Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

Apple ကတော့ မျက်ရယ်ထွက်အောင်ရယ်နေတဲ့ပုံက အသုံးအများဆုံး Emoji ပါတဲ့

Image

Apple ကနေ သူရဲ့ Apple Devices တွေကို အသုံးပြုနေတဲ့သူတွေထဲမှာ အသုံးအများဆုံးသော Emoji တွေရဲ့ ဒေတာကို ထုတ်ပြန်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အသုံးအများဆုံး Emoji က ဘာလဲဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။


အဆိုပါ အသုံးအများဆုံး Emoji တွေထဲမှာ မျက်ရယ်ထွက်ပြီး ရယ်နေတဲ့ပုံ Emoji က နံပါတ် ၁ နေရာကို ရယူထားပြီး ဒုတိယနေရာမှာတော့ အသည်းပုံ Heart Emoji က ပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ပထမနေရာမှာရှိတဲ့ ရယ်နေတဲ့ Emoji က အသည်းပုံထက် ၃ ဆကျော် ပိုပြီး အသုံးပြုကြတာဖြစ်ပါတယ်။ တတိယနေရာမှာရှိတဲ့ Emoji ကတော့ ငိုနေတဲ့ Emoji ဖြစ်တယ်လို့ သိရပါတယ်။


Image

Apple ကနေ အခုနောက်ဆုံးထွက်ရှိထားတဲ့ iOS 11.1 မှာလည်း Emoji အသစ်တွေ အမျိုးပေါင်း ရ၀ ကျော်ထည့်သွင်းထားတာဖြစ်ပြီး Apple Devices တွေကို အသုံးပြုသူတွေအနေနဲ့ ကိုယ့်ခံစားမှုတွေကို Emoji တွေကနေတိတိကျကျဖော်ပြနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါ့အပြင် Apple iPhone X မှာလည်း Animoji ဆိုပြီး ကိုယ်မျက်နှာပုံစံအတိအကျကို Emoji အနေနဲ့ ပြောင်းလဲနိုင်တဲ့ Feature ကို ထည့်သွင်းထားပါသေးတယ်။ Apple ကတော့ အခုလိုမျိုး iDevices အသုံးပြုတွေရဲ့ အသုံးအများဆုံး Emoji တွေနဲ့ အသုံးများတဲ့ စကားတွေကို စစ်တမ်းကောက်ယူနေတာက QuickType နဲ့ Emoji Suggestions တွေမှာ ပိုပြီးကောင်းမွန်အောင် အဆင်ြ့မှင့်တင်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရဲ့ အသုံးအများဆုံး Emoji ကရောဘာဖြစ်မလဲ?


Image

Latest Comments

Leave a Comment

Related News