိုလိုဖြစ်နေပြီ။ ဒီနှစ်က မဏ္ဍပ်တွေ အရေအတွက်နည်း လာတာလည်းပါတယ်။ အရင်လို ပုံစံတွေက ရိုးနေပြီဆိုတော့ သင်္ကြန်တွင်း EDM Festival တွေ မှာ ပျော်ဖို့စီစဉ်ထားပါတယ်’’ဟု တတိယနှစ်ကျောင်းသူ မချိုလဲ့ ရည်သွေးက ၎င်း၏ သင်္ကြန်အစီ အစဉ်အကြောင်းပြောသည်။

သူပြောသည့် EDM ပွဲတော် များဆိုသည်မှာ ယခုနှစ် သင်္ကြန် အတွက် ထူးခြားမှုဖြစ်သည်။ ယခု နှစ်သင်္ကြန်က ရေကစားကွင်းများ နှင့် နေ့နှင့်ည နှစ်ချိန်စလုံး ကခုန် ရွှင်မြူးနိုင်မည့် EDM သင်္ကြန်ကို လူငယ်များက ပို၍ စိတ်၀င်စား လာခြင်းဖြစ်သည်။

အမှန်တော့ သင်္ကြန်မှာ ရိုးရာအငွေ့အသက်အနည်းငယ်သာ ရှိတော့သော ပွဲတော်တစ်ခုဖြစ် သည်မှာ လွန်ခဲ့သည့် နှစ်များက တည်းကဖြစ်သည်။ သို့သော် ပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ်ကတော့ အားကောင်းစွာရှိနေဆဲပင်။ နှစ် စဉ် သင်္ကြန်ဆိုလျှင် ကမ္ဘာအေး ဘုရားလမ်းနှင့် ပြည်လမ်းမဏ္ဍပ် ကြီးများတွင် မဏ္ဍပ်ထိုင် ရေက စားရင်း၊ လည်သူကလည်ရင်း တစ်မြို့လုံး ရေပက်ကြ၊ ကကြခုန် ကြရင်း ဖြတ်သန်းသည်မှာ အစဉ် အလာဖြစ်နေပြီဖြစ်သည်။

နှစ်စဉ် ရေကစားမဏ္ဍပ်များ၊ မြူးကြွသည့် သံစဉ်များနှင့် ယိမ်း ထိုးကခုန်စရာ ယဉ်ကျေးမှုပွဲတော် ကို ယခုနှစ်ပိုင်းတွင်တော့ ခေတ် ပေါ်ရေစီးကြောင်းတစ်ခုကို လွှမ်း မိုး၍ လာသည်။ Electro Dance Music (EDM) ဟုခေါ်သည့် ရေ စီးတစ်ခုပင်ဖြစ်သည်။ သင်္ကြန် တွင်း EDM များဖွင့်၍ မဏ္ဍပ်များ အပေါ် ကကြခုန်ကြရင်း သင်္ကြန် ၏ သင်္ကေတဖြစ်သော ယိမ်းအ က၊ သံချပ်နှင့် ငွေငန်းဖြူ အလှပြ ယာဉ်များကို မေ့ထားသည်မှာ နှစ် အတော်ကြာပြီဖြစ်သည်။

သည်နှစ်တွင်တော့ အဆိုပါ EDM ရေစီးကပို၍ အားကောင်း သည်မှာ သေချာသွားပြီဖြစ်၏။ သင်္ကြန်မတိုင်မီ ၂၀၁၆ မှာပင် ရန်ကုန်မြို့အတွင်း တစ်နှစ်လုံး တွင် နာမည်ကြီး EDM ဖျော်ဖြေပွဲပေါင်းရှစ်ခုရှိခဲ့ပြီး ပွဲတိုင်း၌ လည်း ၀င်ရောက်ဆင်နွှဲသူများဖြင့် ပြည့်လျှံနေခဲ့သည်။ သည်ရေစီးက လူငယ်တို့၏ သည်းခြေကြိုက်ဖြစ် လာသည်။ ထို့ကြောင့် တစ်နိုင်ငံ လုံးက အားခဲထားသည့် သင်္ကြန်ပွဲတွင်လည်း EDM က မပါမဖြစ် နေရာယူလာဖွယ်ရှိနေသည်။

