Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

၂ ရက်အတွင်း ပရိသတ် ၁၈ သန်းကျော်ရရှိခဲ့သည့် ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ဝင်တေး

Image



၁၉၈၀ ပြည့်နှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ ဘောလိဝုဒ်ရုပ်ရှင် ဇာတ်ဝင်သီချင်းရုပ်သံကို တကျော့ပြန် ဆန်းသစ်သီဆိုထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ၂ ရက်အတွင်း ကြည့်ရှုသူ ပရိသတ် ၁၈ သန်းကျော်ရှိခဲ့ပြီး ရေပန်းစားနေခဲ့ပါတယ်။

ဒီသီချင်းဟာ ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Tezaab ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်ပြီး အကမှာ နာမည်ကြီးတဲ့ ဘောလိဝုဒ်စတား မင်းသမီး မက်ဒ်ဒူရီဒီးဆစ်က သရုပ်ဆောင် ကပြထားတာ ဖြစ်ပါတယ်။

မတ်လ ၁၉ ရက်နေ့က ယူကျုအင်တာနက်စာမျက်နှာပေါ်ကတဆင့် မျှဝေခဲ့ချိန်မှာတော့ ဒီသီချင်းရုပ်သံဟာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Ek Do Teen လို့ အမည်ပေးထားတဲ့ ဒီသီချင်းခေါင်းစဉ်ဟာ ဟင်ဒီဘာသာစကားနဲ့ဆိုရင် ဝမ်း-တူး-သရီးလို့ အဓိပ္ပာယ်ရပြီး မိန်းကလေးတယောက်ရဲ့ ချစ်ခြင်းမေတ္တာဖွဲ့ဆိုထားတဲ့ သီချင်းအမျိုးအစား ဖြစ်ပါတယ်။

ချစ်သူကို တွေ့ခွင့်ရဖို့ အချိန်တွေကို ရေတွက်နေရတဲ့ အမျိုးသမီးတယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဖွဲ့ဆိုထားတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: DVB

#

Latest Comments

Leave a Comment

Related News