Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

(၇) ရက် သားသမီးများအတွက် ဇန်န၀ါရီ တစ်လစာ ဆောင်ရန်၊ရှောင်ရန် ဟောစာတမ်း

Image



2019 နှစ်အတွက် မိမိကံကြမ္မာ အဆိုးအကောင်းကို ဆရာမင်းသုခထံ ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သည်။

ခုနှစ်ရက် သားသမီးများ အားလုံး 2019 နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံကြပါစေ

ကံဇာတာ အညံ့များလည်း ပပြောက်ပြီး ကံပွင့် စန်းပွင့် မေတ္တာရေး အချစ်ရေးများ အဆင်ပြေကြပါစေ။

တနင်္ဂနွေသားသမီးများအတွက်

ဒီလထဲတွင် ကြုံတွေ့နေရသော ပြသနာများအား ချုပ်ကိုင် အနိုင်ယူစွမ်း ရှိသောကာလ ဖြစ်သည်။

မိမိလုပ်ဆောင်သမျှကို အမျိုးသမီးတစ်ဦးမှ လိုက်လံ ကူညီတက်သည် ။ စီးပွားရေး၊ အလုပ်အကိုင်နှင့် ပတ် သက်ပြီး လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော လုပ်ငန်း၊

အထည်အလိပ်နှင့်ပတ်သက်သော လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း၊ ပြည်ပနှင့်ပတ်သက်သော လုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်း ရှိပါသည်။

ငွေရေး၊ ကြေးရေး ကံမကောင်းသေးပါ။ ငွေအထွက်များခြင်း၊ ရစရာရှိတာမရခြင်း၊ ပေးစရာရှိတာ မပေးဖြစ်သေး ခြင်း၊ အကြွေးတင်ခြင်းများ ကြုံရကိန်း ရှိပါသည်။

အလုပ်အကိုင်ပြောင်းရွှေ့ချင် စိတ်များဖြစ်နေတတ်ပါသည်။ အလုပ်အကိုင်ပြောင်းလိုလျှင် ဤလကုန် (2) ရက်နေ့ကျော်မှ ပြောင်းပါလေ။

ငယ်ရွယ်သူများ ချစ်သူနှင့်အဆင်မပြေဖြစ်ရတတ်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ သောကြာသား ချစ်သူရှိလျှင် အဆင်မပြေ ပျက်သွားတတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ပတ်သတ်ပြီး စိတ်အနှောင့်အ ယှက်ဖြစ်ရ၊ စကားများရတတ်ပါသည်။အလုပ်အကိုင်များ အစဉ်ပြေမလိုလိုနှင့် အဆင်မပြေဘဲ ရှိနေတတ်ပါ သည်။

အင်တာဗျူးကိိစ္စ၊ သင်တန်းကိစ္စများ စီစဉ်ပြီး လုပ်ဖြစ်ရန် ကြံကြာနေ တတ်ပါသည်။ယတြာ အနေနှင့် တနင်္ဂနွေနေ့ အိမ်ဘုရားစဉ်တွင်

ပန်းအဝါ (15)ပွင့် ဖယောင်းတိုင်-အဝါယောင် (15) တိုင် အမွှေးတိုင် (15) တိုင် အသီး (15) လုံးကို ကပ်လှူ ထွန်းညှိပူဇော် ပေးလိုက်ပါ။

ရောင်းလိုသော ပစ္စည်းများရှိလျှင် အုန်းညွန့် (၁၂) ညွှန့်နှင့် ရိုက်ပြီး ဆုတောင်းပါ။

တနင်္လာသားသမီးများအတွက်

မျှော်လင့်ချက်များ ပီးပြည့်စုံမည့် ကာလဖြစ်သည်။ မိမိဖြစ်ချင်သော အရာမှန်သမျှ ယခု ကာလအတွင်းထူးခြားတိုက်ဆိုင်စွာ ပြည့်ဝတက်သည်။

လုပ်ဆောင်မှုတိုင်း၌ စိတ်ပါလက်ပါ ရှိပါစေ။ အဆောက်အဦးနှင့် ပတ်သက်သော လုပ်ငန်း၊ တိုက်တာ ဆောက်လုပ်ခြင်း၊ အိမ်သစ် ဆောက်လုပ်ခြင်း၊

