Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အွန်လိုင်းပေါ်က အဖွမီဒီယာတွေကို သီချင်းနဲ့ ဖြဲလိုက်တဲ့ G Fatt

Image



လတ်တလောမှာ 120/B ဆိုတဲ့ တေးအယ်လ်ဘမ် ထွက်ရှိထားပြီး ပရိသတ်အားပေးမှု များနေတာက အဆိုတော် G Fatt ပါ။ G Fatt ဟာ ဒီသီချင်းခွေ မထွက်ခင်ကလည်း သူငယ်စဉ်က အိမ်မှာသွားတိုက်နေတဲ့ပုံတစ်ပုံ အွန်လိုင်းပေါ် ပြန့်ခဲ့ပြီး Internet Troller တွေအကြား ဟာသလုပ်စရာတစ်ခုလိုဖြစ်ခဲ့ကာ သူ့ရဲ့ပိန်သွယ်သွယ် ခန္ဓာကိုယ်အပေါ်ကိုလည်း လှောင်ပြောင်ခဲ့ကြသူတွေ များစွာရှိခဲ့ပါတယ်။

ဂျီဖတ်ဟာ ယခုထွက်ရှိလာတဲ့ 120/B သီချင်းခွေထဲမှာတော့ သူ့ဘ၀အကြောင်းအများစုကို သီချင်းစပ်ဆိုထားပြီး စိတ်၀င်စားစရာကောင်းတဲ့ သီချင်း ၂ ပုဒ်ကတော့ “ဖက်တီးဖြစ်ချင်တယ်” ဆိုတဲ့ သီချင်းနဲ့ “ဖွ” ဆိုတဲ့ သီချင်းတွေပါ။ “ဖက်တီးဖြစ်ချင်တယ်” ဆိုတဲ့ သီချင်းဟာလည်း သူ့ကိုပိန်တယ်ဆိုပြီး သရော်ကြတဲ့သူတွေ၊ ခြေသလုံးပလွေရိုးဆိုပြီး ပြောကြတာတွေကို တုံ့ပြန်တဲ့ပုံစံ ဆိုထားတာဖြစ်ပြီး “ဂျီဖတ်က ခြေသလုံးပုလွေရိုး၊ လက်မောင်းက စမုတ်တံလောက်နဲ့ ဗလတော့ မတောင့်ပေမယ့် မင်းထက်စော်ကြည်ပြီး ရုပ်ခံဖြောင့်တယ်” ဆိုပြီး စပ်ထားတဲ့ စာသားလေးကလည်း သဘောကျစရာပါ။

နောက်တစ်ပုဒ်ကတော့ “ဖွ” ဆိုတဲ့ သီချင်းပါ။ ဟုတ်တာတွေလည်းဖွ၊ မဟုတ်တာတွေလည်းဖွတတ်တဲ့ ယနေ့ခေတ် အွန်လိုင်းပေါ်က Page တွေ၊ မီဒီယာဆိုသူတွေကို ပြန်လှန်သရော်တဲ့ပုံစံနဲ့ စပ်ဆိုထားတာဖြစ်ပြီး လတ်ရှိဖြစ်ရပ်တွေကိုလည်း ရောင်ပြန်ဟပ်နိုင်တာကို တွေ့ရပါတယ်။ “ကျွန်တော်ကဖွ မဂ္ဂဇင်းက ဂျာနယ်လစ်ပါ၊ ကျွန်မက ဘုတ်မီဒီယာက စာနယ်ဇင်းသမား၊ ကိုယ့်ကြောင့် ဖေ့ဘုတ်ကလာတဲ့ သတင်းများ၊ ဟုတ်လား မဟုတ်လား မညာနဲ့ရှင်းပြ၊ ကဲ သိချင်တဲ့လူတွေအကုန် ကွန်မန့်မှာလာ ဖျာ၀ယ်ခင်းထား” ဆိုတဲ့ ကာရန်တွေနဲ့ အွန်လိုင်း Page တွေကို ပြန်ဖြဲထားတာ ဖြစ်ပါတယ်။

ပရိသတ်ကြီးရော ဂျီဖတ်ရဲ့ 120/B သီချင်းခွေသစ်ကို နားထောင်ပြီးပြီလား? ဒါဆိုရင်တော့ နီးစပ်ရာအခွေဆိုင်တွေသွားပြီး Original အခွေတစ်ခွေလောက်၀ယ်ပြီး အားပေးလိုက်ပါဦး။ ဒီအခွေထဲမှာတော့ သီချင်း ၁၄ ပုဒ်ပါ၀င်ပါတယ်လို့ သတင်းကောင်းပါးရင်း နှုတ်ဆက်လိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit: Hlataw

Latest Comments

Leave a Comment

Related News