Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

၅ မိနစ်အတွင်း ဆားဝက်ခြံ အမြန်ဆုံး ပျောက်စေဖို့ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကို သုံးမယ်

Image



ဆား၀က်ခြံရှိနေလို့ အမြဲလိုလို စိတ်ညစ်ကြရတယ်မဟုတ်လား။ အလှအပကြိုက်တဲ့ ပျိုမေတို့အတွက်ဆို ပိုလို့တောင် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ချွေးပေါက်ကျယ်တာ အဆီပြန်တာတို့လည်း ဆား၀က်ခြံကြောင့်ဖြစ်စေပါတယ်။

ဆား၀က်ခြံကြောင့် အရေပြား ကြမ်းတမ်းပြီး အစက်အပြောက်တွေရှိနေလို့ အိုမင်းရင့်ရော်သလိုထင်ရစေပါတယ်။

ဒါ့ကြောင့် မိမိကိုယ့်ကို ယုံကြည်မှုလျှော့နည်းလာရတယ်ဆိုရင် သဘာ၀နည်းလမ်းကောင်းတစ်ခုကို မျှေ၀ပေးချင်ပါတယ်။

အဆီပြန်တာကို ထိန်းညှိပေးပြီး ၀က်ခြံနဲ့ ဆား၀က်ခြံတွေကို သက်သာစေမဲ့အပြင် အသားအရေ ကြမ်းတမ်းတာကိုပါသက်သာစေမှာပါ။

ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းမို့လည်း စာဖတ်သူတို့ အကြိုက်တွေ့ကြမှာပါ။

ပါ၀င်ပစ္စည်း

မုန့်ဖုတ်ဆိုဒါ

သွားတိုက်ဆေး

ပြုလုပ်နည်း

မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ဆေးကို အချိုးကျရောစက်လိုက်ပါ။ အရမ်းထူပျစ်နေတယ်ဆိုရင် ၂ စက်လောက် ထည့်ပါ။

မုန့်ဖုတ်ဆိုဒါဟာ သဘာ၀အတိုင် ချေးချွတ်ပေးတဲ့ ဓါတ်ပါ၀င်လို့ အညစ်အကြေးတွေ ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။

အရင်ဦးဆုံး ချွေးပေါက်တွေပွင့်သွားအောက် ရေနွေးနဲ့ မျက်နှာသစ်ပါ။ (သို့) တဘက်ကို ရေနွေးစွတ်ပြီး ကိုလိမ်းမဲ့နေရာမှာ စွတ်ပေးပါ။

ပြီးရင် ခြောက်အောင်သုတ်လိုက်ပြီး စောစောကလုပ်ထားတဲ့ မုန့်ဖုတ်ဆိုဒါနဲ့ သွားတိုက်ဆေးကို ဆား၀က်ခြံရှိတဲ့ ပါးပြင်၊ နှာခေါင်းနဲ့ မေးရိုးတို့မှာ လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပြီး အခြောက်ခံပါ။

ပြီးရင် သွားတိုက်တံကို ရေစွတ်ပြီး သေချာပွတ်ပေးပါ။ အဲဒီနောက် တဘက်ကို ရေစွတ်ပြီး သုတ်ပေးပါ။

ပြီးရင် ဆား၀က်ခြံတွေကို ညှစ်ထုတ်ပေးပါ။ အဲဒီနောက် ရေအေး နဲ့ ဆေးချတာာဖြစ်ဖြစ် ရေခဲတုံးနဲ့ မျက်နှာအနံ့ကို ပွတ်ပေးပါ။

ဒါဆို ချွေးပေါက်တွေ ပြန်ပိတ်သွားပါလိမ့်မယ်။ မဟုတ်ရင် အညစ်အကြေးတွေ ပို၀င်လာနိုင်ပါတယ်။

ပြီးရင် မျက်နှာပေါ်မှာ Moisturizer လိမ်းပေးပါ။

ဖိုးသူတော်(www.phothutaw.com)

Credit:mystyle

Tags:
  • ,

Latest Comments

Leave a Comment