Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အွန်လိုင်းပေါ်က မမ နဲ့ တည်းခိုခန်းမှာ ချိန်းတွေ့သောအခါ

Image



” ကျနော့ကို ဖမ်​းကြပါ ကျွန်​​တော့်ကို မြန်​မြန် ​ဖမ်​း​ကြပါ အီး အဟီး …. ဟီး ….. ”

လူပျိုကြီး တယောက် ရဲစခန်​းထဲကို ငိုကြီး ချက်​မနဲ့ ပြေးဝင်​လာတယ် ​။ တာဝန်​ကျနေတဲ့ ရဲအရာရှိက

” ကဲ ထိုင်​ပါဦးဗျာ တကိုယ်​လုံးလည်​း ဒဏ်​ရာ​တွေနဲ့ မြင်​မ​ကောင်း ပါလား ဘယ်​လိုဖြစ် လာတာလဲ ခင်များကို ဘာကိစ္စ​ကြောင့် ဖမ်​းရမှာလဲ ဆိုတာ ​ပြောပြပါဦး ”

” ဒီလိုပါ ဦးရဲကြီးရယ် ….. ကျနော်​နဲ့ အွန်​လိုင်​းမှာ ကြိုက်​​နေတဲ့ ကောင်​မ​လေး ကို အခု တည်းခိုခန်​းမှာ ချိန်​း​တွေ့ပြီးမှ ဒီအတိုင်​း ထားပစ်​ခဲ့ ပါတယ် ….. ကျနော့မှာ အပြစ် ​ရှိပါတယ် ကျနော့ကို ဖမ်​းပါဗျာ ”

” ဟာကွာ …. တောက် …. ခင်ဗျားမို့လို့ နှမချင်​း မစာမနာ လုပ်​ရက်​တယ် ….. ​ကောင်​းပြီ​လေ ဒါဆိုရင်​​တော့ ပြစ်​မှု​မြောက်​သွားပြီ ဖမ်​းရမှာပေါ့ ….. ကဲ ဖြစ်​စဉ်​ကို အစက​နေ သေချာ ​ပြောပြစမ်းပါ အုန်း ”

ရဲအရာရှိက စာအုပ်​နဲ့​ ဘောပင်​ယူပြီး လိုက်​မှတ်​ဖို့ ပြင်​တယ်​။

” ဒီလိုပါ ဦးရဲကြီးရယ်​ …. အဲဒီ အွန်​လိုင်​းပေါ်က ချစ်​သူကို ခိုး​ပြေးဖို့ ကျနော်​ တည်​းခိုးခန်​း တ​ခုကို ချိန်​းလိုက်​ပါတယ် …. ကျနော်​​ တည်​းခိုခန်​းကို ရောက်​သွားတဲ့ အချိန် သူက အရင်​​ရောက် ​နှင့်​နေပြီ ”

” ဟုတ်​ပြီ ဆက်​​ပြောပါ ”

” ကျနော်​ အခန်​းထဲ​ ဝင်​သွား​တော့ သူ ဘာလုပ်​​နေတယ် ​ထင်​လဲ ”

” ဘာလုပ်​​နေလို့လဲ ”

” ကုတင်​​ပေါ်ထိုင်​ပြီး နှပ်ချေး ထိုင်​ က​လော်​ ​နေတာ ဗျ ”

” အဲ ….. ဟုတ်​ပြီ​လေ ​ နောက်​​တော့​ရော ”

” ကျနော်လည်​း ရင် ​တထိတ်ထိတ်​နဲ့ သူ့ဘေးမှာ ဝင်​ထိုင်​လိုက်​​ပြီး သူ့လက်​က​လေးကို ဖွဖွလေး ငုံ့နမ်​း​လိုက်​တော့ …… ဖွီ …… အားလာလား သူ့လက်​သည်​း ကြားမှာ နည်​းနည်​း​ နော​နော ဂျီး​တွေ လားဗျာ ”

” ဪ ဆက်ဆီ ကျချက်​​နော်​ ….. အင်​း ဆက်​​ပြောပါဦး ”

” ဒါနဲ့ ကျနော်​က လက်​သည်​း​တွေကို သန်​့သန်​့ ရှင်​းရှင်​း ထားပါလား ဆို​တော့ သူက ဘာလုပ်​တယ်​ ထင်​လဲ ”

” အင်း ဘာလုပ်​လို့လဲ ”

” သူ့လက်​သည်​း​တွေကို လျှာနဲ့ ထိုးက​လော်​​ နေတယ်​​လေ ”

” ထွီ ….. အဲ​လေ​ ​ယောင်​သွားလို့ ဆက်​​ပြော ”

” ကျနော်​လည်​း ညားပြီးရင်​​တော့ ပြုပြင်​လို့ ရ​ကောင်​းပါတယ် ဆိုပြီး ပါး​လေးကို ရွှတ်​ခနဲ ငုံ့နမ်​းလိုက်​ တာပေါ့ ”

” အဲ့တော့ကော ဘာဆက်​ဖြစ်​လဲ ”

