Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

* သရဲ ဧည် ့သည်ကို သရဲ အိမ်ရှင် က ကြိုဆို ပုံ *

Image



လူပျိုတွေဆိုတော ့ကြုံသလိုဖြစ်သ

လိုနေကြတယ်။ကြည် ့မြင်တိုင် ပန်း

လှိုင်အိမ်ယာက ဆောက်ပြီးခါစ လူ

သိပ်မရှိသေးဘူး။ကျနော်တို ့ဌားနေ

တော ့ကိုလေးငါးဆယ်ခန်းပဲလူရှိ

သေးတယ်။အိုးတစ်လုံးဖျာတစ်ချပ်

ပါပဲ။စားတော ့ကြုံရာ အိပ်တော ့နံ

ရံမှာ ခြင်ထောင်ကို

သားရည်ပင်အ

တုတ်ကြီးနဲ ့တွဲထားတယ်။အိပ်မယ်

ဆိုခြင်ထောင်လှမ်းဆွဲပြီး ခေါင်းအုံး

အောက်ဖိလိုက်ရုံပဲ။မနက်ထရင်ခြင်

ထောင်ကိုခေါင်းအုံးအောက်ကအသာမပေးလိုက်ရုံနဲ ့ဘတ် ဆိုနံရံမှာ

သွားကပ်တယ်။သိမ်းစရာမလိုဘူး။

အိပ်ယာဆိုတာလဲသတ်မှတ်မထား

ဘူး ကက်ဆက်တိတ်ခွေ ဆေးလိပ်

ပြာခွက် မဂ္ဂဇင်းစာအုပ် မျက်နှာပ၀ါ

ရှိသမျှပစ္စည်းပုံကြားထဲခေါင်းထိုး

အိပ်တာ။ကြောပိုးအိပ်တစ်လုံးထဲ

အစုံထဲ ့လျှောက်သွားကြတာ။အ

လုပ်က သီရိမင်္ဂလာစျေး ကြည် ့မြင်

တိုင်ဓါတ်ဆီဆိုင်ရှေ ့ယခင်ကုန်

သွယ်ရေးဂိုဒေါင် မှာသစ်သီးပွဲရုံ။

ပွဲစားပေါက်စ တွေဆိုတော ့ဟေး

လား၀ါးလား။စိတ်ကူးပေါက်ရာလုပ်

ကြတာ။ကျနော်တို ့ဌားနေတဲ ့အ

ခန်းကဆောက်တာသာမကြာသေး

တာ လူတစ်ယောက်ကြိုးဆွဲချသေ

ထားသတဲ ့။ဗရုတ်သုတ်ခကောင်

တွေကဘယ်ကြောက်မလဲ။စျေး

သက်သာပြီးရောဌားနေကြတာ။အ

ဟုတ်လဲရှိတယ်။နေ ့လည်နေ ့ခင်း

တောင်ခြောက်တယ်။ရေချိုးခန်းထဲ

ကရေဖွင် ့ပြတာမျိုး ကက်ဆက်

ပိတ်တာတို ့လမ်းလျောက်ပြလိုက်

အနံ ့ပေးတာမျိုးကရိုးနေပြီ။ကျနော်

တို ့လေးယောက်က သရဲအပါ၀င်

၅ယောက် အိမ်ရှင်သဘောထားလို ့

လားမသိဘူး။ကြာတော ့သူလဲသိပ်

မခြောက်တော ့ဘူး။သူလည်းသူ ့

ဘာသာခြောက်စရာရှိတာခြောက်

ကိုလဲနေခြင်သလိုနေကြတာရိုးနေ

ပြီ။တစ်ညမှာတော ့ကျနော်တစ်

ယောက်ထဲစာရင်းတွေပိနေလို ့ထိုင်

လုပ်နေတာနဲ ့ည၁၀နာရီကျော်သွား

တယ်။ဟို၃ယောက်ကပဲခူးမှာပန်း

သီးကားတစ်စီးခိုက်မိလို ့လိုက်သွား

ကြတာ၁၂နာရီတစ်ချက်မှပြန်လာ

ကြတယ်။တစ်ယောက်ကရောက်

ရောက်ခြင်းမတရားအိပ်ခြင်လို ့၀င်

အိပ်သွားတယ်။၂ယောက်ကကျ

နော်နဲ ့စကားပြောနေကြသေးတယ်

ခိုက်မိလို ့ကားဆရာတစ်ယောက်

ခါးအောက်ပိုင်းနဲ ့အပေါ်ပိုင်း၁၀ပေ

လောက်ကွာသွားတာတောင်ငါ ့ကို

ကယ်ကြပါဦးကွာလို ့စကားပြောနေ

သေးတဲ ့အကြောင်း ရပ်ထားတဲ ့

သစ်လုံးကားမှ၀င်အောင်းရတဲ ့အ

ကြောင်းပြောနေကြတော ့အိပ်နေ

တဲ ့တစ်ယောက်ကတအီး အီးတ

အားအားညီးနေသံကြားရတယ်။

ခါတိုင်းလဲမူုးရင်လုပ်နေကြမို ့သတိ

မထားမိဘူး။

ခဏနေတော ့၂ယောက်ကစကား

ပြောရင်းအိပ်ပျော်သွားကြတယ်။

ကျနော်အိပ်စရာညီးနေတဲ ့တစ်

ယောက်ဘေးမှာပဲရှိတာနဲ ့၀င်အိပ်

လိုက်တယ်။အိပ်ချင်တယ် အိပ်မရ

ဘူး ဘယ်လိုဖြစ်တယ်မသိဆံပင်

တွေထောင်ပီး ခါးထဲက စိမ် ့စိမ့်

တက်လာတယ်။ ဒါပဲ မှတ်မိလိုက်

တယ်။ သတိထားမိတော ့တိုက်

ခန်းအောက်မှာ လူ၁၀၀လောက်

ရောက်နေပြီ။ ဘာဖြစ်တာလဲ တဲ ့

ညအချိန်မတော်။၂ယောက်ထဲက

တစ်ယောက်က ယောင်ပြီးထအော်

တဲ ့အကြောင်းရှင်းပြတောင်းပန်မှ

ပြန်လှည် ့သွားကြတယ်။ဒါတောင်

မနက်ရပ်ကွက်ရုံးလာခဲ ့ကြဦး တဲ ့။

ဟိုတစ်ယောက်က အခန်းဒေါင် ့မှာ

ခွေခွေလေး။ဖြစ်ခဲ ့တာက ကျနော်

နဲ ့အဲဒီတစ်ယောက် လူစိတ်ပျောက်

ပြီး ၀ူး၀ူး၀ါး၀ါး ထအော် လုံးထွေး

သတ်ပုတ် ကြသတဲ ့။အဲညကကျ

နော်ရော ဟိုသုံးယောက်ရော ဘီ

ယာတောင်မသောက်ကြတာအမှန်

ပါ။နောက်၂ရက်လောက် ကျတော ့

သူရဲ မယုံ တဲ ့ကောင်တွေ ဘုန်း

ကြီးပင် ့ဆွမ်းကပ် ပရိတ် ရွတ် လုပ်

ကြရရော။

 ဖိုးသူတော် (www.phothutaw.com)

Credit: satmisatyar

Tags:
  • ,

Latest Comments

Leave a Comment