Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အောင်မြင်သူတို့၏ အရည်အသွေး (၆) ခု

Image

ဘ၀မှာ အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်ပါသလား။ လက်ရှိအောင်မြင်သူတို့ရဲ့

စဉ်းစားတွေးခေါ်ပုံတွေနဲ့ အလေ့အကျင့်တွေကို အတုယူလုပ်ဆောင်မယ်ဆိုရင်

သင်လည်းပဲ အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒါဆိုရင်

အောင်မြင်သူတွေရဲ့ အရည်အသွေးတွေက ဘာတွေလဲဆိုတာကို လေ့လာကြည့်သင့်ပါတယ်။

၁။ သူတို့က ရည်မှန်းချက်ကြီးကြတယ်။

အောင်မြင်သူအများစုဟာ

ဘာကိုပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ယုံကြည်ထားတတ်ကြတယ်။

ဒီအချက်က သာမန်လူတွေအတွက် အလေးအနက်စဉ်းစားစရာတစ်ခုပါပဲ။ သာမန်လူအများစုဟာ

လက်ရှိအောင်မြင်နေသူတွေက သူတို့ထက်ထူးချွန်တဲ့အတွက် အောင်မြင်ကြတယ်လို့

အလွယ်တကူယူဆတတ်ကြပါတယ်။ ဒီယူဆချက်ကြောင့်ပဲ အောင်မြင်မှုနဲ့

မထိုက်တန်ဘူးလို့ မှတ်ထင်ထားကြပြီး အောင်မြင်မှုနဲ့

အလှမ်းေ၀းနေကြတာဖြစ်ပါတယ်။ တကယ်တော့ထိုက်တန်မှုဆိုတာ ကြိုးစားအားထုတ်မှုနဲ့

သက်ဆိုင်ပါတယ်။ သင်ကြိုးစားအားထုတ်သမျှရဲ့ အကျိုးရလဒ် (၁၀၀)ရာခိုင်နှုန်းကို

သင်ကိုယ်တိုင်ရရှိခံစားဖို့ ထိုက်တန်ပါတယ်။ ပိုပြီးတော့

ကြိုးစားအားထုတ်လေလေ ပိုမိုကြီးမားတဲ့အောင်မြင်မှု၊ ပိုမိုများပြားတဲ့

၀င်ငွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့

ဘာပဲလုပ်လုပ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

၂။ သူတို့က သတ္တိရှိကြတယ်။

အခြားသူတွေ

လက်လျှော့အရှုံးပေးသွားတတ်တဲ့ အခက်အခဲတွေကို အောင်မြင်သူတွေက

ရင်ဆိုင်ချင်စိတ်ရှိကြပါတယ်။ အောင်မြင်မှုရဲ့ အဓိကရန်သူနှစ်ဦးကတော့

စိုးရိမ်စိတ်နဲ့ သံသယပဲဖြစ်ပါတယ်။ တစ်ခုခုကို ထပ်ခါတလဲလဲလုပ်ဆောင်မယ်ဆိုရင်

အလေ့အကျင့်ဖြစ်လာပါတယ်။ သင် လုပ်ဆောင်ရမှာ

စိုးရိမ်ကြောက်လန့်နေတဲ့အရာတွေကို လုပ်ဆောင်နိုင်မယ့် အလေ့အကျင့်ကို

ပျိုးထောင်ပါ။ သင်ကြောက်တဲ့အရာတွေကို လုပ်ဆောင်မယ်ဆိုရင် စိုးရိမ်စိတ်ဆိုတာ

လွင့်ပါးပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်

စိုးရိမ်ကြောက်လန့်မှုတွေကို ရင်ဆိုင်ပါ။ စိုးရိမ်စိတ်တွေကို

ရင်ဆိုင်နိုင်စွမ်းဟာ အောင်မြင်သူတွေရဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။

