Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

တိမ်းရှောင်ရိုဟင်ဂျာရွာတွေမှာ စစ်တပ်ဆောက်လုပ်ခြင်း မရှိဟု မြန်မာအစိုးရဆို

Image



တိမ်းရှောင်ရိုဟင်ဂျာရွာတွေမှာ စစ်တပ်ဆောက်လုပ်ခြင်း မရှိဟု မြန်မာအစိုးရဆို

မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့တယ်ဆိုုတဲ့ အထောက်အထား ပြနိုင်ပြီး စိစစ်နိုုင်ခဲ့တဲ့ လူ ၃၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံကိုု ပြန်ပို့ထားပြီး သူတို့ဘက်က အကြောင်းပြန်တာကို စောင့်နေတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ တချိန်ထဲမှာဘဲ ထွက်ပြေးသွားသူတွေရဲ့ အိမ်နေရာမှာ စစ်တပ်က အဆောက်အဦးတွေ ဆောက်နေတယ်လို့ Amnesty International အဖွဲ့ရဲ့ စွပ်စွဲပြောဆိုုမှုဟာ မမှန်ကန်ဘူးလိုု့ ၀န်ကြီးက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုုအေ မြန်မာပိုုင်းသတင်းထောက် မမေခက သတင်း ပေးပိုု့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာဘက်ကို ပေးလိုက်တဲ့ လူ ၈,၀၀၀ ကျော် စာရင်းထဲကနေ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း အထောက်အထား ခိုင်လုံတဲ့ လူ ၃၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်ကိုု ပြန်ပို့ထားပြီး အဲဒီလူတွေကိုု ပြန်လက်ခံရေး စတင်နိုင်ဖို့ တဖက်နိုုင်ငံက အကြောင်း ပြန်ကြားတဲ့အပေါ်မှာ မူတည်နေတယ်လိုု့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဆိုုလိုုက်ပါတယ်။

“တကယ်တော့ ဖြည့်ပေးတဲ့ ပုုံစံက ဒီဘက်ကပုုံစံမဟုုတ်လိုု့ ဒါကိုု ညှိုနှိုင်း ဆောင်ရွက်စဉ်မှာဘဲ။ စိစစ်လိုု့ ရသလောက်ကိုု ပြောတာပါ။ အဲဒီ စိစစ်လိုု့ ရသလောက်ကိုု ဟိုုဘက်ကိုု စာရင်းပိုု့ထားတယ်။ ဒီပိုု့တဲ့စာရင်းကိုု တဖက်က ပြန်ပိုု့ပြီဆိုု ကျနော်တိုု့ လက်ခံလိုု့ရပြီ။ ဒီနေ့မှာ သက်ဆိုုင်ရာ ဝန်ကြီးဌာနတွေဘက်က ပိုု့ပြီပြောတော့ ဘယ်တော့လောက် စာရင်းပြန်ဝင် မလဲ ၊ ဘယ်တော့လောက် စလက်ခံမယ် ဆိုုတာ မမှန်းတတ်သေးဘူး ခင်ဗျ။ ဒါပထမအကြိမ် ဖြစ်နေတော့လေ။”

၂၀၁၇ ခုအတွင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေး ရောက်ရှိနေတဲ့ သူတွေကိုု ပြန်လည်လက်ခံနိုုင်ဖိုု့ မြန်မာအစိုုးရဘက်က ဘင်္ဂလားဒေရှ့် နိုုင်ငံနဲ့ညှိနှိုင်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ နိုင်ငံတကာ ဘက်ကတော့လူခုနှစ်သိန်းနီးပါး ရောက်နေတယ်လိုု့ ဆိုုပါတယ်။

ဒီလူတွေ ပြန်ဝင်လာမယ်ဆိုုရင် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေထိုင်စေပြီး သူတို့ရဲ့ မူလနေရာတွေမှာ ပြန်လည် နေရာချထား ပေးဖို့ မြန်မာအစိုးရက ပြင်ဆင်နေကြောင်း ၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးက ပြောပါတယ်။

“အခုုကျနော်တိုု့ကလေ အခုုစာရင်းမှာ ပါတဲ့သူတွေကိုု ဘယ်ရွာကလည်း၊ အိမ်တွေရှိသေးလား စိစစ်ကြည့်နေပါတယ်။ အိမ်မရှိရင် ပြန်ဆောက်ဖိုု့ Village Plan တွေ လုုပ်နေတဲ့ထဲမှာ စိစစ်ကြည့်ဖိုု့ လုုပ်မှာပါ။ အဲမှာ အိမ်ဆောက်တာမှာ Cash for work အနေနဲ ့ဆောက်တဲ့နေရာမှာ လုုပ်အားပေး။ လုုပ်ခပြန်ပေးမယ့် အစီစဉ်မှာ ပါဝင် လုုပ်ကိုုင်နိုုင်တယ်။ နေစားခရမယ်ပေါ့။ သူတိုု့ ကြားစခန်း မှာ တလထက် ပိုုမကြာပါဘူး။ သူတိုု့စိတ်ကြိုက် အိမ်ဆောက်နိုုင်ဖိုု့ စီစဉ်ပေး မယ်ပေါ့။ အဲလူတွေက ကြား စခန်းမှာ မနေချင်ဘူး။ ဆောက်တဲ့နားနေချင်လဲ ဆောက်တဲ့နေရာနား တန့်ထိုုး ပေးပြီးနေလိုု့ရအောင် စီစဉ်ပေးမှာပါ။ ”