” ကျနော် ​နမ်​းတဲ့​ နေရာတခုတည်​း ကွက်​ပီး မည်​းသွားတယ် ”

” ဟင်​ ခင်ဗျား နှာ​ခေါင်​းမှာ အိုးမည်​း​တွေ ​ပေ​နေလို့လား ”

” ဘယ်​ကလာ ဖို့ထားတဲ့ သူ့ရဲ့ မိတ်​ကပ်​​တွေ ပျက်​သွားပြီး သူ့နဂို အသားအ​ရေ ပေါ်လာတာ ”

” ​ဗျာ ”

” အဲဒါနဲ့ သူ့ပါးကို ကမန်​း ကတန်​း လက်​နဲ့ ပွတ်​ကြည့် လိုက်​​တော့မှ အာပါးပါး ​ဖေ့စ်​ဘုတ်​​ပေါ်က ရုပ်​နဲ့ တခြားစီ ….. မည်​းလိုက် တဲ့အသားဗျာ ….. ယင်​​ကောင်​ နားရင်​​တောင်​ ရှာ​တွေ့မယ် ​မထင်​ဘူး ”

” အဲ​လောက်​​တောင်​ မည်​း​သလားဗျ ”

” ဒါနဲ့ ကျနော် ​ပြောလိုက်​တယ်​ ….. အချစ်​မှာ အသားအ​ရည် မလိုဘူး ….. ပိုလျှံ​နေတာ​တွေ မလိုဘူး ….. အခု သွားဖျက်​လို့ ​ပြောလိုက်​​တော့ သူ ကပျာကယာနဲ့ ​ရေချိုးခန်​းထဲ ဝင်​သွားတယ် ​ ”

” စိတ်​ဝင်​စား လာပြီ ဆက်​စမ်​း ပါဦး ”

” ခဏကြာတော့​ ရေချိုးခန်​းထဲ က​နေ သူပြန်​ထွက်​လာ​တော့ သူ့လက်​ထဲမှာ ဘယ်​ညာ တစ်​ခုစီ အပို ပြန်​ပါလာတယ်​ ”

” ဟင် ဘာ​တွေ တုံးဗျ ”

” ဖင်​အတုနဲ့ ရင်အ​တု ”

” ဂျာ ”

” တကယ်​ပါဗျာ ဂစ်​တာရှိတ်​လို့ ကျနော် ထင်​ထားတဲ့ သူ့ပုံစံက ပိန်​​ခြောက် ​မည်​း​မှောင်​​နေ လိုက်​တာများ ကြေးနန်​းကြိုးကို တိပ်​အမည်​း ပတ်​ထားသလိုမျိုး ”

” ခွီး ….. ခွီး အဲ​လေ အဟမ်​း အဟမ်​း …… ခင်ဗျားကလည်​း ဒီ​လောက်​နဲ့​တော့ အပြစ်​​ ဆိုစရာလားဗျာ ”

” ဒီ​လောက် ​အထိ​တော့ ကျနော်​ စိတ်​ခိုင်​ပါ ​သေးတယ်​ …. ကုန်ကုန် ပြောရရင်​ တဏှာစိတ် ​မကုန်​​သေးဘူး ဆိုပါ​တော့ ”

” ပုထုဇဉ်​ သဘာဝ​ပေါ့ကွာ ”

” ကုတင်​​ပေါ် သူပြန်​​ရောက်​လာ​တော့ ကျနော့် ပုခုံးကို သူ့​ခေါင်​း​လေးနဲ့ ​ပေး မှီထားလိုက်​တယ် ”

” ဟဲဟဲ ​ကောင်​းခန်​း ​ရောက်​ပီမလား ”

” အဲဒီအချိန်​ ကျနော်​လည်​း ဘာရယ် ​ညာရယ်​ မသိ​တော့ဘူး မ စိတ် ​စမွှန်​တဲ့ အချိန်​​ပေါ့ ”

” အင်​း ”

” သူ့ရဲ့ ဆံပင်​​လေးတွေကို အသာ​အယာ ပွတ်​ပြီး နှစ်​ကိုယ်​ကြား​လေး ​ပြောလိုက်​တယ်​ ….. ဆံပင်လေးကို တသက်​လုံး ပိုင်​ဆိုင်​ချင်​လိုက်​တာ ဆို​တော့ ”

” သူက ဘာပြန်​ပြောလဲ ”

” ​ရော့ ယူချင်ရင်​ ယူ​လေ ဆိုပြီး သူ့ဆံပင် အတုကြီး ချွတ်​​ပေးတယ်​ ”

” ဟိုက်​ …. ​ စောင်ကတုံးမကြီးပေါ့ ….. အဲ​လေ ​ယောင်​လို့ အင်​း အဟဲ …. ဒီ​လောက်​နဲ့ စိတ်​ပျက်​စရာလားဗျာ …… အချိန်​တန်​ရင်​ ပြန်​​ပေါက်​ မှာ​ပေါ့ဗျာ ”

” သူက ​မွေးရာပါ ဆံပင်​ မ​ပေါက်​တဲ့ ​ရောဂါ တဲ့ဗျာ ”

