Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

“ခင်ပွန်းကြီး(၁၀)ပါးအားဝန်ချကန်တော့ရန်”(အကျဉ်း) (နေ့စဉ်ရွတ်သင့်သည်)

Image



(၁)သဗ္ဗညု တ ဘုရားရှင်များတို့၏အပေါ်၌လည်းကောင်း၊

(၂)ပစ္စေကဗုဒ္ဓါ အရှင်မြတ်များအပေါ်၌လည်းကောင

်း၊

(၃)အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌လည်းကောင်း၊

(၄)ရဟန္တာအရှင်မြတ်များတို့အပေါ်၌လည်ကောင်း၊

(၅)ပစ္စုပ္ပန်၌တော်စပ်သောမိခင်ကြီးနှင့်သံသရာ၌တော်စပ်

ခဲ့သောမိခင်များအပေါ်၌လည်းကောင်း၊

(၆)ပစ္စုပ္ပန်၌တော်စပ်သောဖခင်ကြီးနှင့်သံသရာ၌တော်စပ်

ခဲ့သောဖခင်များအပေါ်၌လည်းကောင်း၊

(၇)တရားအသိထူးရအောင်ဟောပြောပေးကြသော

လောကုတ္တရာ ဆရာသမားများအပေါ်၌လည်းကောင်း၊

(၈)သီလဝန္တသူတော်စင်(အလေးဂရုပြုထိုက်သူ)အပေါ်၌

လည်းကောင်း၊

(၉)လောကီပညာများကိုသင်ကြားပေးကြကုန်သော

ဆရာသမားများအပေါ်၌လည်းကောင်း၊

(၁၀)မိမိတို့အခက်အခဲရှိစဉ်ကစားဝတ်နေရေးစောင့်ရှောက်

ပေးဖူးကုန်ကြသောကျေးဇူးရှင်တို့အားလည်းကောင်း၊

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ဘုရားတပည့်တော်

သည်ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊သံသရာဘဝ၌၎င်း၊သိ၍ဖြစ်

စေ၊မသိ၍ဖြစ်စေ ကာယကံ၊ဝစီကံ၊မနောကံတို့တွင်တစ်ပါးပါး

သောကံတို့ဖြင့် ပြစ်မှား ၊ကျူးလွန်၊ကြံစည်ပြုလုပ်မိခြင်းကိုသိရှိ

နားလည်စွာဖြင့်ဝန်ခံပါ၏၊ဝန်ချပါ၏၊တောင်းပန်ပါ၏၊ကန်တော့

ပါ၏။…

ဤကုသိုလ်စေတနာကြောင့်ဆိုးကျိုးပေးဆဲ၊ဆိုးကျိုး

ပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တတို့သည်ပိန်ကြာ

ဖက်တွင်ရေမတင်လျှေကျဘိသကဲသို့ကင်းစင်လွင့်ပျောက်မထိ

ရောက်တော့ဘဲကောင်းကျိုးအနန္တဖြစ်ထွန်းရပါလို၏

မြတ်စွာဘုရား။(၃-ကြိမ်)

ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍အားထုတ်ဆဲ၊အား

ထုတ်လတ္တံ့ဖြစ်သော ဒါန၊သီလ၊စေတနာကံနှင့်တကွ

ဝိပဿ နာဉာဏ်သည်မဂ်ဉာဏ်သို့ကျေးဇူးပြု၍နိဗ္ဗာန်ကိုမျက်

မှောက်ပြုရပါလို၏ မြတ်စွာဘုရား…

မှတ်ချက်-

လောကမှာဤမပြစ်မှားထိုက်တဲ့ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားမိပါက ဘေးအတန်တန်၊ရန်အသွယ်သွယ်ဖြစ်တတ်ပြီး

စီးပွားရေးပျက်ဆီးခြင်း၊တရားအားထုတ်ပေမယ့်တရားရခါ

နီးမှာအထိတ်တလန့်ဖြစ်၍ရင်တမောမောဖြစ်နေပြီးတရား

မရဘဲဖြစ်နေတတ်တယ်။မဂ်တား၊ဖိုလ်တား၊အန္တရယ်မှန်သ

မျှကင်းဝေးစေရန် စိတ်သန်၍နေ့စဉ်ရွတ်ဖတ်ခြင်းတရားအား

ထုတ်ခါနီးရွတ်ဖတ်ခြင်းကြောင့်တစ်ပါးသောပုဂ္ဂိုလ်တို့

အန္တရာယ်ပြုခြင်းမှကင်းဝေးစေကြောင်းမေတ္တာလောင်း၍

ရှေ့အရိယာသူတော်တို့မိန့်တော်မူခဲ့ပါသည်။

“သောကခပ်သိမ်းငြိမ်းအေးကြပါစေ…မင်္ဂလာရှိသောနေ့ရက်

တိုင်းကိုကုသိုလ်များဖြင့်ဖြတ်သန်းနိုင်ကြပါစေ”…

ဖိုးသူတော် (www.phothutaw.com)

Credit: Myanmarlatest news

Latest Comments

Leave a Comment

Related News