Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

*ဆရာတော်သုံးပါး* တို့၏ အသိပေးစကားစုများ (​ကောင်​းလွန်​းလို့ fri တို့ရှဲယ်​ပြီးသ်​ိမ်​းထား​စေချင်​တယ်​ဗျာ)

Image



(၁)စိတ်ဆိုးနေတဲ့အခါ ကောင်းတဲ့စိတ်နဲ့လဲလိုက်ပါ၊ ရှုပ်နေရင် ရှင်းတဲ့စိတ်၊ ပူနေရင် အေးတဲ့စိတ်၊ နောက်နေရင် ကြည်တဲ့စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။

(၂)

ကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင် ကောင်းတဲ့လူ ၊ မကောင်းတာကိုလုပ်ဖို့ လွယ်တယ်ဆိုရင်??

(၃)

သူများပေးစာ ကျွေးစာ တစ်ထောင်ဖိုး စားရတာထက် ကိုယ့်လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီးမြိန်တယ်။

(၄)

လေးစားထိုက်တဲ့သူရဲ့ စကားကိုမှ နားထောင်ကြတာာ။ ကိုယ့်စကား နားထောင်စေချင်ရင် လေးစားထိုက်အောင် နေပါ။

(၅)

တခြားပစ္စည်းတွေကို ရောင်းလိုက်ရင် အရှုံးမဟုတ်ရင် အမြတ် ရသေးတယ်၊ စိတ်ချမ်းသာမှုကို ရောင်း စားရင် အရှုံးပဲ ရင်ဆိုင်ရမယ်။ စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။

(၆)

ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိဘူး။ မစရသေးတာပဲ ရှိတယ်။

(၇)

စေတနာကောင်းကောင်းနဲ့ ပြည့်ပြည့်စုံစုံ ကျွေးလိုက်ရလို့ ဝမ်းသာတယ်ဆိုရင် သူစားနိုင်သလောက် စားတာကိုလည်း ကျေနပ်နိုင်ပါစေ။

(၈)

မမှားသောရှေ့နေ မသေသော ဆေးသမား တဲ့ ဒီဖြေဆေးဟာ ဆေးယဉ်သွားရင် ရောဂါကျွမ်းတတ်တယ်၊ မမှားတာ အကောင်းဆုံးပဲ။

(၉)

ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့ ဖြစ်နို်ငတာတွေပါ ဆုံးရှုံးလိုက်ရပြီ၊ ဖြစ်နိုင်တာကိုသာ ဦးစားပေးရင် ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။

(၁၀)

လုပ်သင့်တာကို မလုပ်မိရင် မလုပ်သင့်တာကို လုပ်မိနေတတ််တယ်။

(၁၁)

မြင်တဲ့အတိုင်း အမှန်ဖြစ်မှ အမှန်အတိုင်း မြင်တယ်လို့ခေါ်တယ်။ မြင်တဲ့အတိုင်း မှန်၊ မမှန်ကြားတဲ့အတိုင်း မှန်၊ မမှန် ဆန်းစစ်ရမယ်။

(၁၂)

အရာရာကိုအောင်မြင်နိုင်ဖို့ မိမိရဲ့ အရာရောက်မှုကို မြှင့်တင်ပေးရမယ်။

(၁၃)

အဟုတ်ပါလားလို့ ထင်တားသမျှတွေဟာ လွဲနေတတ်သလို မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း မှန်နေတတ်ပြန်တယ်။

(၁၄)

ကိုယ့်စကားကို သူ နားထောင်စေချင်ရင် သူ့ စကားကို အရင် သေသေချာချာ နားထောင်ပေးလိုက်ပါအုံး။

(၁၅)

အရေးအကြီးဆုံး ဆိုတာတွေဟာ ဘာမျှမဟုတ်ပါလား လို့ နားလည်ပြီးတော့ ဘာမျှ မဟုတ်တဲ့သဘော ကို သိဖို့က အရေးကြီးဆုံးပါပဲ။

(၁၆)

ကိုယ်ဖြစ်ချင်တာတွေသာ ရှေ့တန်းတင်ရင် ကိုယ့်အတွက် အဆင်ပြေသလို ထင်ရပေ့မယ့်အများနဲ့တော့ အဆင်ပြေဖို့ မလွယ်ပါဘူး။

(၁၇)

ကလေးမှားရင် တစ်ပြား၊ လူကြီးမှားရင် တစ်ဆယ်၊ဘယ်အမှားမှ မကောင်းဘူး။တစ်ဆယ်က ပိုဆိုးတယ်။

