Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိမ်ဦးနတ် ဟုခေါ်ထိုက်သူသည်

Image



မိမိ၏ ဇနီးသည်ထက် အဆပေါင်းများစွာချောမောလှပသူကို မြင်တွေ့နေပါစေ။Sexy တွေ ကျနေစမ်းပါစေ။ အီစီကလီတွေ လာထုနေပါစေ။ဘယ်လိုပင် ဟန်ရေးလာပြနေပါစေဦးတော့။ကိုယ့်ဇနီးသည်ကလွဲရင် ကျန်တဲ့ မိန်းခလေးများကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တတ်ပါ။

မိမိ၏ ဇနီးသည်ကိုသာ ဂရုစိုက် ကြင်နာလေ့ရှိတတ်ကြပီးအခြားသော မိန်းခလေးများနှင့် ခပ်ခွာခွာ ခပ်တန်းတန်းသာ နေလေ့ရှိကြပါတယ်။စကားပြောဆိုဆက်ဆံရာမှာလည်း လိုအပ်သည်ထက်ရောရောနှောနှော ပြောဆိုဆက်ဆံခြင်း၊ဟိုပုတ် ဒီပုတ် အသားယူခြင်းမျိုး မရှိကြပါဘူး။

မိမိရဲ့ ချွေးစက်တွေနဲ့ မိသားစုရဲ့စားဝတ်နေရေး အတွက် ဖန်တီးပေးရသော်ငြားငြိုငြင်ခြင်း မရှိ။ ငြူစူခြင်း မရှိ။ စောင်းမြောင်းခြင်းမရှိ။စေတနာ စွမ်းအားကြောင့် ပီတိတွေ ဖြာနေတတ်ကြတယ်။

ကိုယ့် ဇနီးသည်ကို မျက်ရည်ကျအောင်ရင်ထဲ နှလုံးသားထဲ နာကျင်သွားအောင်ဘယ်သောခါမှ ပြောလေ့ မရှိ။ လုပ်လေ့မရှိပါ။

အိမ်ထောင်သက် ကြာလာသော်ငြားကြင်နာ နွေးထွေးသော အရိပ်အယောင်များသက်ဆုံးတိုင် ပျောက်ကွယ် မသွားတတ်။

ဇနီးသည်ရဲ့ အကြိုက်ကို သိတယ်။ဇနီးသည်ရဲ့ အကြည့်ကို သိတယ်။

ဇနီးသည်ရဲ့အမှားကို ဒေါသနှင့် မပြုပြင်။မေတ္တာနဲ့သာ ပြုပြင်ပေးလေ့ရှိပါတယ်။

ဇနီးသည်ရဲ့ ကွယ်ရာရောက်နေပါစေ။သစ္စာတရားကို နှလုံးသားထဲ ထည့်ထားတတ်ကြတယ်။

ဇနီးသည် နာမကျန်းဖြစ်တဲ့အခါသနားကြင်နာစွာနဲ့ ယုယုယယ ပြုစုပေးတတ်ကြတယ်။

Messenger မှ အခြားသော မိန်းခလေးတွေ စာလာ Chat ရင်ပြန် မ Chat ပဲ ကိုယ့် ဇနီးကို လာပြကြတယ်။

ဘယ်ဖုန်းလာလာ Speaker ဖွင့်ပြောရဲတယ်။ဖုန်း Password ကိုလည်း ပြောပြထားတယ်။

မိမိ မိသားစု ပျော်ရွှင်ငြိမ်းချမ်းမှု့ကိုသာ အရေးပေးလေ့ရှိတတ်ပီးပြင်ပတွင် အပျော်ရှာခြင်းမျိုးကို နှစ်သက်လေ့မရှိ။

အနာဂတ် ရည်မှန်းချက်ထဲမှာ မိသားစု ကမ႓ာလေး သာယာလှပ အေးချမ်းနေဖို့သာ အဓိက ထားပါတယ်။

မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမအောက်မှာ နေထိုင်လေ့ရှိပီး မိသားစုကိုပါ လက်တွဲခေါ်သူဖြစ်တယ်။

သို့မှသာ—

အိမ်ဦးနတ် အစစ်ဖြစ်တယ်။ အိမ်ဦးနတ် နာမည်ခံထိုက်တယ်။အိမ်ဦးနတ်လို့ ခေါ်ထိုက်တယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:May Htut Khaung

#

Latest Comments

Leave a Comment

Related News