ရည်မှန်းချက်မြင့်မားပြီး ထိပ်ဆုံးအောင်မြင်မှုကို ရရှိချင်တယ်ဆိုရင်

စိုးရိမ်စိတ်ကို ရင်ဆိုင်ပြီး မ၀ံ့မရဲဖြစ်နေတာတွေကို လုပ်ဆောင်ပါ။

၃။ သူတို့က ဆုံးဖြတ်ချက်ခိုင်မာကြတယ်။

ဘယ်လိုနယ်ပယ်မျိုးမှာပဲဖြစ်ဖြစ်

ထိပ်ဆုံးအောင်မြင်မှုကို ရရှိထားသူတွေဟာ ဆုံးဖြတ်ချက်ခိုင်မာသူတွေ

ဖြစ်ကြပါတယ်။ သူတို့ကိုယ် သူတို့ယုံကြည်မှုရှံရုံသာမက သူတို့ရဲ့လုပ်ငန်း၊

သူတို့ရဲ့ထုတ်ကုန်နဲ့ ၀န်ဆောင်မှု၊ သူတို့ရဲ့စားသုံးသူတွေအပေါ်မှာပါ

ယုံကြည်မှုအပြည့်ရှိကြပါတယ်။ အလေးအနက်ယုံကြည်မှုနဲ့

လက်တွေ့အဖြစ်အပျက်တို့အကြား တိုက်ရိုက်ဆက်သွယ်မှုကို သိရှိနားလည်ထားကြသူတွေ

ဖြစ်ပါတယ်။ ဘာကိုပဲလုပ်လုပ် မှန်ကန်မှုနဲ့ ကောင်းမွန်မှုကို

အပြည့်အ၀ယုံကြည်ထားမယ်ဆိုရင် အောင်မြင်မှုတွေကို ရယူနိုင်လာမှာဖြစ်ပါတယ်။

ဘ၀မှာအောင်မြင်နေသူတွေ အားလုံးဟာ သူတို့လုပ်နေတဲ့အရာပေါ်မှာ

စိတ်အားထက်သန်မှုအပြည့်ရှိပြီး အခိုင်မာဆုံး

ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

၄။ သူတို့က ကြိုတင်ပြင်ဆင်ထားတတ်ကြတယ်။

အောင်မြင်သူတွေက

အရာရာကိုကြိုတင်ပြင်ဆင်ထားလေ့ ရှိပါတယ်။ သာမန်လူတွေ

မလုပ်ချင်တဲ့ကိစ္စတွေကို သူတို့က လုပ်ဆောင်လေ့ရှိပါတယ်။ သာမန်လူတွေ

မစွန့်လွှတ်နိုင်တာတွေကို သူတို့ကစွန့်လွှတ်နိုင်ကြပါတယ်။ ဒီလို

ကွဲပြားခြားနားချက်ကပဲ သာမန်ထက်ပိုတဲ့ ထူးခြားမှုတွေကိုဖြစ်စေနိုင်တာပါ။

အစည်းအေ၀းတစ်ခုကို မတက်ခင်မှာ ကြိုတင်ပြင်ဆင်ပါ။

ဟောပြောပို့ချချက်တစ်ခုမလုပ်ခင်မှာ ပြောဆိုရမယ့်အချက်အလက်တွေကို

ကြိုတင်စုဆောင်းပြီး လေ့ကျင့်ပြင်ဆင်ထားပါ။ ဘယ်လိုအရေးကိစ္စမျိုးမဆို

တကယ်မလုပ်ရသေးခင်မှာ အသေးစိတ်ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

စေ့စပ်သေချာစွာပြင်ဆင်ထညးတာထက် ပိုကောင်းတဲ့ရလဒ်တွေကို

ဖန်တီးပေးနိုင်တဲ့အရာ မရှိပါဘူး။

၅။ သူတို့ဟာ စဉ်ဆက်မပြတ်လေ့လာသင်ယူနေတတ်ကြတယ်။

အောင်မြင်များစွာရရှိထားသူတွေဟာ

ရပ်တန့်နေတတ်ကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အချိန်ရတာနဲ့ စာတွေဖတ်၊

CDတွေနားထောင်ပြီး လိုအပ်တဲ့သင်ယူမှုတွေကို လုပ်ဆောင်နေကြသူတွေ ဖြစ်ပါတယ်။

စဉ်ဆက်မပြတ်လေ့လာသင်ယူနေကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်ရတာနဲ့

စာဖတ်ပါ။ ဟောပြောပို့ချမှု CD တွေနားထောင်ပါ။

၆။ သူတို့က တာ၀န်သိတတ်ကြတယ်။

ကျွန်တော်တို့ရဲ့လူမှု၀န်းကျင်ထဲက

အောင်မြင်သူတွေမှာ ကိုယ့်တာ၀န်ကိုယ်သိတဲ့ စိတ်နေသဘောထားရှိကြပါတယ်။

ဒီအချက်က အရေးကြီးပါတယ်။ တကယ်တော့ ကျွန်တော်တို့အားလုံးဟာ

ကိုယ်တာ၀န်ကိုယ်ယူကြာရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ်

အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ အခြားတစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးနေတယ်လို့

ခံယူထားရင် မှားနေပြီလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်ရှင်တွေ၊

အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းလဲသွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့

ကိုယ်တိုင်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့

အသက်မွေး၀မ်းကျောင်းအလုပ်အတွက်၊ သင့်ဘ၀အတွက်၊ သင့်ရဲ့ ငွေကြေးအတွက်၊

သင့်မိသားစု၊ ခန္ဓာကိုယ်၊ ကျန်းမာရေးတို့အတွက် သင်ကိုယ်တိုင်မှာပဲ

တာ၀န်ရှိပါတယ်။ အခြား ဘယ်သူတစ်ဦးတစ်ယောက်ကမှ သင့်အတွက် တာ၀န်ယူပေးမှာ

မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်တာ၀န်ကိုယ်ယူနိုင်သူ ဖြစ်အောင်ကြိုးစားပါ။

အောင်မြင်သူတို့၏ အရည်အသွေး (၆) ခု

ဘ၀မှာ

အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင်ပါသလား။ လက်ရှိအောင်မြင်သူတို့ရဲ့

ဖိုးသူတော် (www.phothutaw.com)

Credit: Gentleman Magazine

Latest Comments

Leave a Comment

Related News