မီးရှို့ခံထားရပြီး နေရပ်စွန့်ခွာ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ အိမ်ယာကွက်တွေအပေါ်မှာ မြန်မာစစ်တပ်က အဆောက်အဦးတွေ တည်ဆောက်နေကြောင်း မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Amnesty International - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ အဲဒီစွပ်စွဲမှုဟာ မမှန်ကန်ကြောင်း ၀န်ကြီး ငြင်းဆိုပါတယ်။

“အဲဒါကတော့ မဟုုတ်ပါဘူးခင်ဗျ။ ပုုံမှန်နေသွားတဲ့ နေရာတွေကိုု ပြန်လည်ရှင်းလင်းပြီး Village Plan လုုပ်တော့ နေသွားတဲ့ နေရာမဟုုတ်တောင် အနီးစပ်ဆုုံးမှာ နေရာပြန်ရမှာပါ။ အဲမှာကျောင်းတွေ ဆောက်မယ်။ လုုံခြုံရေးစခန်း တော့ရှိမှာပေါ့လေ။ ဘာသာရေး အဆောက်အဦးတွေ ပြန်ဆောက်မယ်။ လူနေတာ ဘယ်နှစ်ရာခိုုင်နှုန်း၊ စိုုက်ပျိုးရေးက ဘယ်လောက်ရာခိုုင်နှုန်း၊ စနစ်တကျ လုုပ်ဆောင်ပေးတာပါ။ ဒါက ပျောက်သွားတာ မရှိပါဘူး။”

ဒါပေမယ့် မြို့သူကြီး ကျေးရွာနေ အစ္စလမ်ဘာသာဝင် ကိုုလှထွန်းကတော့ တချို့ရွာတွေက လစ်လပ်နေတဲ့ အိမ်ခြံမြေ နေရာတွေမှာ စစ်တပ်က အဆောက်အဦး ဆောက်တာကို တွေ့ရကြောင်း ပြောပါတယ်။

“ဒုုက္ခသည်တွေကိုု ယာယီ လက်ခံမယ့် အဆောက်အဦးတွေကုုိဘဲ သူတုုိ့ ဆောက်နေတာတွေ့ရတယ်။ ပြန်လာမယ့် ဒုုက္ခသည်တွေရဲ့့ မူလနေရာမှာ သူတုုိ့က ဘာတခုမှ ဆောက်တာ မတွေ့ရဘူး။ အဲဒီလောက်အထိဘဲ။ တခြားရွာတွေမှာကျတော့၊ ဘယ်လုုိပြောမလဲ၊ ကျနော်က မြို့သူကြီးရွာက။ ကျနော်ရွာလဲ မီးရှို့ခံရတဲ့ အထဲမှာ ပါသွားတယ်။ တရွာလုံးကိုု ဘူဒိုုဇာနဲ့ဖျက်လုုိက်တယ်။ ဖျက်ပြီးတော့ သူတုုိ့က အခုု အဆောက်အဦးတွေ အများကြီး ဆောက်လုုိက်တယ်။ အဲမှာတပ်က တပ်ရင်း လာချမယ်ပြောတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်းက ဒုက္ခသည်တွေ ပြန်လက်ခံဖို့ မြန်မာအစိုုးရဘက်က အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုထားပေမယ့် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးသတ်သေးတဲ့အတွက် အခုုချိန်ထိ ပြန်လာသူ မရှိသေးပါဘူး။ ဘင်္ဂလားဒေရှ်ဘက်က စိစစ်ထားတဲ့ လူစာရင်း ၈၀၀၀ကျော်ကို မြန်မာဘက်ကိုု ပြီးခဲ့တဲ့လအတွင်း ပေးခဲ့ပေမယ့် နှစ်နိုင်ငံ သဘောတူ စာချုပ်ထဲက ပုံစံနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် စိစစ်တဲ့နေရာမှာ အခက်အခဲ ရှိခဲ့တယ်လိုု့ မြန်မာအစိုုးရဘက်က ပြောပါတယ်။

မြန်မာဘက်က စိစစ်လို့ မရတဲ့လူတွေ စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပြီး သူတို့ဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေကြောင်း မြန်မာအစိုးရ တာ၀န်ရှိသူတွေက ပြောပါတယ်။

 မေခ  / ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com







Tags:
  • ,

Latest Comments

Leave a Comment