Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိပ်ရေးပျက်သည့် ဒဏ်မှသက်သာစေရန်

Image



အသားအရေညှိုးနွမ်းခြင်းမှ သက်သာ စေ ရန်

- Facial scrub အမျိုးအစား မျက်နှာ သစ်ဆေးရည်ဖြင့် အရေပြား အပေါ် ယံ အလွှာကို ဆေးကြောသန့် စင်ပါ။

- မျက်ကွင်းညိုခြင်းအတွက် eye cream လိမ်းပါ။

ထိုင်းမှိုင်းခြင်းမှ သက်သာစေရန်

- သွေးပူလေ့ကျင့်ခန်းအပျော့စား လုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုကြောင့် အဒရီနယ်လင်ဟော်မုန်းမြင့်တက် လာပြီး နိုးကြားလာစေသည်။

- အပြာရောင်သည်အိပ်ချင်စိတ်ဖြစ် ပေါ်စေသည့်မယ်လတိုနင်ဟော်မုန်း ကိုလျော့ ကျစေသောကြောင့် ကောင်း ကင်ပြာကိုဖြစ်စေ၊ အပြာရောင်များ သည့် ပတ်ဝန်းကျင်တွင်ဖြစ်စေ နေ ထိုင်ပါ။

- အစားအစာကို နည်းနည်းစီခဏခ ဏစားပါ။

- မြူးကြွသည့် တေးဂီတများနား ဆင်ပါ။

အာရုံစူးစိုက်မှုအားကောင်းစေရန်

- အာရုံစူးစိုက်မှုလိုအပ်သော အရေး ကြီးကိစ္စများ လုပ်စရာရှိပါက ဦး နှောက်ကို ခေတ္တအနားပေးပြီးမှသာ လုပ်နိုင်ပါသည်။

- နေ့ခင်းထမင်းစားနားချိန်၌ အေး အေးလူလူနားနေနိုင်သည့် နေရာရှာ ဖွေပါ။ ကော်ဖီပြင်းပြင်းတစ်ခွက် ဖျော်သောက်ပါ။ နာရီကို ၁၅ မိနစ် alarm ပေးထား၍ ခေတ္တမှေး စက်ပါ။

- ကော်ဖီဖြစ်စေ၊ နိုးကြားစေသည့် အချိုရည်ဖြစ်စေ အာနိသင်စပြရန် မိနစ် (၂၀) ခန့်အချိန်ယူရလေ့ရှိသည်။ လူတစ်ဦးနှစ်ခြိုက်စွာ အိပ်မောကျရန် (၁၅)မိနစ်ခန့်အချိန်ယူရလေ့ရှိသည် ။

- ထို့ကြောင့် ကော်ဖီသောက်ပြီး ခေတ္တမှေးစက်ရန် (၁၅) မိနစ်သာ alarm ပေးထားသင့်ပါသည်။ ၄င်းထက်ပိုအိပ်မိပါက နှစ်ခြိုက်စွာအိပ်ပျော်သည့်အဆင့်သို့ရောက်ရှိ ပြီးနာရီပေါင်းများစွာကြာမှ နိုးလာပါ လိမ့်မည်။

ဖိုးသူတော် (www.phothutaw.com)

Credit:Health Updates Journal

#

Tags:
  • ,

Latest Comments

Leave a Comment