Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိမ်တစ်အိမ်မှာ လာဘ်ပွင့် အိမ်အေးအောင် ဒါတွေ လုပ်ပါ

Image



(1) ဘုရားပန်း နှင့် သောက်တော်ရေ ဆွမ်း ဆီမီး အမြဲကပ်ပါ။ ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်းကပ်ပါ။

(2)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီတင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပါ

(3)အလွန် ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ပါ။ ည 12နာရီနောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။

(4)အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။

(5)အိမ်ကို တံမြက်စည်းလှည်းလျင် နံနက်လှည်းလျင် အိမ်ရှေ့မှ အိမ်နောက်သို့လှည်းပါ။ ညနေနှင့်ညဘက် လှည်းလျင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။

(6) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ ဝယ်ပါ။

(7) အိမ်ရှိ လှေကားများ ကျိူးပျက်နေသည်ကို ပြုပြင်ပါ။ လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်

ဖိုးသူတော် (www.phothutaw.com)

Credit:  ဗေဒင်မေးကြမယ်page

Latest Comments

Leave a Comment

Related News