Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

“သိဂါင်္ရ” MTV ထဲမှာ ထမီ နဲ့ ပုဆိုး မှားသွားလို့ တောင်းပန်လိုက်တဲ့ စိုင်းစိုင်း

Image



”စိုင်းစိုင်းက စိုင်းစိုင်း” ဆိုတဲ့ အယ်ဘမ်သစ် ထွက်တဲ့ အမှတ်တရ အနေနဲ့ (၂၈)ရက်နေ့က ပရိသတ်တွေကို လက်ဆောင် ပေးခဲ့ပါတယ်။ စိုင်းစိုင်းပေးတဲ့ လက်ဆောင်ကတော့ “သိဂါင်္ရသီချင်းတစ်ပုဒ် ” MTV ပါ။ အဲ့ဒီMV ကတော့ တင်ပြီး ခဏလေး အတွင်းမှာ ၀င်ရောက်ကြည့်ရှုသူ အရမ်းကို များပြားခဲ့ပါတယ်။ အချစ်သီချင်းချိုချိုလေးပါ။ MV ထဲမှာတော့ စိုင်းစိုင်းနဲ့ အတူ ဆေးကျောင်းသူလေး ပိုးမမှီသာ တို့ အတူ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

အဲ့ဒီ MV ကို ရန်ကုန်တက္ကသိုလ်မှာ ရိုက်ကူးခဲ့ပြီး MV တစ်ခုလုံးလိုလိုမှာ မင်းသမီးက မြန်မာဆန်ဆန်လေး ၀တ်ဆင် ခဲ့ပါ တယ်။အဲ့ဒီအထဲမှာ မင်းသမီး ၀တ်ဆင်ခဲ့တဲ့ လုံချည်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဂယက်ထွက်ပေါ် ခဲ့ပါတယ်။Fb အသုံး ပြုသူ(Eno Tawqrängz Vazrängz)အကောင့်ပိုင်ရှင်က ပိုးမမှီသာ ၀တ်ဆင်ခဲ့တဲ့ လုံချည်ဟာ တကယ်တော့ အမျိုးသမီး ထမိန်မဟုတ်ပဲ နာဂ မျိုးနွယ် တွေ ၀တ်ဆင်တဲ့ အမျိုးသား၀တ်ပုဆိုးပါဆိုပြီး ထောက်ပြခဲ့ပါတယ်။ထောက်ပြလာ တဲ့ အပေါ် စိုင်းစိုင်းက အခုလို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

“မိတ်ဆွေအားလုံးခင်ဗျာ..စိတ်အနှောင့်အယှက်ဖြစ်ရတာကို တောင်းပန်ပါတယ်..သရုပ်ဆောင်ကလည်း မသိလို့ ၀တ်ဆင် ခဲ့တာဖြစ်ပါတယ်..ကျနော်က တာ၀န်ယူပြီး..အဲ့ဒီအခန်းကို ပြန်လည်ပြင်ဆင်ပြီး..အမှန်တကယ် အခွေထွက်တဲ့ အခါ ပြင်ဆင် ပြီးသားကိုသာ အသုံးပြုပါမယ်ခင်ဗျား..” ဆိုပြီး အလေးအနက်ထား ပြန်လည် တောင်းပန်ခဲ့ပါတယ်။

ပိုးမမှီသာကလည်း “လက်ဆောင်ရလို့ အဆင်လေးနှစ်သက်ပြီး ချုပ်၀တ်မိခြင်းဖြစ်ပါတယ်..နာဂတိုင်းရင်းသား ပုဆိုး မှန်း မသိလိုက်ခြင်းကို နားလည်ခွင့်လွှတ်ပေးပါရှင့်..နာဂတိုင်းရင်းသားအားလုံးကို တောင်းပန်ပါတယ်..နောက်နောင် အထူး သတိထားဆင်ခြင်ပါ့မယ်ရှင့်..” ဆိုပြီး ပြန်တောင်းပန်ထားပါတယ်။အမှားကို ထောက်ပြတဲ့ အကောင့်ပိုင်ရှင်ကလည်း အနုပညာ ရှင်နှစ်ယောက် တောင်းပန်ထားတဲ့ Post ကို သူ့ရဲ့ fb မှာ တင်ပြီး ပထမဆုံးသူတင်ခဲ့တဲ့ Post ကို ပြန်ဖျက် ပေးခဲ့တာကိုတွေ့ရပါတယ်။

from အနုပညာရှင်များရဲ့ fb

ဖိုးသူတော် (www.phothutaw.com)

Credit: yawthama

#

Latest Comments

Leave a Comment

Related News