Most Popular

မူလဆိုက်တွင်ဖတ်ရန် >>>

အိပ်ရာဝင်ခါနီးပြုလုပ်ခြင်းဖြင့် ဝိတ်ကျစေနိုင်တဲ့နည်းလမ်းများ

Image



၁။ နေ့ခင်းဘက်မှာ အစာကို နည်းနည်းနဲ့မကြာခဏစားပါ။

နည်းနည်းနဲ့မကြာခဏစားပေးခြင်းက metabolism ဓာတ်ကို မြင့်တင်ပေးပြီး အာဟာရ ပြည့်ဝ စေပါတယ်။

အမြဲဗိုက်ပြည့်နေတာကြောင့် သရေစာစားလိုစိတ်ကိုလည်း လျော့ကျစေပါတယ်။ ည ရောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အဆီတွေကိုလည်း ဆက်လက်လောင်ကျွမ်းနေစေပါတယ်။

၂။ လက်ဖက်ရည်ကြမ်းတစ်ခွက်သောက်ပါ။

လက်ဖက်ရည်ကြမ်းမှာ သက်တောင့်သက်သာဖြစ်စေတဲ့ဓာတ်တွေပါဝင်တာကြောင့် အိပ်ရာ မဝင်ခင်သောက်ပေးခြင်းက နာ့ဗ်ကြောတွေကို ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ကြွက်သားတဝိုက်က အဆီတွေကို လျှော့ချပေးပြီး မြန်မြန်လည်း အိပ်မောကျစေပါတယ်။

၃။ ညစာကို အနည်းဆုံးစားပါ။

ညစာကို နည်းနည်းပဲစားခြင်းက အဆီတွေကို လောင်ကျွမ်းစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

၄။ အေးတဲ့အခန်းထဲမှာ အိပ်ပါ။

လေ့လာတွေ့ရှိမှုတွေအရ အဲကွန်းခန်းထဲမှာ၊ ဒါမှမဟုတ် အအေးဓာတ်ကဲတဲ့အိပ်ခန်းထဲမှာ အိပ်တာက အိပ်ပျော်နေစဉ်အတွင်း ဝမ်းဗိုက်ကအဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ခန္ဓာ ကိုယ်အတွက် လိုအပ်တဲ့အဆီတွေကို တိုးမြှင့်ပေးပါတယ်။

၅။ ရေနွေးနဲ့ရေချိုးပါ။

ရေခပ်နွေးနွေးနဲ့ရေချိုးပေးခြင်းက ခန္ဓာကိုယ်ရဲ့ metabolism ဓာတ်ကို မြင့်တင်ပေးပြီး အာရုံခံ စားမှုတွေကို ကောင်းမွန်စေပါတယ်။ လျင်မြန်စွာလည်း အိပ်မောကျစေပါတယ်။

၆။ အသက်ဝဝရှူပါ။

ပါးစပ်နဲ့အသက်မရှူဘဲ နှာခေါင်းနဲ့ဘဲ ခပ်ပြင်းပြင်းအသက်ရှူပါ။ ဒီနည်းလမ်းက ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေပြီး အောက်ဆီဂျင်ပိုရစေပါတယ်။ ခန္ဓာကိုယ်ကိုကျန်းမာရေးနဲ့ ညီညွှတ်စွာ ဝိတ်ကျစေပါတယ်။

၇။ ပူစီနံစားပါ။

လေ့လာတွေ့ရှိမှုတွေအရ ပူစီနံကို နှစ်နာရီခြားတစ်ခါ ရှူမယ်ဆိုရင် တစ်လအတွင်း ၂ ကီလို ဂရမ်ကျဆင်းနိုင်ပါတယ်။ မအိပ်ခင်မှာ ရေနွေးပူထဲကို ပူစီနံတချို့ထည့်ပြီးသောက်တာက ဝိတ်ကျပြီး အဆီကင်းတဲ့ခန္ဓာကိုယ်ကို ပို်င်ဆိုင်နိုင်စေပါတယ်။

၈။ ဖုန်းပိတ်ပြီး အဝေးမှာထားပါ။

အီလက်ထရောနစ်ပစ္စည်းတွေက အိပ်စက်ခြင်းက ဟန့်တားထားပါတယ်။ လေ့လာတွေ့ရှိ ချက်တွေအရ အိပ်ခန်းထဲမှာ အီလက်ထရောနစ်ပစ္စည်းတွေထားတဲ့သူတွေဟာ အဆီပိိုတက်ပါတယ်။

၉။ မလိုင်မပါတဲ့ ဒိန်ခဲကိုစားပါ။

အိပ်ရာဝင်ခါနီးအစားမစားတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ မလိုင်ထုတ် ထားတဲ့ဒိန်ခဲ(Cottage Cheese)တော့မပါပါဘူး။

အဲ့ဒီဒိန်ခဲက ပရိုတင်းဓာတ်ကြွယ်ဝရုံသာမက အမိုင် နိုအက်ဆစ်ကလည်း မနက်အိပ်ရာထချိန်အထိ ဗိုက်ပြည့်နေသလိုခံစားရတာကြောင့် အစာစားချင် စိတ်ကို လျော့နည်းစေပါတယ်။

သင့်အတွက် အသုံးတည့်တယ်ဆိုရင် သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)

Credit:  ဂန္တ၀င်

Tags:
  • ,

Latest Comments

Leave a Comment