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မြေယာနှင့်ပတ် သက်သောလုပ်ငန်း၊ ပွဲစား လုပ်ငန်း၊ ပွဲရုံ လုပ်ငန်း၊ အောင်မြင်ကိန်း ရှိပါသည်။ပြီးခဲ့သည့် လများ မရခဲ့သော ရစရာရှိ သောငွေများ

ဆုံးရှုံးသွားသော ငွေများနှင့် ရွှေများပြန်လည်ရရှိကိန်း ရှိသည်။ မထင်မှတ်ဘဲ ဘုရားဖူးခရီး၊ ရပ်ေ၀းခရီးသွားရကိန်းလည်း ရှိပါသည်။

ရပ်ေ၀းမှ ဆွေမျိုးသား ချင်း များနှင့်လည်းတွေ့ရကိန်းရှိပါ သည်။ စက်ပစ္စည်းနှင့်ပတ်သက်လို့ ငွေကြေးကုန်ကျများရတတ်ပါသည်။ ငွေအထွက် များတတ်ပါသည်။ ငွေပျောက်ကိန်း ရှိသည်။

က၊ ခ၊ ဂ၊ ဃ၊ င၊ သ၊ ဟ အက္ခရာအမည်နှင့် စသောသူ များကို ငွေရေးကြေးရေး ကိစ္စ သတိထားပါ။ အာမခံနှင့် ငွေမချးပါနှင့်။

အိမ်ထောင်ရှင်မများ အိမ်ထောင်ရေး အဆင်ပြေပြီး အိမ်ထောင်ရှင် အမျိုးသားများ စန်းပွင့်ကိန်းရှိသော ကာလဖြစ်ပါသည်။

ချစ်သူ၊ သမီးရည်းစားများ ချစ်သူနှင့်အဆင်မပြေဖြစ်တတ်သည်။ တနင်္လာ၊ သောကြာ သားသမီးများနှင့် ချစ်သူဖြစ်လျှင် အဆင်မပြေဖြစ်ပြီး ပြတ်သွားတတ်ပါသည်။ပညာရေး ကံကောင်းပါသည်။

သင်တန်းတတ်ရန် စိတ်ကူးရှိသူများ သင်တန်းတတ်ဖြစ်တတ်သည်။ အင်တာဗျူး ဖြေမည့်သူများ အောင်မြင် ကိန်းရှိသည်။ တစ်ခါတစ်ရံ အိမ်မှာမနေလိုစိတ်၊ ခရီးထွက်ချင်စိတ်များ ဖြစ်နေတတ်သည်။

ယတြာအနေနှင့် မိမိ၏ မွေးနံဂြိုလ်ဒေါင့် ဘုရားမှာ ကွမ်းရွက် (5) ရွက်, ဖယောင်းတိုင် အဖြူရောင် (5) တိုင်, ပန်းအဖြူရောင် (5) ပွင့်ကို ကပ်လှူ ပူဇော်ပေးပါ။

အင်္ဂါသားသမီးများအတွက်

ဘာပဲလုပ်လုပ် အပင်ပန်းခံ ရသလောက် အကျိုးမပေးတက်တဲ့ ကာလဖြစ်သည်။ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စများကြုံတတ်သည်။

သူတစ်ပါး အထင်လွှဲခြင်း၊ မကောင်းပြောချင်းများ ခံရကိန်းရှိသည်။ ချစ်ခင်သူများနှင့်မထင်မှတ်သာ အကြောင်းအရာများကြောင့် လမ်းခွဲရကိန်းရှိပါသည်။

တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ချစ်သူရှိက မထင်မှတ်ဘဲ အဆင်မပြေခြင်း၊ ပျက်သွားခြင်းများ ကြုံရတတ်ပါသည်။ ချစ်သူ မရှိသူများကတော့ အချစ်သစ်တွေ့မည်၊။

မိမိထက်ငယ်ရွယ်သူများနှင့်အဆင်ပြေတတ်ပါသည်။ အိမ်ထောင်ရှိသူများ၊ အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်သည်။ ဆန်းပွင့်ခြင်းတို့ ကြုံရကိန်းရှိသည်။

ပညာရေးကံ ကောင်းပါသည်။ သင်တန်းကိစ္စ၊ အင်တာဗျူးကိစ္စများ အဆင်ပြေ အောင်မြင်ကိန်း ရှိပါသည်။ ငွေရေး၊ ကြေးရေးကံ မကောင်းပါ။