” တိန်​ မှတ်​က​ရော ”

” ဒီအထိ သည်​းခံနိုင်​ပါ​သေးတယ်​ဗျာ ”

” အင်​း ”

” သူက လူချင်​း ခဏ ခွာလိုက်​ပြီး သူ့ ချိုင်​း​မွှေး​တွေကို တဗျင်​းဗျင်​း ဆွဲနုတ်​​နေ ​​သေးတယ်​ ”

” ဟိုက်​ ….. အဲ​လေ …. ချိုင်​း​မွှေး ​ပေါက်​တာက သဘာဝပါ ”

” ဒီ​လောက်​နဲ့ မပြီး​သေးဘူးဗျ ”

” ဟင် ”

” နှုတ်​ပြီးသား သူ့ချိုင်​း​မွှေး​တွေကို လက်​နဲ့ ကိုင်​ပြပြီး ကျနော့ကို ​ပြောတယ်​ …. ကျွန်​​တော့်မှာ နှုတ်​ခမ်​း​မွှေး မရှိလို့ ဆင်​​ကော်​နဲ့ ကပ်​​ပေးရ မလား တဲ့ ”

” ထွီ ” ရဲအရာရှိက သူ့ပါးစပ်ကို လက်​နဲ့ ကမန်​းကတန်​း လှမ်​းပိတ်​တယ် ​။

” ကျနော်​လည်​း ကျန်​တဲ့​ နေရာ မကြည့်ရဲ ​တော့ဘဲ သူ့နှုတ်​ခမ်​း​လေး ကိုပဲ စိုက်​ကြည့်​နေ လိုက်​တယ်​ ….. အမယ်​ …. ရုပ်​သာ ဆိုးတာဗျ ပြုံးလိုက်​​ရင်​တော့ လွှတ် ​လှ တယ် ”

” ​တော်​ပါ​သေးရဲ့ …. ​ကောင်​းတဲ့​နေရာလည်း ရှိ​သေးလို့ ”

” သွား​လေး​တွေက ပုလဲလုံး​လေး​တွေ လိုပဲ​နော် ​လို့ ကျနော် ​​ပြောလိုက်​​တော့ ”

” အင်​း ”

” ဒါ​တောင်​ ​ရေမ​ဆေးရ ​သေးဘူး ဆိုပြီး သူ့ အံပုံကြီး ချွတ် ​ပြတယ်​ ”

” ဟိုက်​ သကျိုးမကြီး …… ထွီ ​အေ့ ​ဝေါ့ ”

ရဲအရာရှိက ရင်​ဘတ်​က​လေး ဖိပြီး ကပျာကယာ ​ရေ ထ​သောက်​တယ် ​။ ပီးမှ ပြန်​လာထိုင်​တယ်​။

” ကျနော်​လည်​း ဖြစ်​ချင်​ရာဖြစ်​ မျက်​စိ စုံမှိတ်​ပီး ချစ်​​တော့မယ် ​ဆိုပြီး သူ့ခါးကို အတင်​း ဆွဲဖက်​ လိုက်​တယ်​ ”

” အဲဒီ​တော့ ”

” သူက ​ပြောတယ်​ …. ​ဖြေး​ဖြေးဖက်ပါတဲ့ ​ က​လေး ပျက်​ကျမှာစိုးလို့​တဲ့ ”

” ​ဟေ အ ဟား ဟား ဟား ဟား ….. နွား နွား ”

” ဟင်​ …. လက်​ညှိုးက ဘာလို့ ကျနော့် ကို ထိုးတာလဲ ….. ​လှောင်​တယ်​​ပေါ့ ”

” အဟီး ခွိခွိ ​ယောင်​ ​ယောင်​သွားလို့ပါ မရီတော့ပါဘူး အဟမ်​း အဟမ်​း ဆက်​​ပြောပါဦး ”

” ဒါနဲ့ ကျနော်​လည်​း မျက်​ရည်​​တွေ ဝဲတက်​လာပြီး တ​ချိုးတည်​း ထွက်​​ပြေးလာ​တော့ တာပဲ အဟင်​့ ဟင့် …… ”

” ဪ အဲလိုလား ….. အဟင်​း ခစ် ​ခစ်​ ဒါနဲ့ ​နေစမ်​းပါဦး …. ခင်ဗျားရဲ့ ဒဏ်​ရာ​တွေ က​ရော ဘယ်​လိုလုပ် ရလာခဲ့တာလဲဗျာ ”

” ကျနော် ထွက်​မ​ပြေးခင်​က သူ့ကို မယူနိုင်​ဘူး ဆိုပီး ​ပြောလို့ သူ့​ခြေတုကြီး ချွတ်​ပြီး တဖုန်​းဖုန်​းနဲ့ ရိုက်​နှက်​တော့တာ ပါပဲဗျာ ….. အီး အဟီး အဟင့် ”

” အဟား ……. ဟား …… ဟား ……. ဟား ……”

ဖိုးသူတော် (www.phothutaw.com)

Credit: ApanPyay

#

Tags:
  • ,

Latest Comments

Leave a Comment