(၁၈)

မေတ္တာပို့နေရုံနဲ့ မဖြစ်သေးဘူး၊ မေတ္တာ ဓာတ်တွေ ရှိနေဖို့က လိုအပ်တယ်။

(၁၉)

ဖြစ်လည်းဖြစ်ချင်တယ်၊ ဖြစ်လည်းဖြစ်သင့်တယ်၊ ဆိုရင်တောင်မှ ဖြစ်နိုင်တာကို ရွေးပြီးလုပ်ပါ။

(၂၀)

ဖြစ်ချင်တိုင်း ဓိဌာန်ရင် အောင်မြင်ဖို့မလွယ်ဘူး ဖြစ်နိုင်တာကို ကြိုးစားမှ အဓိဌာန် အောင်မြင်မယ်။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ)

Credit to Thaw Thaw.

————————-

မြင့်မြတ်သူတိုင်း အတွေးနှစ်မျိုးသာ တွေးကြသည်

မြင့်မြတ်သူတိုင်း ဘာဝနာအတွေး၊ ပရဟိတအတွေး၊ နှစ်မျိုးပဲ တွေးပါတယ်။

မြင့်မြတ်သူတိုင်း ဘာဝနာအလုပ်၊ ပရဟိတအလုပ်၊ အလုပ်နှစ်မျိုးပဲ လုပ်ပါတယ်။

ပရဟိတအလုပ် လုပ်နေရင်းတန်းလန်းနဲ့လည်း ဘာဝနာအလုပ် ကြိုးကြားကြိုးကြား တွဲလုပ်သွားလို့ရပါတယ်။ အသိဉာဏ်ရှိရင်၊ အလေ့အကျင့်လုပ်ထားရင်ပေါ့။

ဘာဝနာအလုပ် လုပ်နေရင်းတန်းလန်းနဲ့လည်း ပရဟိတအလုပ် ကြိုးကြားကြိုးကြား တွဲလုပ်သွားလို့ရပါတယ်။ မေတ္တာကရုဏာ ရှိရင်၊ အလေ့အကျင့်လုပ်ထားရင်ပေါ့။

ပရဟိတအလုပ် လုပ်နေတဲ့အချိန် လက်တွေ့အကျဆုံးနဲ့ အလွယ်ကူဆုံး ပွားများနိုင်တဲ့ ဘာဝနာ ကတော့ မေတ္တာ ဘာဝနာပါပဲ။ ပရဟိတ အလုပ်ကိုက မေတ္တာ အလုပ်ပါပဲလေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

——-

နေ့စဉ်အားထုတ်မှာလား

နေ့စဉ်အားထုတ်တယ်ဆိုတာက တစ်နေ့ကို ဆယ့်ငါးမိနစ်၊ နာရီဝက်၊ တစ်နာရီလောက် အချိန်သတ်မှတ်ပြီးတော့ အားထုတ်တယ်။

အဲဒီသတ်မှတ်ထားတဲ့ တရားထိုင်ချိန် ဖြုတ်လိုက်တာနဲ့ တစ်ပြိုက်နက်တည်း ကိုယ်နဲ့ တရားနဲ့ ဘာမှမဆိုင်တော့ဘူး။ တရားကို နှလုံးမသွင်းတော့ဘူး။ အားမထုတ်တော့ဘူး။ မရှုမှတ်တော့ဘူး။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို နေ့စဉ်အားထုတ်နည်းနဲ့ တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။နေ့စဉ်တော့ အားထုတ်တယ်။ နေစဉ် အားမထုတ်ဘူးပေါ့။

နေစဉ်ဆိုတာက သွားနေစဉ်၊ ရပ်နေစဉ်၊ ထိုင်နေစဉ်၊ လျောင်းနေစဉ်၊ ကွေးနေစဉ်၊ ဆန့်နေစဉ်၊ စားနေစဉ်၊ သောက်နေစဉ်၊ ဒါက ရုပ်အမူအရာတွေ၊ နာမ်နဲ့ပတ်သက်လို့လည်း ဒီအတိုင်းပဲ

လောဘဖြစ်နေစဉ်၊ ဒေါသဖြစ်နေစဉ်၊ လိုချင်နေစဉ်၊ တပ်မက်နေစဉ်၊ စိတ်ဆိုးနေစဉ်၊ စိတ်တိုနေစဉ်၊ ဘဝင်မြင့်နေစဉ်၊ မာနကြီးနေစဉ်၊ မနာလိုနေစဉ်၊ ဝန်တိုနေစဉ်၊ အဲဒီ နေစဉ်တိုင်းနေစဉ်တိုင်းကို