‘‘အရင်နှစ်တွေက ဒီပြည် လမ်းက မဏ္ဍပ်တွေမှာ စည်တယ်။ ဒီ ၂ နှစ်က လုံး၀ပြောင်းလဲသွား တော့ လူငယ်တွေကလည်း ပျော် ဖို့နေရာရှာကြတယ်။ အဲဒီမှာ EDM Festival တွေရှိလာတော့ အဆင်ပြေသွားတာပေါ့။ နဂိုက တည်းက EDM ပွဲတွေမှာ လူများ နေကျ။ အခုသင်္ကြန်နဲ့ပေါင်းလိုက် တော့ ပိုမိုက်သွားတယ်’’ဟု ဗဟန်း မြို့နယ်မှ ကိုစိုးေ၀လင်းထွဋ်က ပြောသည်။ ကိုစိုးေ၀လင်းထွဋ်မှာ နှစ်စဉ် မဏ္ဍပ်ထိုင်ရေကစားနေကျ ဖြစ်ပြီးသည်နှစ်တော့ EDM Fest-ival တွင်ရှိမည်ဟု ဆိုသည်။

သည်သင်္ကြန် EDM ရေစီး မှာ တိုင်းအစိုးရအဖွဲ့၏ အစီအ စဉ်တချို့ကြောင့်  ပိုမိုအားကောင်း စေခဲ့သည်။ အကြောင်းမှာ ရန်ကုန်တိုင်း၀န်ကြီးချုပ်က လူစု လူေ၀းနှင့် ရေကစားရန်ဆိုသည့် ခေါင်းစဉ်နှင့် ရေကစားကွင်းများ ခွင့်ပြုခြင်းကြောင့်ဖြစ်သည်။

သင်္ကြန်ကျသည့် လူစုလူေ၀း ကို လူအများကြီးဆံ့သော ကွင်း ထဲတွင် မျှထည့်ကာ ရေကစားစေ မည့် အစီအစဉ်ဖြစ်သည်။ ဤသို့ ဖြစ်ရန်လည်း လမ်းမပေါ်က မဏ္ဍပ်များကို အရေအတွက် လျှော့ချထားသည်။ အစိုးရသစ်စ  တက်သည့် ယမန်နှစ်ကလည်း မဏ္ဍပ်အရေအတွက်များကို လျှော့ချခဲ့သဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။ သည်နှစ်တော့ မနှစ်ကထက်ပင် မဏ္ဍပ်အရေအ တွက်မှာ ထက်၀က်ခန့် လျော့ကျ သွားရာ မဏ္ဍပ်ကြီး ၁၆ ခုသာရှိ တော့မည်ဖြစ်သည်။ အဆိုပါ ၁၆ ခုတွင် အများပြည်သူရေကစားနိုင် မည့် မဏ္ဍပ်က ခုနစ်ခုခန့်သာ ဖြစ် သည်။

တိုင်းအစိုးရက သု၀ဏ္ဏမှ ဖျော်ဖြေပွဲကွင်း၊ ကန်တော်ကြီး မျှော်စင်ကျွန်း၊ ပြည်သူ့ရင်ပြင်နှင့် နေရာအချို့တွင် ရေကစားကွင်း များ ကျင်းပရန် လျှောက်လွှာ များလက်ခံခဲ့သည်။ လမ်းမပေါ် တွင် စီးပွားဖြစ်မဏ္ဍပ်များကို ခွင့် မပြုဟုဆိုထားသည်။ ဤသို့ဖြင့် မဏ္ဍပ်ကြီးအချို့ကလည်း လမ်း ပေါ်တွင် ဆောက်မရသည့်အတူတူ ရေကစားကွင်းထဲသို့ ရောက်လာသည်။

‘‘ကျွန်တော်တို့ ကွင်းထဲမှာ က မဏ္ဍပ်တွေနှစ်ခု၊ သုံးခုရှိမယ်။ ဂိမ်းတွေရှိမယ်။ နာမည်ကြီး DJ Player တွေနဲ့ Rave လို့ရမယ်။ စျေးတန်းလည်း ထားပေးမယ်။ EDM ကတော့ တစ်နေကုန်ဖွင့်နေ မှာပါ။ ဟိုဘက်ဒီဘက် အပြိုင်အ ဆိုင်မဖြစ်အောင်လည်း ညှိထား ပါတယ်။ ဒီနှစ်မှ ပထမဆုံးဖြစ်တဲ့ အတွက် အခက်အခဲတွေတော့ ရှိ နိုင်ပါတယ်။ သင်္ကြန်ပုံစံပြောင်း သွားတာပေ့ါ’’ဟု ကိုသူရိန်ဖေ၀င်း က ပြောသည်။ သူက သု၀ဏ္ဏဘူမိ Event Park ဖျော်ဖြေရေးကွင်း တွင် တည်ဆောက်မည့် TMF မဏ္ဍပ်၌ အဖွဲ့၀င်တစ်ဦး ဖြစ် သည်။ TMF က ယခုနှစ်တွင် Music Festival သင်္ကြန်ပွဲတော် ကြီးအဖြစ် တစ်မူထူးခြားစွာ ကျင်း ပမည်ဟု ကြော်ငြာထားပြီး နေ့ ပိုင်းနှင့်ညပိုင်း နှစ်ချိန်ခွဲ၍ ဖျော်ဖြေမည်ဖြစ်ရာ EDM များဖွင့်၍တစ်နေကုန် ပျော်ပါးနိုင်မည်ဖြစ်သည်။