အကြွေးတင်ခြင်း၊ အကြွေးပေးစရာရှိခြင်းများ ကြုံရတတ်ပါသည်။ ငွေရေးကြေးရေးနှင့် ကိစ္စနှင့်ပတ်သက်ပြီး သောကရောက်ကိန်း ရှိပါသည်။

အလုပ်အကိုင်များလည်း အဆင်ပြေမလိုလိုနှင့်အဆင်မ ပြေဖြစ်တတ်သည်။နိုင်ငံခြားလုပ်ငန်း၊ လူမျိုးခြားနှင့် ပတ်သက်သောလုပ်ငန်း၊

အစိုးရနှင့် ပတ်သက်သော လုပ်ငန်းများ အောင်မြင်ကိန်း ရှိပါသည်။ ငွေကြေးနှင့် ပတ်သက်သော လုပ်ငန်း၊ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်းလုပ်သူများ ငွေကြေး ကံကောင်းမှု အားနည်း တတ်ပါသည်။

ယတြာကတော့ ဒီလအတွင်း ငွေရေးကြေးရေး ကံကောင်းစေရန် ဘုရား တစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ သင်္ဘောသီး (1) လုံး လှူပေးပါ။ အိမ်ဘုရားမှာ သပြေပန်းလှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

ရည်ရွယ်ချက် ရည်မှန်းချက်များ ထင်ထင်ရှားရှား အောင်မြင်မည့် ကာလဖြစ်သည်။ ငွေကြေးကုန်ကျများခြင်း၊ အဖေ၊ အမေ ကျန်းမာရေးညံ့ခြင်းများ ကြုံရတတ်ပါသည်။

ချစ်ခင်သော သူများနှင့်လည်း လမ်းခွဲရ တတ်ပါသည်။ ချစ်သူ အသစ်တွေ့လို့ စိတ်ခံစားရကိန်း ရှိပါတယ်။ အချစ်ရေး ငွေကြေး ဒီလ ထဲကံကောင်းသေးပါ။

အ၀င်နဲ့ အထွက် ငွေကြေး အထွက်များရတတ်ပါတယ်။ ချေးထားသောငွေများ ပြန်မရခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေကုန်ကြေးကျများခြင်းများ ကြုံရတတ်ပါသည်။

တနင်္လာ၊ ကြာသပတေး သားသမီး များကို ငွေမချေးပါနဲ့ ။အိမ်ကိစ္စ၊ အဆောက်အဦးကိစ္စများ၊ ဆိုင်ခန်းကိစ္စများ အဆင်ပြေအောင်မြင်မည်။

ဆန်၊ ဆီ၊ ဆား၊ ဆေး၊ စက်ပစ္စည်း၊ စပ်တူရှယ်ယာလုပ်ငန်းများ အဆင်ပြေအောင်မြင်ကိန်းရှိသော ကာလဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေး ကံမကောင်းပါ။ မိန်းမတစ်ယောက်ကို အကြောင်းပြုပြီး ချစ်သူနှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲရကိန်း ကြုံရတတ်ပါသည်။

တစ်ခါတစ်ရံ စိတ်အားငယ်သလို ဖြစ်နေတတ်သည်။ အိမ်ထောင်ရှိသူများ သား၊သမီးရကိန်း ရှိပါသည်။ ပညာရေးကံ မကောင်းပါ၊

သင်တန်းတတ်ရန် ကိစ္စများပျက်သွားကိန်းရှိသည်။ယတြာကတော့ မိမိထက် (၃) နှစ် အသက်ကြီးသော တစ်ဦးကို အကျႌ အဖြူရောင်အသစ် (1) ထည်လှူပေးလိုက်ပါ။

အိမ်ဘုရားမှာ နှင်းဆီပန်း အနီရောင် (၁၇) ပွင့် လှူပေးလိုက်ပါ။

ကြာသပတေးသားသမီးများအတွက်

လက်ရှိ လုပ်နေသော လုပ်ငန်းအား မိတ်ဆွေ သူငယ်ချင်း တစ်ဦးကြောင့် နှောင်နှေးပြီး လွှဲချော်တက်သော့ကာလဖြစ်သည်။

ခြေ၊ လက်ထိမိခိုက်မိ ဖြတ်တတ်သဖြင့် ဂရုစိုက်ပေးပါ ။ စိတ်ထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါသည်။ချစ်သူနှင့် စကားပြော အဆင်မပြေ ဖြစ်တတ်သည်။