ရှုမှတ်တာကို နေစဉ်အားထုတ်နည်းနဲ့ တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

အက်စစ်လိုလူ နှင့် ရေခဲတုံးလိုလူ

တချို့က စိတ်သဘောထား သိပ်ည့ံပါတယ်။ အဲဒီလို စိတ်သဘောထားည့ံတဲ့လူနဲ့ ဆက်ဆံလိုက်ပြီဆိုရင် နှစ်ရက်သုံးရက်လောက်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေ ဖြစ်သွားရတော့တာပါ။

ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ်ရင်ထဲကို အကုသိုလ် တွွေကလည်း အတုံးလိုက် အတစ်လိုက် ဝင်လာတော့တာပါ။ ဒီလို လောင်တတ်တဲ့လူများကို အက်စစ်လိုလူလို့ခေါ်ပါတယ်။

တချို့က စိတ်သဘောထား သိပ်ပြီး မွန်မြတ်ပါတယ်။ အဲဒီလို စိတ်သဘောထား မွန်မြတ်တဲ့သူနဲ့ ဆက်ဆံလိုက်ပြီဆိုရင် တစ်ပတ်၊ ဆယ်ရက်လောက် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ရှိနေတော့တာပါ။

ပြီးတော့ သူ့ကို အမှီပြုပြီး ကိုယ့်ရင်ထဲကို ကုသိုလ်တွေလည်း ရောက်ရောက်လာရတော့တာပါ။ ဒီလို လူမျိုးကျတော့ ရေခဲတုံးလိုလူပါ။

အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

ပါရမီ အချစ်

လောကကြီးငြိမ်းချမ်းဖို့အတွက် ပါရမီ အချစ်တွေ အများကြီး လိုအပ်ပါတယ်။ ပါရမီ အချစ်ရဲ့ သဘောကသူတစ်ပါးအကျိုးကို ငဲ့ပါတယ်။ မိမိအကျိုးကို လုံးဝမငဲ့ပါဘူး။ ကိုယ်က အခြေခံသဘောလေးကို အာရုံပြုထားနိုင်ရပါမယ်။

ဒီတော့ ပါရမီအချစ်နဲ့ ချစ်နိုင်ဖို့ အသက်ရှင်နေသူ တစ်ဦးချင်းဆီမှာကို တာဝန်ရှိပါတယ်။ အားလုံးအားလုံးဟာ ပါရမီအချစ်တွေနဲ့သာ ချစ်နေကြမယ်ဆိုရင် ရုပ်ဝတ္တုတွေ အလျင်အမြန် မတိုးတက်ဦးတော့ စိတ်ပိုင်းဆိုင်ရာတော့ အစဉ်သဖြင့် ငြိမ်းအေးနေမှာပါ။ အဲဒီငြိမ်းအေးမှုကို အခြေခံပြီး ဝိပဿနာဘက်ကို ကူးလိုက်ရင် တကယ့်ပန်းတိုင်အစစ်ရဲ့ လမ်းကြောင်းပေါ်ကို

တန်းကနဲ ရောက်သွားတော့မှာပါ။

အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)

Credit to လှိုင် တိုး။

ဆရာတော် သုံးပါးတို့၏ ထိထိမိမိ ဩဝါဒ ဓမ္မစာစုများ။

အထင်မလွဲပါနဲ့ ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။ ချင့်ချိန်တတ်သူကို သူရဲဘော ကြောင်တယ်။ ရက်ရောသူကို လက်ဖွာတယ်။ စည်းကမ်းနဲ့ ပေးသူကို ကပ်စေးနည်းတယ်။ ဦးဆောင်နိုင်သူကို နေရာယူတယ်။ ကျွမ်းကျင်သူကို လည်လွန်းတယ်လို့…