ထို့အပြင် နှစ်စဉ်နာမည်ကြီး ရေကစားမဏ္ဍပ်ဖြစ်သည့် Bar-rack မဏ္ဍပ်ကလည်း ကန် တော်ကြီးမျှော်စင်ကျွန်းတွင် EDM သင်္ကြန်ဆင်နွှဲမည်ဟု ကြော်ငြာ ထားသည်။

‘‘ကျွန်တော်တို့ဘက်က သီး ခြားတော့ဖြစ်သွားတယ်။ ကန် ပတ်လမ်းမှာက တခြားမဏ္ဍပ်မရှိ တော့လေ။ အတတ်နိုင်ဆုံး စည် ကားအောင်တော့ အကောင်းဆုံး ကြိုးစားထားတယ်။ ဖျော်ဖြေပွဲ တွေ၊ EDM တွေ ခပ်စိပ်စိပ်ထည့် ထားတယ်။ နိုင်ငံတကာမှ နာမည် ရှိတဲ့ Player တွေပါပဲ’’ဟု အဆို ပါမဏ္ဍပ်မှ စီစဉ်သူ ကိုဖြိုးလေးက ပြောသည်။

ယခုနှစ်အဖို့ လမ်းမပေါ်က သင်္ကြန်မှာလည်း လုံးလုံးလျား လျား လွတ်လပ်စွာခွင့်မပြုသဖြင့် သင်္ကြန်ကတော့ ရေကစားကွင်း များနှင့် EDM ၏ လွှမ်းမိုးမှုအောက် လုံးလုံးရောက်နေပြီဟု ဆိုနိုုင် သည်။ ထို့အပြင် ရရှိသောသတင်း များအရ မဏ္ဍပ်အများစုတွင် တီး ခတ်သည့် Player များမှာလည်း နိုင်ငံတကာတွင် နာမည်ရသူများ ကို စျေးကြီးပေး ငှားရမ်းထားခြင်း ဖြစ်သည်။ DJ နှင့် EDM တို့က တစ်ကမ္ဘာလုံးတွင် ခေတ်စားနေ သော ဂီတအမျိုးအစားဖြစ်ပြီး နောက်ထပ်ရေစီးပြောင်းသွား လျှင်လည်း သင်္ကြန်မှာ ထိုရေစီးနောက် ထပ်လိုက်ပါဦးမည်ဖြစ်ကြောင်း DJ Wine က ပြောသည်။

‘‘EDM က အခုမှ ခေတ်စား တာမဟုတ်ဘူး။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတည်းက နား ထောင်တာတွေလည်း Electronic Dance Music တွေ ပဲ။ ဟိုးခေတ်ကတည်းကရှိတာ။ အခုမှ ပေါက်လာတာ။ ဒီဘက်ခေတ်မှာ တစ်ကမ္ဘာလုံးမှာလည်း EDM Festival တွေက များလာတော့ EDM Music Culture က ပေါက်သွားတဲ့ သဘောပါ’’ဟု DJ Wine က ပြောသည်။

သင်္ကြန်မဏ္ဍပ်များနည်းပါး လာခြင်းသည် အနုပညာရှင်များ အတွက်လည်း အကျိုးသက် ရောက်မှုရှိခဲ့သည်။ ယခင်က သင်္ကြန်ကာလသည် အနုပညာ ရှင်များအတွက် ငွေကြေးရှာဖွေ နိုင်သည့် စျေးကွက်တစ်ခုဖြစ် သည်။ သို့သော် ယခုနှစ်တွင် စီးပွားဖြစ်မဏ္ဍပ်လုပ်ကိုင်သူနည်း ပါးခဲ့သောကြောင့် အနုပညာရှင် များအတွက် သက်ရောက်မှုရှိခဲ့ သည်။

 ‘‘အနုပညာသမားတွေကို တံတားလို ပေါင်းကူးအဖြစ်ချနင်း ပြီး အနုပညာသမားတွေရဲ့ အ လုပ်လုပ်တဲ့ရာသီစာသင်္ကြန်မှာ မဏ္ဍပ်တွေ မဟားတရား စည်း ကမ်းကျပ်လိုက်တော့ စင်တွေ နည်းကုန်ပြီ။ အဲဒီတာ့ မှတ်ပလား အဲဒါ အစရိုးတဲ့ အစိုးရကွ၊ ပေါ် တင်ကြီးပြောင်းလဲပစ်တာ။ ပုံမှန် လည်ပတ်နေတာကို ရပ်တန့်ပစ် ပြီး ပြန်စဆိုရင် အချိန်တွေ အား တွေ ပြန်စရမှာပဲ။ လွယ်ကူတာ တော့ မဟုတ်ဘူး...အခုမှ ပွဲလှမှာ အိမ်မှာ ယပ်ခတ်ပြီး ထိုင်ကြည့်နေ တာ ကောင်းတယ်...’’ဟု အဆို တော် ထူးအယ်လင်းက မတ်လ ၂၉ ရက်တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ရေးသားထားသည်။