မထင်မှတ်ဘဲ ခရီးတစ်ခု သွားရတတ်သည်။ ခရီးသွားပြီး ပြန်လာလျှင် ညံ့နေသောကံများ ကောင်း သွားတတ်ပါသည်။

မြေကိစ္စ၊ ဖုန်းကိစ္စ၊ အမွေကိစ္စ၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး စိတ်သောက ရောက်ရတတ်ပါသည်။

ကျန်းမာရေးနှင့် ပတ်သက်ပြီး ငွေအထွက်များခြင်း၊ ငွေကြေးပေး စရာရှိသည်ကို မပေးနိုင်ခြင်းများ ကြုံရတတ်ပါသည်။

ကား၊ ကွန်ပျူတာ၊ ကင်မရာများ ၀င်ကိန်း၊ အဆင်ပြေကိန်း ရှိသည်။ အလှပြင် လုပ်ငန်း၊ အနုပညာလုပ်ငန်း၊ လူထုနှင့် ပတ်သက်သော လုပ်ငန်းများ အဆင်ပြေ အောင်မြင်ကိန်း ရှိပါသည်။

စပ်တူရှယ်ယာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ အလုပ်ဖြစ်ပြီး ငွေမကျန်ခြင်း၊ ငွေစုမရခြင်း များကြုံရတတ်ပါသည်။

စီးပွားရေး လုပ်ငန်း လုပ်သူများ ငွေရေးကြေးရေး စကားပြောရတတ်သည်။ အိမ်ထောင်ရှိသူများ ဆန်းပွင့်ကိန်းရှိသည်။ ပညာရေးကံမကောင်းပါ။

သင်တန်းတတ်ရန်ကိစ္စများ ပျက်သွားတတ်ပါသည်။ယတြာကတော့ အိမ်ဘုရားမှာ ပန်းအဖြူရောင် (19) ပွင့် ဆီမီးခွက် (19) ခွက်,အမွှေးတိုင် (19) တိုင် ကပ်လှူထွန်းညှိ ပူဇော်ပေး လိုက်ပါ။

သောကြာသားသမီးများအတွက်

အလွန်ကောင်းတဲ့ သတင်းတစ်ခု ကြားရတက်ပါသည် လူချစ်လူခင် များမဲ့ကာလ ဖြစ်မည်။ စက်ပစ္စည်းနှင့် ပတ်သက်သော လုပ်ငန်း၊

စပ်တူရှယ်ယာလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ပြည်ပ ရင်းနှီးမှုလုပ်ငန်းများ အဆင်ပြေအောင်မြင် ကိန်းရှိပါသည်။ ရပ်ေ၀းမှ စပ်တူရှယ်ယာ လုပ်ငန်းများလည်း ပေါ်တတ်ပါသည်။

ပွဲရုံပွဲစား လုပ်ငန်း၊ မြေယာနှင့်ပတ် သက်သော လုပ်ငန်း၊ ပရိဘောဂနှင့် ပတ်သက်သော လုပ်ငန်း၊ ပဲမျိုးစုံ ရောင်း၀ယ်ရေး စသော ကြာသပတေးနံ လုပ်ငန်းများလည်း အဆင်ပြေ အောင်မြင်တတ်သော ကာလ ဖြစ်ပါသည်။

ငွေကြေး အ၀င်နည်း၊ အထွက်ကြမ်း ဖြစ်နေတတ်ပါသည်။ မထင်မှတ်ဘဲ ခရီးသွားရတတ်ပါသည်။ ကောင်းသောခရီး ဖြစ်တတ်ပါသည်။

အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရတတ်သည်။

အိမ်ထောင်ဖက်သည် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း/ အိမ်က ထွက်သွားခြင်း စန်းပွင့်ခြင်း တို့ဖြစ် ၍ စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါသည်။

ရပ်ေ၀း မှမိတ်ဆွေ ဆရာသမား ၊ အင်္ဂါ၊ စနေသ ားသမီးများ အကူအညီ ရတတ်ပါသည်။ ငယ်ရွယ်သူများချစ်သူနှင့် အဆင်မပြေဖြစ်ကိန်း ရှိသည်။