အထင်မလွဲပါနဲ့။ ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ။

(အသိပေးစကားစုများမှ) ဝေးလေကောင်းလေ

ကာမဂုဏ်နဲ့ နီးပေမယ့် ကာမဂုဏ်ကြောင့် ကုသိုလ်ဖြစ်နေရင် ကာမဂုဏ်နဲ့ ဝေးနေတာပါပဲ။ လူနဲ့ နီးပေမယ့် လူကြောင့် အကုသိုလ်ဖြစ်မနေရင် လူနဲ့ ဝေးနေတာပါပဲ။ ကိလေသာနဲ့ ဝေးဖို့က အဓိက ပဓာနပါ။ ဒါပေမဲ့.ကာမဂုဏ်နဲ့ ဝေးဝေးနေမှ လူနဲ့ ဝေးဝေးနေမှ ကိုယ့်ရဲ့ အဓ်ိကပဓာနအလုပ် ထိရောက်တွင်ကျယ်မယ် ဆိုရင်တော့… ကာမဂုဏ်နဲ့လည်း ဝေးလေကောင်းလေ လူနဲ့လည်း ဝေးလေကောင်းလေ.. .။

ဆရာတော် အရှင်ဆန္ဒာဓိက

(ရွှေပါရမီတောရ)

လှိုင် တိုး

မြင့်မြတ်သူတို့၏ လုပ်ငန်း ပါရမီဟူသည်မှာ အရင်းခံအားဖြင့် တပ်မက်သောတဏှာကိုသတ်ရန် အားထုတ်ခြင်းပင်ဖြစ်၏။ တဏှာသေရေးသည် မြင့်မြတ်သူတို့၏ ပန်းတိုင်ဖြစ်၏။တဏှာရှိသရွေ့ တပ်မက်စရာများကို တပ်မက်နေပေမည်။တပ်မက်စရာများကို တပ်မက်နေသရွေ ဤလောကသည် မည်သည့်အခါမှ ငြိမ်းချမ်းလိမ့်မည် မဟုတ်။

ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ (ရဝေနွယ် -အင်းမ) ဓမ္မရဝေတောရ၊ မင်္ဂလာဒုံ {စံတော်ချိန် သတင်းစာ } လှိုင် တိုး

ရောင့်ရဲခြင်း။ “ရောင့်ရဲနိုင်တယ်” ဆိုတာ အခွင့်အရေးကို ရသလောက်နဲ့ ကျေနပ်နိုင်တာ။ အလုပ်ကို ရောင့်ရဲနေရင်တော့ အပျင်းကြီးတယ် ဆိုတဲ့ ဂုဏ်ပုဒ်ပဲ ရသွားမယ်။

ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ။

သတိပဋ္ဌာန်ရေစင်နဲ့ သွန်းလောင်းမှဖြူဖွေးသန့်စင်သွားမယ်

သတ္တဝါတွေရဲ့ စိတ်အစဉ်ဟာ ပုံမှန်အားဖြင့် ကိလေသာအညစ်အကြေးတွေနဲ့ ညစ်နွမ်းပေကျံနေပါတယ်။ စိတ်တက်ကြွမှုမျိုးစုံ၊ စိတ်ပျက်ကျမှုမျိုးစုံနဲ့ ညစ်ပတ်ချင်တိုင်းညစ်ပတ်နေတဲ့ စိတ်အစဉ်ကို သတိပဋ္ဌာန်ရေစင်နဲ့ သွန်းလောင်းဆေးလျှော်မှသာ ဖြူဖွေးသန့်စင်သွားနိုင်ပါတယ်။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

မေတ္တာဖြင့်သာ လောကကို မေတ္တာဖြင့် ဖွဲ့စည်းထားသောအခါ လောကသည် သိပ်သည်း၏။ လောကကို ဒေါသဖြင့် ဖွဲ့စည်းလျှင် လောကသည် ဖရိုဖရဲဖြစ်၏။ ထို့ကြောင့် လောက မပြိုကွဲစေရေးအတွက် မေတ္တာကို လိုအပ်၏။ လောက သိပ်သည်းခြင်းဆိုသည်မှ ငြိမ်းချမ်းခြင်းဖြစ်၍ လောကဖရိုဖရဲ ပြိုကွဲခြင်းဆိုသည်မှာ ဆူပွက်ခြင်းဖြစ်၏။ မေတ္တာထားမှုအားကောင်းလေ၊ လောကသည် ငြိမ်းချမ်းလေဖြစ်၏။ တစ်ဦးက တစ်ဦးအပေါ် ချစ်နိုင်လေ လောကသည် သာယာလေဖြစ်၏။ လောကသာယာလေ လောက၌ လူဖြစ်ရကျိုးနပ်လေဖြစ်၏။

ဖိုးသူတော် (www.phothutaw.com)

Credit: ဘဒ္ဒန္တရာဇိန္ဒ (ရဝေနွယ် -အင်းမ)

ဓမ္မရဝေတောရယ

Tags:
  • ,

Latest Comments

Leave a Comment