ထို့အပြင် လက်ရှိ မဏ္ဍပ်များ မှာလည်း နိုင်ငံတကာ ဒီဂျေများ ကို ခေါ်ယူကာ အီလက်ထရွန်နစ် ဂီတများဖြင့် ဖျော်ဖြေပေးခြင်းဖြစ် ၍ အနုပညာရှင်များအတွက် စျေး ကွက်ပျောက်ခဲ့သည်။ အချို့အနု ပညာရှင်များကလည်း အနုပညာ ကြေးညှိနှိုင်း၍ မရသောကြောင့် ယခုနှစ် သင်္ကြန်ကို ပျော်ပျော်ရွှင် ရွှင်သာဖြတ်သန်းမည်ဟု ဖေ့စ် ဘွတ်ခ်များတွင် ရေးသားထား သည်။

‘‘အနုပညာရှင်တွေရဲ့ တန် ဖိုးတွေ အကျခံပြီးတော့ စင်ပေါ် မတက်ဘူးရှင့်...။သင်္ကြန်မဆိုရ လည်း မိဘကို ပြုစုရင်း ကုသိုလ် ယူလိုက်မယ်။ ပရိသတ်တွေအ တွက် ပြောချင်တဲ့ မေတ္တာစကား က...ရေမစိုဘဲ နေပူစာလှုံရသလို မဖြစ်အောင် ကိုယ့်အိမ်နားမှာ ရေ ပက်ခံထွက်ကြပါလို့’’ဟု အဆို တော် စိုးပြည့်ပြည့်စံက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင်  သင်္ကြန်နှင့်ပတ်သက်၍ ခံစားချက် ကို ရေးသားထားသည်။

 သင်္ကြန်သံချပ်မင်းသား ဗေလု၀ကတော့ မြန်မာ့ရိုးရာပွဲ တော်ဖြစ်၍ ပွဲတော်ဓလေ့များကို တော့ မပျောက်ပျက်စေလို ကြောင်းပြောသည်။ ‘‘အကတွေ အခုန်တွေနဲ့လုပ်ကြတယ်။ ပျော် စရာလည်းကောင်းပါတယ်။ လူ အများစုကလည်း ဒါမျိုးတွေ သဘောကျကြတာကိုး။ ဒါပေမဲ့ ရိုးရာကို နှစ်သက်တဲ့၊ ငြိမ်းငြိမ်း ချမ်းချမ်းဖြတ်သန်းချင်တဲ့လူတွေ လည်းရှိနေပါသေးတယ်လို့။ ရိုးရာကိုလည်း အားပေးအား မြှောက်ရှိဖို့ မျှော်လင့်ပါတယ်’’ဟု ဆိုသည်။

လွန်ခဲ့သော ဆယ်စုနှစ်များ ဆီက သင်္ကြန်ပုံရိပ်များတွင် ငွေ ငန်းဖြူနှင့် မန္တလေးမြို့မတီး၀ိုင်းတို့ က ခေတ်စားဖူးသလို Rock တီး ၀ိုင်းအပြိုင်အဆိုင်ကြား ဂျစ်ကား နှင့် လည်သည့် သင်္ကြန်ကိုလည်း ဖြတ်သန်းဖူးကြပြီဖြစ်သည်။ ခေတ် ရေစီးက သင်္ကြန်ကို EDM အရွေ့ သို့ ခေါ်ဆောင်သွားပြီဖြစ်ရာ ယခု နှစ်သင်္ကြန်မှာတော့ သင်္ကြန်ရေ နှင့်အတူ မြူးကြွသည့် EDM တေးသံများက တစ်မြို့လုံး လွှမ်း ခြုံနေမည်ဖြစ်သည်။ တစ်နိုင်ငံလုံး မှ သင်္ကြန်ချစ်သူများအကြား အ ဟောင်းများကြားမှ အကောင်းကို ပြန်တမ်းတရင်း တစ်နှစ်ထက်တစ် နှစ် အသွင်ပြောင်းလာသော သင်္ကြန်ကို မနှစ်သက်သူများ လည်းရှိနေသည်။ မည်သို့ပင်ဖြစ် စေ မြို့ပြသင်္ကြန်ကတော့ EDM များနှင့် မြူးကြွဖို့ စိုင်းပြင်းနေ ပြီဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)

Credit: 7Day Daily

#

Latest Comments

Leave a Comment

Related News