တစ်ခါတစ်လေ စိတ်ထိခိုက်သလို စိုးရိမ်သလို စိတ်သောက ဖြစ်နေတတ်ပါသည်။ပညာရေး ကိစ္စ၊ အထူးကောင်းပါသည်။ သင်တန်း ကိစ္စများလည်း အဆင်ပြေ အောင်မြင်ပြီး သင်တန်းတတ်ရန် ရည်ရွယ်ထားသာများ

သင်တန်း တတ်ဖြစ်လိမ့်မည်။ ဒီကာလအတွင်း စိတ်ညစ်၊ စိတ်ရှုပ်လျှင် ဘုရားဖူးခရီး ထွက်လိုက်ပါ။ယတြာကတော့

တနင်္လာဂြိုလ်ဒေါင့် ဘုရားတွင် ကံ့ကော်ညွန့် (21) ညွန့်, ဖယောင်းတိုင် (21) တိုင် ချိုချဉ်(သကြားလုံး) (21) လုံး လှူပေးလိုက်ပါ။

စနေသားသမီးများအတွက်

မထင်မှတ်ထားသော လုပ်ငန်း နေရာ အပြောင်းအလဲများ ပြောင်းရွေ့ လုပ်ကိုင်ရမည့် ကာလဖြစ်သည်၊၊

အလုပ်အကိုင် တိုးတတ်မှု အားကောင်းတတ်ပါသည်။ ငွေကုန်ကြေးကျ များနေတတ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဘာသာပြန်လုပ်ငန်း၊

လူထုနှင့် ပတ်သက်သော လုပ်ငန်း၊ အနုပညာ လုပ်ငန်းများ အဆင်ပြေ အောင်မြင်ကိန်း ရှိသော ကာလဖြစ်ပါသည်။မိတ်ရင်း၊ ဆွေရင်း၊ဆရာသမားလို ပုဂ္ဂိုလ်မျိုးနှင့် အဆင်မပြေ ဖြစ်ကိန်းရှိသည်။

ခြေ၊ လက် ထိခိုက်ဒဏ်ရာရခြင်း၊ ကျန်းမာရေး ည့ံ၍ ဆေးရုံ၊ ဆေးခန်းပြရခြင်းများ ကြုံရတတ်ပါသည်။ အိမ်ထောင်ရှင် အမျိုးသမီးများ အိမ်ထောင် ဖက်ဆန်းပွင့်ခြင်း၊ အိမ်ထောင်ဖက်နှင့် အဆင်မပြေ ဖြစ်ခြင်းများ ကြုံရတတ်သည်။

အိမ်ထောင်ရှင် အမျိုးသားများ စန်းပွင့်ကိန်း ရှိပါသည်။ ရည်စားရှိသူများ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။

တနင်္ဂနွေ၊ ကြာသပတေး သားသမီးနှင့် ဇာတ်လမ်းဖြစ်လျှင် ပြတ်သွားတတ်ပါသည်။ အလုပ်အကိုင် အဆင်ပြေမလိုလိုနှင့် မပြေဘဲ လွဲလွဲနေတတ်ပါသည်။

၀င်စရာရှိသော ငွေများလည်း မ၀င်ခြင်း၊ ရစရာရှိသော လုပ်ငန်းများ လည်း မအောင်မြင်သေးခြင်းများ ကြုံရတတ်သည်။စနေ၊

တနင်္ဂနွေသား ချစ်သူ အိမ်ထောင်ဖက်ဖြစ်လျှင် ဖောက်ပြန်၍ ကွဲသွားတတ်သောကာလဖြစ်ပါသည်။ ပညာ ရေးကံမကောင်းပါ။

သင်တန်းများ တိုးလို့တန်းလန်း ဖြစ်နေတတ်သည်။ စိတ်ညစ်လျှင် ရပ်ေ၀းခရီးထွက်ခြင်း၊ ဘုရားဖူး ထွက်ခြင်း၊ ညအိပ်ညနေခရီးများ ထွက်လိုက်ပါ။

ခရီးမှာပြန်လာလျှင် ညံ့နေသောကံများကောင်းသွား လိမ့်မည်။

ယကြာကတော့ ကြာသပတေးဂြိုလ်ဒေါင့် ဘုရားတွင် အသီး (19) လုံး ရွက်လှ (19) ညွန့် , ဖယောင်းတိုင် အနီရောင် (19) တိုင်ကို ထွန်းညှိပူဇော်ပေးပါ၊၊

ဖိုးသူတော် (www.phothutaw.com)

Credit: သမီးလေး

#

Tags:
  • ,

Latest Comments

Leave a Comment