Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

၄ နှစ်သားကလေးကို ခဲနဲ့ဝိုင်းပေါက်ခိုင်းပြီး သင်ခန်းစာပေးတဲ့ဆရာမ

Image



 နေ့ကလေးထိန်းကျောင်းတစ်ခုမှာ ကလေးလေးတစ်ယောက်ကို ကျန်တဲ့ အတန်းဖော်တွေက ခဲနဲ့ဝိုင်းပေါက်ပြီး အပြစ်ပေးဖို့ ဆရာမလုပ်သူက ခိုင်းစေခဲ့ပါတယ်။

အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ကြည်ရှုမိသူကလေးမိဘတိုင်းက ဒေါသထွက်ကာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ဆရာ/ဆရာမတွေဆိုတာ ကျောင်းနေကာစ ကလေးတွေအတွက်တော့ ကျောင်းစာသင်ခန်းထဲမှာဆိုရင် ဒုတိယမိဘတွေပဲလို့ ဆိုနိုင်ပါတယ်။ ကလေးတွေဟာ နုနယ်လွန်းသေးတဲ့အတွက် ဆရာ၊ မိဘတွေရဲ့ ပြောဆိုဆုံးမမှုတွေတိုင်းဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး စွဲမြဲသွားစေပါတယ်။

ဒါကြောင့်လဲ နေ့ကလေးထိန်းဆရာမရဲ့ ကျောင်းသားကလေးတွေကို မဟုတ်မှန်တဲ့ အယူအဆမှားတွေ သင်ပေးတဲ့အပေါ် မကျေမနပ်ဖြစ်ခဲ့ကြတာပါ။

ကလေးငယ်လေး ၆ ယောက်က အတန်းဖော်ကလေးတစ်ယောက်ကို ခဲတွေနဲ့ ပစ်နေတဲ့ ဗီဒီယိုကို ရဲစခန်းကို အီးမေးလ်ပို့ တိုင်ကြားခဲ့တယ်လို့ ရဲဌါနက ဆိုပါတယ်။ ဗီဒီယိုထဲမှာ ဆရာမက အနားမှာရှိနေခဲ့ပေမယ့် ခဲတွေနဲ့ပစ်နေတဲ့ ကလေးတွေကို တားဆီးခြင်းမရှိပဲ ရပ်ကြည့်နေပါတယ်။

မျက်မြင်သက်သေတစ်ဦးရဲ့ အဆိုအရ အသက် ၄ နှစ်ဝန်းကျင်သာရှိသေးတဲ့ ကလေးတွေထဲက တစ်ယောက်ကို ဆရာမလုပ်သူက ထိုင်ခိုင်းထားပြီး ကျန်ကလေးတွေကို မြေကြီးပေါ်က ခဲတွေကောက်ပြီး ထိုကလေးကို ပစ်ဖို့ ညွှန်ကြားခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ခဲနဲ့ပစ်ခံရတဲ့ ကလေးဟာ မြေကြီးပေါ် ဒူးထောက်ထိုင်လိုက်ပြီး မျက်နှာကို လက်နဲ့အုပ်ကာ ငိုနေခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်ပြီးနောက်မှာတော့ အွန်လိုင်းသုံးသူတွေက ဆရာမကို ရစရာမရှိ ဝေဖန်ပြစ်တင်ပြောဆိုကြပါတယ်။

ဆရာမလုပ်သူကို ရဲအဖွဲ့က စစ်ဆေးလျှက်ရှိပြီး အခုချိန်ထိတော့ ဖမ်းဆီးခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။



ဖိုးသူတော် (www.phothutaw.com)

Credit: popolay

#

Tags:

Latest Comments

Leave a Comment

Related News